ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှုဖြစ်၊ ထိုင်းနိုင်ငံသားများ ကမ္ဘောဒီးယားမှ အမြန်ထွက်ခွာရန် ထိုင်းသံရုံးသတိပေး

ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ အနည်းဆုံး (၆) နေရာတွင် နှစ်နိုင်ငံစစ်တပ်အကြား လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေပြီး နယ်စပ်ဂိတ်များကို ပိတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ (ဇူလိုင်လ ၂၄ ရက်) နံနက် ၇ နာရီကျော်တွင် နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှု ဖြစ်ပွားနေသည့် Ta Muen Thom ဘေးမဲ့တောအရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာရှိ ထိုင်းတပ်စခန်းကို ကမ္ဘောဒီးယားဘက် စတင်ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားနေကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းရှိ အနည်းဆုံး ၅ နေရာသို့ ကမ္ဘောဒီးယားဘက်မှ BM21 အတွဲလိုက် ဒုံးလက်နက်များ အသုံးပြု၍ နယ်စပ်မှတဆင့် ပစ်ခတ်ခဲ့ရာ ပန့်ဆီဆိုင်နှင့် လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲ ခဲ့ခြင်းကြောင့် Sisaket ခရိုင်တွင် ကနဦး ၈ ဦးသေဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထိုင်းတာဝန်ရှိသူများက အတည်ပြုသည်။

အလားတူ နှစ်ဘက်တိုက်ပွဲအတွင်း ထိုင်းစစ်တပ်မှ F-16 တိုက်လေယာဉ် (၆) စင်းအထိ တပ်ဖြန့်ထားပြီး နံနက် ၁၁ နာရီအချိန်တွင် ကမ္ဘောဒီးယား စစ်ရေးပစ်မှတ် ၂ နေရာသို့ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော် အမှတ်(၂) စစ်ဒေသမှ ထုတ်ပြန်သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှုဖြစ် အရပ်သားထိခိုက်သေဆုံး

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်အခြေစိုက် ထိုင်းသံရုံးမှလည်း ထိုင်းနိုင်ငံသားများ ကမ္ဘောဒီးယားနိုင်ငံမှ အမြန်ထွက်ခွာရန် သတိပေးထားပြီး ၎င်းတို့၏ သံရုံးဝန်ထမ်းများကို ရုတ်သိမ်းလိုက်ကြောင်း ထိုင်းသတင်းများတွင် ရေးသားသည်။

အခြားတစ်ဘက်တွင် ဘန်ကောက်မြို့၌ တာဝန်ထမ်းဆောင်နေသည့် ကမ္ဘောဒီးယား သံရုံးဝန်ထမ်းအားလုံးကို ပြန်သွားရန် ထိုင်းဘက်မှ ညွှန်ကြားထားပြီး ထိုင်းနှင့် သံတမန်ဆက်ဆံရေးကို အနိမ့်ဆုံးအဆင့် လျော့ချမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဘက်မှ ကြေညာသည်။

လက်ရှိတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်ရေးပဋိပက္ခမှာ အရှိန်မြင့်တက်လာခြင်းကြောင့် နယ်စပ်ဒေသတွင် နေထိုင်ကြသော ထိုင်းပြည်သူများကို ထိုင်းအစိုးရနှင့် စစ်တပ်တာဝန်ရှိသူများက ဘေးလွတ်ကင်းရာ ရွှေ့ပြောင်းပေးနေပြီး ထိုင်းစစ်သားများ၏ လှုပ်ရှားမှုများကို လူမှုကွန်ယက်ပေါ် မျှဝေခြင်းများ မပြုလုပ်ရန်လည်း သတိပေးထားသည်။

Photo Credit:

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...