ကျောက်မဲ၊ သီပေါဒေသခံ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်

သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့မှ ဒေသခံများသည် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်စိုးရိမ်မှုကြောင့် ဘေးလွတ်ကင်းရာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁၀) ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ကျောက်မဲနှင့် သီပေါမြို့ပေါ် ရပ်ကွက်နေ ပြည်သူများမှာ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အနီးဆုံးရှိ နမ့်လန်မြို့သို့လည်းကောင်း၊ သီပေါတံတားကြီး တစ်ဘက်ကမ်းရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဆွတ်လန်း၊ ကုန်းသာ စသည့် ကျေးရွာများဘက်သို့လည်းကောင်း သွားရောက်ခိုလှုံနေရပြီး အကူအညီများ လိုအပ်ကြသည်ဟု ဒေသခံများက ပြောသည်။

“ဗုံးကြဲခံရတော့ မြို့ခံတွေက ကိုယ့်အိမ်ကိုယ် မနေရဲကြတော့ဘူး၊ ထွက်ပြေးကြတာ အများကြီး။ ကိုးကန့်ဘက်ကို ထွက်တဲ့ သီပေါတံတားကြီး ထိပ်မှာလည်း TNLA တွေ အရမ်းစစ်တယ်။ အခုကျတော့ တစ်နေရာထဲ စုနေတာမျိုး မရှိတော့ဘူး၊ တာဝန်ယူပြီး ကူညီပေးတာလည်း မရှိဘူး။ ငတ်တဲ့လူလည်းငတ် အားလုံးခက်ခဲနေကြတာ”ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စုတွင်လည်း ကျောက်မဲ၊ သီပေါဘက်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ နီးပါး ရောက်ရှိနေပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“သီပေါ၊ ကျောက်မဲကတော့ တော်တော်လေး ငြိမ်နေတယ်၊ လေယာဉ်က ဖြတ်သွားဖြတ်လာ လုပ်နေတုန်းပဲ။ အရောင်းအဝယ်လည်း အခြေအနေ မကောင်းဘူး၊ ဈေးရောင်းပဲရှိပြီး ဈေးဝယ်မရှိဘူး။ သီပေါဆေးရုံလည်း ဗုံးကြဲခံရတော့ တစ်ခုခု ဖျားနာရင် ဆေးကုဖို့ မရှိဘူး”ဟု သီပေါမြို့မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင်လည်း မြို့ပေါ်ရပ်ကွက်နေ ပြည်သူအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများမှာ လေကြောင်းအန္တရာယ်စိုးရိမ်မှုနှင့် အလုပ်သမား အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“အခုက သီးနှံပေါင်းလိုက်ရမယ့် အချိန်ဆိုတော့ တောင်သူအနေနဲ့ဆို ဆုံးရှုံးမှုက ၇၀ ရာခိုင်နှုန်းလောက် ရှိမယ်။ တကယ်လို့ တိုက်ပွဲသာ ကျောက်မဲကို မြန်မြန်ရောက်လာရင် ဆုံးရှုံးတာ များလိမ့်မယ်။ ကြက်မွေး ဝက်မွေးတဲ့လူတွေဆိုလည်း မရှောင်နိုင်ဘူး၊ အခု ကြက်စာ ဝက်စာ အကုန်ပြတ်နေပြီ။ ကုန်ထပ်ရောက်မယ်ဆိုရင်တောင် ဈေးက နှစ်ဆ သေချာတယ်”ဟု ကျောက်မဲမြို့မှ မွေးမြူရေးလုပ်ကိုင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ် ရပ်ကွက်နေပြည်သူများမှာ နောင်ပိန်၊ ပုံဝိုး၊ ဟဲကွီ စသည့် ကျေးရွာများဘက်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေပြီး နောင်ချိုမြို့ဘက်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်လည်း နောင်ပိန်တိုက်နယ်အတွင်း ဆက်လက်ခိုလှုံလျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၄) ရက်မှ ယနေ့ (ဇူလိုင်လ ၂၂ ရက်) အထိ တစ်လနီးပါးအတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင် (၇) ကြိမ်၊ မိုင်းငေါ့မြို့အနီးတွင် (၁) ကြိမ်၊ သီပေါမြို့တွင် (၄) ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား (၁၃) ဦးထက်မနည်း သေဆုံး၍ (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပြီးနောက် မကြာမီအချိန်တွင် နောင်ချိုစစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းများ ချီတက်လာပြီး ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...