CATEGORY

လူ့အခွင့်အရေး

သျှမ်းပြည်တွင် ပါတီတချို့ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တချို့ ဆိုင်းဘုတ်များ သျှမ်းပြည်အတွင်း မြို့နယ်တချို့တွင်ဖျက်ဆီးခံနေရကြောင်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းက မိုင်းကိုင်မြို့နယ် အတွင်း တအာင်းအမျိုးသားပါတီ TNP ဆိုင်းဘုတ် (၃)နေရာ နှင့် သီပေါမြို့ တွင်...

သီပေါ-နမ့်လန် လမ်းဘေးတွင်အမျိုးသားတဦး အလောင်းတွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သီပေါ-နမ့်လန် ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား တဦး အလောင်း တွေ့ရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ သီပေါမြို့နယ် နမ့်ပုံ့ပ ကျေးရွာအကျော် သီပေါ-နမ့်လန် ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသားကို မည်သည့် အဖွဲ့အစည်းမှ လာရောက်ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ လက်ရှိမှာ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ပြန်ထောင်

ကနေ့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ နေ့စဉ်ရာနှင့်ချီတိုးလာနေသည်ဖြစ်ရာ လူထု ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက်ရည်ရွယ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က ၄င်းထိန်းချုပ်လှုပ်ရှားရာနယ်မြေများအတွင်း ဂိတ်ပြန်ထောင်ကာ အ၀င်အထွက်သွားလာနေသူများအား စစ်ဆေးမှုပြုနေကြောင်းသိရသည်။  စက်တင်ဘာလဆန်းကတည်းကစပြီး RCSS/SSA ထိန်းချုပ်လှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း ၊မြောက်ပိုင်း၊အရှေ့ပိုင်းအတွင်း မြို့နယ်များတွင် ကိုဗစ် ၁၉ကာကွယ်ရေးအတွက်ဒေသခံလူထုအား ကျန်းမာရေးစစ်ဆေးပေးမှုစခန်းများ ပြန်လည်ထားရှိလာခြင်းဖြစ်ကြောင်း RCSS/SSA...

ရခိုင်ပြည်အတွင်း ပဋိပက္ခနှင့် ပတ်သက်ပြီး သျှမ်းမြောက်တွင်ကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့တွင် ယနေ့(စက်တင်ဘာ ၉ )ရက် မနက်ပိုင်း က ရခိုင်ပြည်အတွင်းဖြစ်ပွါးသော ပဋိပက္ခနှင့်ပတ်သက်ပြီး ကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်ကြကြောင်း စုံစမ်းသိရသည်။ လားရှိုး တက္ကသိုလ် မျက်နှာစာ နှင့် သီပေါမြို့ အဝင် ဆိုင်းဘုတ်တွင် ကန့်ကွက်သည့် လှုပ်ရှား မှု...

ဆီဆိုင် တပ်သိမ်းမြေကိစ္စ လက်ရှိ အချိန်ထိ ပြေလည်မှု မရရှိသေး

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့်မြေယာကိစ္စ လက်ရှိ အချိန်ထိ ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရသည်။ တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့် မြေယာ သိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစားထိုးမြေများ ပြန်လည် ပေးမည့်ကိစ္စ ပြေလည်မှု မရရှိခဲ့ကြောင်း သိမ်းဆည်းခံရသည့် တောင်သူများက ပြောကြားလိုက်သည်။ စက်တင်ဘာ...

သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ

သျှမ်းပြည်မြောက်ပိုင်း တွင် ၂ ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရပြီး၊ အမျိုးသားတဦး သေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် ည ၇နာရီ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၇)၊နယ်မြေ (၅)တွင် နေထိုင်သည့် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်လာရောက်ပစ်သွားပြီး၊...

မိုင်းရယ်တွင် လမ်းသွားလမ်းလာ လူထုထံ ရဲတပ်ဖွဲ့ဝင်များစစ်ဆေး ငွေကောက်ခံ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့သည် လမ်းသွားလမ်းလာလူထုအား တားဆီးစစ်ဆေးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။ မိုင်းရယ်မြို့နယ် အမှတ်(၃) ရပ်ကွက် မြို့အထွက် ပြည်ထောင်စု လမ်းမကြီး ( မိုင်းရယ် - ကျေးသီး လမ်း) ပေါ်တွင် ယာယီဂိတ်တစ်ခု...

လားရှိုးမြို့နယ်တွင် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ၂၀၀ကျော် တိမ်းရှောင်နေရ

စိုင်းဆိုင်လှိုင်း လားရှိုးမြို့နယ် နောင့်ဖော့ကျေးရွာ အုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က လူသစ်စုဆောင်းမှု သတင်းကြောင့် ဒေသခံ၂၀၀ ကျော် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁ရက်) ၌ လားရှိုးမြို့နယ် အတွင်းရှိ နောင့်ဖော့ကျေးရွာအုပ်စု ပန်ခန်ကျေးရွာနှင့် နမ့်မော်စော့...

မဲပေးသည့်နေရာတွင် မသန်စွမ်းသူများ အတွက်ထည့်သွင်း ဆောင်ရွန်ပေးဖို့ လိုအပ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးမည့်နေရာများကို မသန်စွမ်းသူများအတွက် ထည့်သွင်း စဉ်းစားပေးပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မသန်စွမ်းသူများ၏ အသင်းဥက္ကဋ္ဌ ကပြောသည်။ မသန်စွမ်းသူများအနေဖြင့်လည်း အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စိစစ်ရေးကဒ်ရှိလျှင် မဲပေးပိုင်ခွင့်ရှိသည်။ “ကိုယ်အင်္ဂါ မသန်စွမ်းသူ အတွက်ဆိုရင်လည်း ခု Wheel Chair...

တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

စိုင်းဆိုင်လှိုင်း မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် အသက် ၁၉ နှစ် အရွယ် အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ သြဂုတ် ၃၁ ရက် ည ၇ နာရီ ကျော် တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ၊ ပုံလို့လမ်းတွင် နေထိုင်သည့်...

Latest news