Wednesday, January 28, 2026

လားရှိုးမြို့နယ်တွင် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ၂၀၀ကျော် တိမ်းရှောင်နေရ

စိုင်းဆိုင်လှိုင်း

လားရှိုးမြို့နယ် နောင့်ဖော့ကျေးရွာ အုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က လူသစ်စုဆောင်းမှု သတင်းကြောင့် ဒေသခံ၂၀၀ ကျော် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁ရက်) ၌ လားရှိုးမြို့နယ် အတွင်းရှိ နောင့်ဖော့ကျေးရွာအုပ်စု ပန်ခန်ကျေးရွာနှင့် နမ့်မော်စော့ ကျေးရွာ ဒေသခံ စုစုပေါင်း (၂၁၈) ဦး တို့သည် လက်နက်ကိုင် အဖွဲ့တဖွဲ့မှ လူသစ် စုဆောင်းမည်ဆိုသည့် သတင်းကြောင့် လားရှိုးမြို့ပေါ်မန်ဆူ သျှမ်းဘုန်းကြီးကျောင်း သို့ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

“ရှောင်လာတဲ့ ကျေးရွာတွေမှာတော့ တိုက်ပွဲဖြစ်တယ်လို့တော့ မကြားရဘူး။ တိုက်ပွဲဖြစ်တာကြားရတာကတော့ နဲနဲချောင် ကျတဲ့နေရာမှာဘဲ ကြားရတယ်။ မိုင်းယော် မိုင်းကျက် တို့ဖက်ဘဲကြားရတယ်”ဟု လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

https://www.facebook.com/photo?fbid=1042192856200615&set=pcb.1042193282867239

ထိုလူသစ်စုဆောင်းမှုနှင့်ပတ်သက်ပြီး ပြည်သူလူထုက တိုက်ရိုက်လာရောက်တိုင်ကြားခြင်းမရှိသေးသည့်အတွက် အတည်မပြုနိုင်သေးကြောင်း၊ လူထုတချို့ကလည်း ကြောက်လှန့်ပြီး ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

အဆိုပါတိမ်းရှောင်လာသည့် ပြည်သူများကို အမြန်ဆုံးတွေ့ဆုံပြီး ၄င်းတို့၏လိုအပ်ချက်များကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားနေကြောင်း စိုင်းဝမ်းလျန်းခမ်း က ထပ်လောင်းပြောသည်။

အဆိုပါ လူသစ်စုဆောင်းမှုကို မည်သည့် လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်နေသည် ကို ထွက်ပြေးလာသည့်သူများက ထုတ်ဖော်မပြောရဲပေ။

“ ဘယ်အဖွဲ့ က လူသစ်စုဆောင်းနေတယ်ဆိုတာ ပြောလို့မရဘူး” ဟု လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ထွက်ပြေးလာသူများကို ကူညီပေးနေသည့် အမျိုးသားက ပြောပြသည်။


အဆိုပါ တိမ်းရှောင်လာသည့် ပြည်သူများကို မန်ဆူဘုန်းကျောင်းဆရာတော် ဘဒ္ဒန္ဒ ပညာနန္ဒ ဂရုဏာဖောင်ဒေးရှင်းနှင့် လူမူရေးအဖွဲ့စည်းများမှ စားဝတ်နေရေးအတွက်လာရောက် ကူညီထားကြောင်းသိရသည်။

“သူတို့က စစ်သားကောက်လို့ ထွက်ပြေးလာတယ်ပြောတယ်။ စားဝတ်နေရေး အတွက်တော့ ဘာအခက်ခဲမှတော့ မရှိပါဘူး” ထွက်ပြေးလာသူများကို ကူညီပေးနေသည့် လားရှိုးမြို့ဒေသခံအမျိုးသားတဦး က ပြောသည်။

လက်ရှိ အခြေအနေအရ ထွက်ပြေးလာသည့် ကျေးရွာ ၂ ရွာတွင် နယ်မြေ အခြေအနေ လုံခြုံမှု မရှိသေးသဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက် ခိုလှုံနေကြောင်း သိရသည်။

နောင့်ဖော့ ကျေးရွာအုပ်စု ပန်ခန်ကျေးရွာသည် လားရှိုးမြို့၏ အနောက်ဘက် ၁၆ မိုင်ခန့် အကွာ ရှန်ခိုက်လမ်းခွဲအနီးတွင် တည်ရှိသောကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် ( TNLA)၊ ဌာနေပြည်သူ့စစ် နှင့် အစိုးရ တပ်မတော်တို့လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်...