Wednesday, January 28, 2026

ဆီဆိုင် တပ်သိမ်းမြေကိစ္စ လက်ရှိ အချိန်ထိ ပြေလည်မှု မရရှိသေး

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့်မြေယာကိစ္စ လက်ရှိ အချိန်ထိ ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရသည်။

Photo by Mg Mg /Facebook

တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့် မြေယာ သိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစားထိုးမြေများ ပြန်လည် ပေးမည့်ကိစ္စ ပြေလည်မှု မရရှိခဲ့ကြောင်း သိမ်းဆည်းခံရသည့် တောင်သူများက ပြောကြားလိုက်သည်။

စက်တင်ဘာ ၇ ရက်က ဆီဆိုင်မြို့နယ် ခန်းမ တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ၊ သျှမ်းပြည် မြေယာ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများ နှင့် မြေယာ သိမ်းဆည်းခံ တောင်သူများ ဆွေးနွေးညှိနှိုင်သော်လည်း ပြေလည် မှု မရရှိခဲ့ကြောင်း သိရသည်။

“မြေတွေကို မစွန့်လွှတ်လို့ မဟုတ်ဘူး စွန့်လွှတ်မယ်။ ဒီမြေတွေကို စွန့်လွှတ်ပေမယ့် အစားထိုး ယူရမယ်ပေါ့။ ဒါပေမယ့် ဘယ်နေရာ ဘယ်ဒေသ အစားထိုး ယူရမယ်ဆိုတာ မပြောကြားသွားဘူး။ လုပ်စားနေတဲ့ မြေတွေပဲ ပြန်လိုချင်တယ်။ အစားထိုးဖို့က လုံးဝ လက်မခံဘူး။ အကုန်လုံး အဲ့လိုပြောကြတယ်” သိမ်းဆည်းခံ တောင်သူ ဒေါ်ချိုချိုဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆီဆိုင်မြို့နယ်ရှိ တောင်သူ (၄၉) ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၃၀၀) ကို ခမရ (၄၂၃) (၄၂၄) မှ သိမ်းဆည်းထားခြင်း ဖြစ်သည်။

“အစားထိုး လက်မခံတာက အရင်တုန်းကလည်း ပြဿနာ တစ်ခါဖြစ်ပြီးပြီ သျှမ်းအဖွဲ့နဲ့ ဒီချိန်မှာ မြေလွှတ် မြေရိုင်းဆိုတာ ရှိမှာမဟုတ်ဘူး။ တစ်ပူ ကနေ နှစ်ပူဆင့်မှာလည်း စိုးရိမ်တယ်။ နိုင်ငံတော်က စွန့်လွှတ်မယ်ဆိုရင် ကိုယ့်မြေ ကိုယ်ယာပဲ ပြန်လိုချင်တယ်။ မူလ မြေ လုပ်ကိုင် စားသောက်နေတဲ့နေရာကိုပဲ ပြန်လိုချင်တယ်။ အစားထိုး မြေ မလိုချင်ဘူး။ သိမ်းဆည်းထားတဲ့ မြေယာပေါ်လည်း ဘာမှ အကောင်အထည်ဖော်ထားခြင်းမရှိဘူး” ဟု ဒေါ်ချိုချိုဝင်း ကပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း သျှမ်းတိုင်းရင်းသားများ နေထိုင်သည့် ဒေသမှာ ကုန်းမြင့်မြေ ဧက (၂၀၀) ကျော်ကို ဖော်ပြီး အစိုးရ တပ်မတော် သိမ်းဆည်းမြေ အစား တောင်သူများကို ပြန်လည် ပေးရန် စီစဉ်ပေမယ့် တောင်သူများ လက်မခံကြောင်း သိရသည်။

“မြေအစားထိုး ပြန်ပေးဖို့ သက်ဆိုင်ရာ လာညှိနှိုင်းတာက ဒီတစ်ခေါက်ပါရင် ၂ ကြိမ်ရှိသွားပြီ။ ခုချိန်ထိ ပြေလည်မှု မရှိဘူး။” ဟု ဒေါ်ချိုချိုဝင်း ကပြောသည်။

ဆီဆိုင်မြို့နယ်တွင် တောင်သူများ ပိုင်ဆိုင်သည့် မြေယာမြေ ဧက (၁၉၀၀) ကျော်ကို ဆီဆိုင် အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ် နှင့် (၄၂၄) တပ်တို့က သိမ်းဆည်းခဲ့ပြီး ဒေသခံ တောင်သူများကိုလည်း တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။

ယနေ့ဆွေးနွေးပွဲတွင် သျှမ်းပြည်နယ် မြေယာစိစစ်ရေး ကော်မတီ မှ အစားထိုးမြေယာပြန်လည် ပေးမည့် ကိစ္စကို ရှင်းလင်းပြတ်သားစွာ ပြောကြားခြင်းမရှိကြောင်း သိရသည်။

“ အစားထိုးမြေ ပြန်ပေးမယ်ဆိုတဲ့ နေရာမှာ ဘယ်နေရာ ပြန်ပေးမလဲ ဆိုတာ တိတိကျကျ ရှင်းရှင်းလင်းလင်းပြောသွားတာ မရှိဘူး” ဟု ဆီဆိုင်ဒေသခံ တဦး ဖြစ်သည့် ဦးစံဝင်းမောင်က ပြောသည်။

ဆီဆိုင်မြို့နယ် မြေယာ သိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစိုးရ တပ်မတော် ခမရ (၄၂၃)၊ (၄၂၄) မှ ပိုင်နက် ကျူးလွန်မှုဖြင့် တောင်သူ (၂၂) ဦးကို တရားစွဲဆိုထားခြင်း လည်း ဖြစ်သည်။

အစိုးရ တပ်မတော်သည် ဆီဆိုင်မြို့နယ် တောင်သူများ ပိုင်ဆိုင်သည့် မြေယာ ဧက(၃၀၀) ကို သိမ်းဆည်းခဲ့ပြီး၊ ထိုသိမ်းဆည်း မြေပေါ်တွင် ဒေသခံ တောင်သူများက သီးနှံဝင်ရောက်စိုက်ပျိုးနေသည်ဟု ဆိုကာ ပိုင်နက် ကျုးလွန်မှုဖြင့် တပ်က ပြန်လည် တရားစွဲဆိုးထားခြင်း ဖြစ်ကြောင်း လည်း သိရသည်။

ထိုမြေယာများသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် တပ်မှ ဧက (၁၉၀၀) ကျော် သိမ်းဆည်းခဲ့သည်။ တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင် လာရောက် အကြောင်းကြား အသိပေးခြင်း မရှိသကဲ့သို့ မြေပေါ်တွင် လုပ်ကိုင်စားသောက်သည့် တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစုံတရာ မရရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...

ဆီဆိုင်တွင် ဆိုင်ကယ်ခိုးသူများလာ၊ ဆေးရုံအဆောက်အအုံထဲ ဆိုင်ကယ်ထည့်ထားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ခိုးဆိုးလုယက်သူ များပြားလာခြင်းကြောင့် ဆေးရုံလူနာလာရောက်စောင့်သူများသည် ဆိုင်ကယ်များကို အဆောက်အအုံထဲထားပြီး အိပ်နေရသည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်မှ စပြီး ဆီဆိုင်မြို့ ၊ဆီဆိုင်ဈေး ၊ ဆေးရုံ နှင့် ဈေးဆိုင်များတွင် ဆိုင်ကယ်ပျောက်ဆုံးမှု ပိုများပြားလာ၍ ဆေးရုံတွင်လည်း လုံခြုံရေးအစောင့်မရှိသောကြောင့် ဆိုင်ကယ်များကို လူနာကုတင်နားအထိ...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO  ပြည်သူနေအိမ်များကို မီးရှို့ဟု PNLA ထုတ်ပြန်

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် ပြည်သူနေအိမ်များကို မီးရှို့နေကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ (ဩဂုတ်လ ၁၈ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ စစ်ကော်မရှင်နှင့် PNOတို့သည်  ဆီဆိုင်မြို့နယ် နောင်ထောဝ် ကယန်းပိုင်းကျေးရွာနှင့် နောင်ဗိုကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်မှ ၁၇ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။ နောင်ဗိုကျေးရွာရှိ နေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားခဲ့ပြီး နောင်ထောဝ်ကယန်းပိုင်း ကျေးရွာမှားတွင် နေအိမ် ၁၀၀ နီးပါး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ “PNOပြည်သူ့စစ်က စစ်ကော်မရှင်ကိုခေါ်ပြီး ပအိုဝ်းပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ။ သူတို့မီးရှို့နေတာက ပအိုဝ်းလူမျိုးနေအိမ်တွေများတယ်.။PNOက ကိုယ့်လူမျိုးနေအိမ်ကို ကိုယ်တိုင်မီးရှို့နေတာ။PNOအနေနဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ပအိုဝ်းလူမျိုးအသက်တွေနဲ့ ကာကွယ်ပေးနေရတယ်ဆိုတာ အမြင်မှန်ရသင့်ပြီ”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင်  ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှိုဖျက်ဆီးခဲ့သောကြောင့်  နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်တွင်လည်း  ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ထိုကျေးရွာမှ ပြည်သူများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များလိုအပ်နေကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်...