ဆီဆိုင် တပ်သိမ်းမြေကိစ္စ လက်ရှိ အချိန်ထိ ပြေလည်မှု မရရှိသေး

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့်မြေယာကိစ္စ လက်ရှိ အချိန်ထိ ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရသည်။

Photo by Mg Mg /Facebook

တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့် မြေယာ သိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစားထိုးမြေများ ပြန်လည် ပေးမည့်ကိစ္စ ပြေလည်မှု မရရှိခဲ့ကြောင်း သိမ်းဆည်းခံရသည့် တောင်သူများက ပြောကြားလိုက်သည်။

စက်တင်ဘာ ၇ ရက်က ဆီဆိုင်မြို့နယ် ခန်းမ တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ၊ သျှမ်းပြည် မြေယာ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများ နှင့် မြေယာ သိမ်းဆည်းခံ တောင်သူများ ဆွေးနွေးညှိနှိုင်သော်လည်း ပြေလည် မှု မရရှိခဲ့ကြောင်း သိရသည်။

“မြေတွေကို မစွန့်လွှတ်လို့ မဟုတ်ဘူး စွန့်လွှတ်မယ်။ ဒီမြေတွေကို စွန့်လွှတ်ပေမယ့် အစားထိုး ယူရမယ်ပေါ့။ ဒါပေမယ့် ဘယ်နေရာ ဘယ်ဒေသ အစားထိုး ယူရမယ်ဆိုတာ မပြောကြားသွားဘူး။ လုပ်စားနေတဲ့ မြေတွေပဲ ပြန်လိုချင်တယ်။ အစားထိုးဖို့က လုံးဝ လက်မခံဘူး။ အကုန်လုံး အဲ့လိုပြောကြတယ်” သိမ်းဆည်းခံ တောင်သူ ဒေါ်ချိုချိုဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆီဆိုင်မြို့နယ်ရှိ တောင်သူ (၄၉) ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၃၀၀) ကို ခမရ (၄၂၃) (၄၂၄) မှ သိမ်းဆည်းထားခြင်း ဖြစ်သည်။

“အစားထိုး လက်မခံတာက အရင်တုန်းကလည်း ပြဿနာ တစ်ခါဖြစ်ပြီးပြီ သျှမ်းအဖွဲ့နဲ့ ဒီချိန်မှာ မြေလွှတ် မြေရိုင်းဆိုတာ ရှိမှာမဟုတ်ဘူး။ တစ်ပူ ကနေ နှစ်ပူဆင့်မှာလည်း စိုးရိမ်တယ်။ နိုင်ငံတော်က စွန့်လွှတ်မယ်ဆိုရင် ကိုယ့်မြေ ကိုယ်ယာပဲ ပြန်လိုချင်တယ်။ မူလ မြေ လုပ်ကိုင် စားသောက်နေတဲ့နေရာကိုပဲ ပြန်လိုချင်တယ်။ အစားထိုး မြေ မလိုချင်ဘူး။ သိမ်းဆည်းထားတဲ့ မြေယာပေါ်လည်း ဘာမှ အကောင်အထည်ဖော်ထားခြင်းမရှိဘူး” ဟု ဒေါ်ချိုချိုဝင်း ကပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း သျှမ်းတိုင်းရင်းသားများ နေထိုင်သည့် ဒေသမှာ ကုန်းမြင့်မြေ ဧက (၂၀၀) ကျော်ကို ဖော်ပြီး အစိုးရ တပ်မတော် သိမ်းဆည်းမြေ အစား တောင်သူများကို ပြန်လည် ပေးရန် စီစဉ်ပေမယ့် တောင်သူများ လက်မခံကြောင်း သိရသည်။

“မြေအစားထိုး ပြန်ပေးဖို့ သက်ဆိုင်ရာ လာညှိနှိုင်းတာက ဒီတစ်ခေါက်ပါရင် ၂ ကြိမ်ရှိသွားပြီ။ ခုချိန်ထိ ပြေလည်မှု မရှိဘူး။” ဟု ဒေါ်ချိုချိုဝင်း ကပြောသည်။

ဆီဆိုင်မြို့နယ်တွင် တောင်သူများ ပိုင်ဆိုင်သည့် မြေယာမြေ ဧက (၁၉၀၀) ကျော်ကို ဆီဆိုင် အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ် နှင့် (၄၂၄) တပ်တို့က သိမ်းဆည်းခဲ့ပြီး ဒေသခံ တောင်သူများကိုလည်း တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။

ယနေ့ဆွေးနွေးပွဲတွင် သျှမ်းပြည်နယ် မြေယာစိစစ်ရေး ကော်မတီ မှ အစားထိုးမြေယာပြန်လည် ပေးမည့် ကိစ္စကို ရှင်းလင်းပြတ်သားစွာ ပြောကြားခြင်းမရှိကြောင်း သိရသည်။

“ အစားထိုးမြေ ပြန်ပေးမယ်ဆိုတဲ့ နေရာမှာ ဘယ်နေရာ ပြန်ပေးမလဲ ဆိုတာ တိတိကျကျ ရှင်းရှင်းလင်းလင်းပြောသွားတာ မရှိဘူး” ဟု ဆီဆိုင်ဒေသခံ တဦး ဖြစ်သည့် ဦးစံဝင်းမောင်က ပြောသည်။

ဆီဆိုင်မြို့နယ် မြေယာ သိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစိုးရ တပ်မတော် ခမရ (၄၂၃)၊ (၄၂၄) မှ ပိုင်နက် ကျူးလွန်မှုဖြင့် တောင်သူ (၂၂) ဦးကို တရားစွဲဆိုထားခြင်း လည်း ဖြစ်သည်။

အစိုးရ တပ်မတော်သည် ဆီဆိုင်မြို့နယ် တောင်သူများ ပိုင်ဆိုင်သည့် မြေယာ ဧက(၃၀၀) ကို သိမ်းဆည်းခဲ့ပြီး၊ ထိုသိမ်းဆည်း မြေပေါ်တွင် ဒေသခံ တောင်သူများက သီးနှံဝင်ရောက်စိုက်ပျိုးနေသည်ဟု ဆိုကာ ပိုင်နက် ကျုးလွန်မှုဖြင့် တပ်က ပြန်လည် တရားစွဲဆိုးထားခြင်း ဖြစ်ကြောင်း လည်း သိရသည်။

ထိုမြေယာများသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် တပ်မှ ဧက (၁၉၀၀) ကျော် သိမ်းဆည်းခဲ့သည်။ တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင် လာရောက် အကြောင်းကြား အသိပေးခြင်း မရှိသကဲ့သို့ မြေပေါ်တွင် လုပ်ကိုင်စားသောက်သည့် တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစုံတရာ မရရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

ဆီဆိုင်တွင် ကျောင်းသားတစ်ဦး ၉ ရက်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...