သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ

သျှမ်းပြည်မြောက်ပိုင်း တွင် ၂ ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရပြီး၊ အမျိုးသားတဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် ည ၇နာရီ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၇)၊နယ်မြေ (၅)တွင် နေထိုင်သည့် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်လာရောက်ပစ်သွားပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ မှ စိုင်းဝဿုန်ထွန်း က “ စက်တင်ဘာ (၅)ရက်နေ့က အမျိုးသားတဦး သေနတ်ပစ်ခံရပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေနတ်ပစ်ခံရပြီး သေဆုံးသွားသူကို လားရှိုး ရွှေသံလွင် လူမှုကူညီရေးအသင်းမှ သွားရောက် သယ်ဆောင်ကာ လားရှိုး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

“ သေနတ်ဒဏ်ရာကတော့ ရင်ဘတ်တည့်တည့်ပါပဲ။ ဘယ်အဖွဲ့က လာပစ်လဲ မသိဘူး” ဟု လားရှိုးမြို့တွင် နေ ထိုင်သည့် စိုင်းမင်း က ပြောသည်။

ထိုနည်းတူ စက်တင်ဘာ ၆ ရက် ည (၇နာရီခွဲ) အချိန်တွင် သီပေါမြို့ ရွှေကျောင်းရပ်ကွက်တွင် အမျိုးသမီး တဦး သေနတ်ပစ်ခံရပြီး ခြေထောက်တွင် ကျည်ထိမှန်ခဲ့ကြောင်း သီပေါမြို့နေထိုင်သူ အသိုင်းအဝန်း က သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ မနေ့ညကတော့ အမျိုးသမီး သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ ခြေထောက်ထိသွားတယ်။ အခြေအနေ က မစိုးရိမ်ရဘူး” ဟု ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်းဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မည်သည့် လက်နက်ကိုင် အဖွဲ့မှ လာရောက်ပစ်သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဦးနီဝင်းဦး က ပြောသည်။

“ ကျနော်တို့ ဒီအမှုကို စုံစမ်းနေဆဲပါ။ ကျနော်တို့ သေချာပြောလို့မရသေးဘူး။ လက်ရှိမှာတော့ ခြေထောက် ထိမှန်တဲ့သူကတော့ ဆေးရုံမှာပါပဲ” ဟု ဦးနီဝင်းဦး က ပြောသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး သီပေါမြို့မရဲစခန်းကို သျှမ်းသံတော်ဆင့် မှ ဖုန်းဆက်သွယ်မေးမြန်းသည့်အခါ စုံစမ်းနေဆဲကြောင်း သာ ဖြေဆိုခဲ့သည်။

သျှမ်းမြောက် လားရှိုးမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း သေနတ်ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ တရားခံကိုတကြိမ်တခါမျှ မဖမ်းဆီးရမိကြောင်းလည်း ဒေသခံများက ပြောသည်။

“ သေနတ်ပစ်ခံရတယ်။ ပြီးရင် ဒီတိုင်းပဲ အမှုကပျောက်သွားတယ်။ တရားခံ တခါမှ မမိဘူး။ ကျနော်တို့က ဒီမှာနေတာနေနေရတာ စိတ်တော့မလုံခြုံဘူး” ဟု သီပေါ ဒေသခံအမျိုးသမီး တဦးကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်များ နှင့် အစိုးရ တပ်မတော်တို့ လှုပ်ရှားသွားလာသည်ဖြစ်ရာ တိုက်ပွဲလည်းမကြာခဏ ဖြစ်ပွါးသည့်နေရာဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...