လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးမည့်နေရာများကို မသန်စွမ်းသူများအတွက် ထည့်သွင်း စဉ်းစားပေးပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မသန်စွမ်းသူများ၏ အသင်းဥက္ကဋ္ဌ ကပြောသည်။

မသန်စွမ်းသူများအနေဖြင့်လည်း အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စိစစ်ရေးကဒ်ရှိလျှင် မဲပေးပိုင်ခွင့်ရှိသည်။
“ကိုယ်အင်္ဂါ မသန်စွမ်းသူ အတွက်ဆိုရင်လည်း ခု Wheel Chair အသုံးပြုသူတွေအတွက် မဲရုံအဝင်အထွက်မှာလည်း အဆင်ပြေဖို့ လိုအပ်တယ်” ဟု မသန်စွမ်းသူ ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင် က ပြောသည်။
၁၈ နှစ်ပြည့်သည့် မသန်စွမ်းသူတိုင်းသည် မဲပေးပိုင်ခွင့်ရှိ သကဲ့သို့ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံပိုင်ခွင့်လည်း ရှိကြောင်း ဒေါ်သန်းနွယ်အောင်က ပြောသည်။

“မသန်စွမ်းသူ အနေနဲ့လည်း ကိုယ်စားလှယ်လောင်းအဖြစ် လွှတ်တော်ထဲ ရောက်လာတဲ့ခါမှသာလျှင် မသန်စွမ်းသူတွေရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေး ကို ပိုပြီးတော့မှ ဆောင်ရွက်လာနိုင်မှာဖြစ်တယ်။ ဒါကြောင့်မလို့ မသန်စွမ်းသူကလည်း ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံကြပါ။ တခြားနိုင်ငံမှာဆိုရင် သမ္မတအထိတောင် မသန်စွမ်းသူတွေဖြစ်တယ်။ ဒါကြောင့်မလို မသန်စွမ်းသူတိုင်းလဲပဲ သန်စွမ်းသူတွေလို အခွင့်အရေး တန်းတူ ရှိပါတယ်” ဟု ဒေါ်သန်းနွယ်အောင် ကပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ (၂.၃) သန်းရှိပြီး သျှမ်းပြည်နယ်တွင် ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။












Leave a Comments