Wednesday, January 28, 2026

သီပေါ-နမ့်လန် လမ်းဘေးတွင်အမျိုးသားတဦး အလောင်းတွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သီပေါ-နမ့်လန် ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား တဦး အလောင်း တွေ့ရှိကြောင်း စုံစမ်းသိရသည်။

Photo by Shar Htat Paing/ Facebook

အဆိုပါ သီပေါမြို့နယ် နမ့်ပုံ့ပ ကျေးရွာအကျော် သီပေါ-နမ့်လန် ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသားကို မည်သည့် အဖွဲ့အစည်းမှ လာရောက်ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ လက်ရှိမှာ သီပေါရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ မှ ကိုမျိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့အဖွဲ့ကို ရဲစခန်းက နေ့လည် ၁၁နာရီခွဲလောက်မှာ ဖုန်းဆက်လာတယ်။ အဲ့ဒါနဲ့ ကျနော်တို့အလောင်းသွားသယ်ခဲ့တယ်။ သေနတ်ဒဏ်ရာက ၂ချက်ပါ။ လက်ဖျံနဲ့ ရင်အုံ မှာပါ” ဟု ကိုမျိုး က ပြောသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသား၏ နေရပ်လိပ်စာကို လက်ရှိ အချိန်ထိ မသိရှိသေးပေ။

ထို သီပေါ-နမ့်လန် ကားလမ်းဘေးတွင် တကြိမ်တခါမှ ယခုကဲ့သို့ အမှုမဖြစ်ဖူးကြောင်းလည်း သီပေါ ဒေသခံများက ပြောသည်။

Photo by Shar Htat Paing/Facebook

“ ဘာကြောင့် သေနတ်ပစ်ခံရတယ်ဆိုတာကိုတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲပါ။ အဲ့နေရာကတော့ တခါမှ မဖြစ်ဖူးဘူး” ဟု သီပေါဒေသခံ အမျိုးသားတဦးက ပြောသည်။

သီပေါမြို့နယ် အတွင်း သြဂုတ် (၂၄)ရက်တွင် အမျိုးသား ၃ဦး သေနတ်ပစ်သတ်ခံရပြီး၊ ဧပြီလတွင်လည်း မိသားစုဝင် ၅ဦး ပစ်သတ်ခံရပြီး ယနေ့ချိန်ထိ အမှုမှန် မပေါ်သေးပေ။

သီပေါမြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ၊ အစိုးရ တပ်မတော် နှင့် ပြည်သူ့စစ်များလှုပ်ရှားသည့် နေရာ တခုဖြစ်ပြီး မကြာခဏ သေနတ်ပစ်သတ်ခံရသည့် နေရာလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် ရေခဲချောင်း လှည့်ရောင်းချသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း ရေခဲချောင်း လှည့်ရောင်းချနေသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ နှင့် သေဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနီးရှိ လမ်းဘေး၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းလှည့်ရောင်းချသူ အမျိုးသားတစ်ဦးသည် ဒဏ်ရာဒဏ်ချက်များ နှင့်...

(၃)ရက်ကြာ ပျောက်ခဲ့သည့် ကွတ်ခိုင် ဘာသာရေးဆရာတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

0
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ တွင် (၃)ရက်ကြာပျောက်ဆုံးခဲ့သည့် ဘာသာရေးဆရာ တစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဇွန် ၂၁)ရက် တွင် ပြန်လည်တွေ့ခဲ့ကြောင် ဟု သတင်းရရှိသည်။ ကွတ်ခိုင်မြို့ မှ ဘာသာရေး ဆရာ L.ခွန်ဇော်လွမ်သည် ဇွန် (၁၈) ရက် ညနေ (၃)နာရီတွင် ဆိုင်ကယ်ဖြင့်...

သီပေါမြို့နယ် တွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး ယနေ့ (သြဂုတ် ၂၄)ရက် နေ့လည် ပိုင်း က အမျိုးသား (၃) ဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ သြဂုတ် ၂၄ ရက် နေ့လည် ၁၁ နာရီဝန်းကျင်က ...

နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် အမျိုးသမီးတစ်ဦးသည် အိမ်စီးကားပေါ်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၃ ) ည ၁၁ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ စုံစမ်းသိရသည်။ နမ့်စန်မြို့နယ် တပ်ဖွဲ့မှူး ရဲမှူး မင်းအောင်...

သီပေါမြို့နယ် အတွင်း အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အမျိုးသား ၃ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၈) မနက် ၈နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုံးမုံ ကျေးရွာ တွင် အမျိုးသား ၃ဦး ဒဏ်ရာဖြင့် သေဆုံးနေကြောင်း နယ်စည်းမခြား...