(၃)ရက်ကြာ ပျောက်ခဲ့သည့် ကွတ်ခိုင် ဘာသာရေးဆရာတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ တွင် (၃)ရက်ကြာပျောက်ဆုံးခဲ့သည့် ဘာသာရေးဆရာ တစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဇွန် ၂၁)ရက် တွင် ပြန်လည်တွေ့ခဲ့ကြောင် ဟု သတင်းရရှိသည်။

ကွတ်ခိုင်မြို့ မှ ဘာသာရေး ဆရာ L.ခွန်ဇော်လွမ်သည် ဇွန် (၁၈) ရက် ညနေ (၃)နာရီတွင် ဆိုင်ကယ်ဖြင့် နေအိမ်မှသွားပြီး (၃)ရက်ကြာပျောက်ဆုံးခဲ့ရာ ဇွန် (၂၁) ရက်တွင် ၎င်း၏ ရုပ်အလောင်းကို ကွတ်ခိုင်မြို့ရပ်ကွက် (၇)ရှိ နမ့်ဟူးပလောင်သင်္ချိုင်း ယူကလစ်ပင်အောက်တွင် ပြန်တေ့ွခဲ့သည်။

ဆရာ L.ခွန်ဇော်လွမ်၏ ရုပ်အလောင်းတွင် လက်(၂)ဖက်ကို လက်ထိပ်ခတ်ထားပြီး၊ ခန္ဓာကိုယ်တခုလုံး ရိုက်နှက်ထားသည့် ဒဏ်ရာ များတွေ့ရပြီး၊ ဦးခေါင်းတွင်လည်း သေနတ်ဒဏ်ရာ (၂) ချက်ဖြင့် သေဆုံးနေကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူ့(ဆရာL.ခွန်ဇော်လွမ်)ရဲ့ အလောင်းကို နွားကျောင်းသား တစ်ဦးက တွေ့ခဲ့တာ။ လက်(၂)ဖက်လည်း လက်ထိပ်ခတ်ထားတယ်။ တကိုယ်လုံးလည်း ညိုမဲဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာ (၂)ချက်လည်းတွေ့ရတယ်” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

အသတ်ခံရသည့် ဆရာL. ခွန်ဇော်လွမ် နေအိမ်မှ ပါသွားသည့် ဆိုင်ကယ်နှင့် ငွေကျပ် (၃)သိန်းကို ကျန်ရှိခဲ့ကြောင်း၊ ထို့ကြောင့် လုယက်မှုဖြင့် သတ်ခံရခြင်းမဖြစ်နိုင်ကြောင်း၊ မည်သည့် လက်နက်ကိုင် သတ်လိုက်သည်ကို မသိရှိကြောင်းလည်း မိသားစုဝင်များက ပြောသည်။

“ သူက အနေအေးတယ်။ လူမှားတာပြီးသတ်တာဖြစ်မှာ။ နိုင်ငံရေးကလည်း ရှုပ်နေတယ်။ လူတွေကပေါက်ကရ လျှောက်လုပ်ကြ။ လုယက်မှု မဖြစ်နိုင်ဘူး။ သူပါသွားတဲ့ ဆိုင်ကယ်လည်း မယူသွားဘူး။ ပိုက်ဆံ (၃)သိန်းလည်း ရှိတယ်။ စဉ်းစားစရာပဲ” ဟု ၎င်း က ထပ်လောင်းပြောသည်။

ထို့အပြင် ဆရာL.ခွန်ဇော်လွမ် ၏ ရုပ်အလောင်းတွင်ဝတ်ဆင်ထားသည့် ပျောက်ကြားအင်္ကျီ အဝတ်အစားနှင့် အနားရှိ ဦးထုတ်သည် နေအိမ်မှ ထွက်ခွာသွားစဉ်ဝတ်ဆင်ထားသည့် အဝတ်မဟုတ်ကြောင်းလည်း မိသားစုဝင် တစ်ဦး က ပြောပြသည်။

လက်ရှိအသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၊ ရဲမှ တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အတွက် ၎င်း၏ ရုပ်အလောင်းကို ဇွန် ၂၁ရက်တွင် သဂြိုလ်လိုက်ကြောင်းသိရသည်။

အသတ်ခံရပြီး သေဆုံးသွားသည့် သူသည် ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး အသက် (၄၂) နှစ် သာရှိသေးကာ အမျိုးသမီးနှင့် မူကြိုတက်မည့် အရွယ် ကလေးတစ်ယောက် ကျန်ခဲ့ကြောင်း သိရသည်။

ကွက်ခိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်များ များစွာ လှုပ်ရှားသည့် နယ်မြေ တစ်ခုဖြစ်ပြီး၊ မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...