Wednesday, January 28, 2026

မိုင်းရယ်တွင် လမ်းသွားလမ်းလာ လူထုထံ ရဲတပ်ဖွဲ့ဝင်များစစ်ဆေး ငွေကောက်ခံ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့သည် လမ်းသွားလမ်းလာလူထုအား တားဆီးစစ်ဆေးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

မိုင်းရယ်မြို့နယ် အမှတ်(၃) ရပ်ကွက် မြို့အထွက် ပြည်ထောင်စု လမ်းမကြီး ( မိုင်းရယ် – ကျေးသီး လမ်း) ပေါ်တွင် ယာယီဂိတ်တစ်ခု ထားရှိကာ သင်္ကြန်မတိုင်မှီ ကတည်းက သွားလာနေသည့် လူထုအား ရဲများက ထိုသို့စောင့်ကြပ် စစ်ဆေးနေပြီး ငွေကြေးကောက်ခံနေကြကြောင်း မိုင်းရယ် ဒေသခံ ခွန်လိန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မျက်နှာစိမ်းတွေဆိုရင် ယာဉ်လိုင်စင်တွေ မေးတယ်။ တချို့ဆို ခြိမ်းခြောက်ခံရတယ်။ တစ်ချို့ကလည်း ကြံတွေ တင်ပြီး မြို့ထဲဝင်လာရင် ကြံက ဘယ်ကနေတင်လာတာလဲ အဲ့လို ခြိမ်းခြောက်ပြီးတော့မှ အခွန် တောင်းတာလဲ ရှိတယ်” ဟု ခွန်လိန် က ပြောသည်။

ထိုသို့စောင့်ကြပ်စစ်ဆေးနေသည့်ရဲတပ်ဖွဲ့သည် မိုင်းရယ်မြို့တွင်းဝင်လာသည့် ကျေးလက်ဒေသခံများ ထံမှ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ၊ မြို့တွင်းနေသူ ၊ သိကျွမ်းသူများထံမှမူ ကောက်ခံ ခြင်းမရှိ ကြောင်းလည်း ခွန်လိန်က ပြောပြသည်။

“ဒါကတော့ မတောင်းသင့်တဲ့ ကိစ္စပါ။ အကယ်လို့ ကျနော်တို့ နိုင်ငံသား တစ်ယောက်က ဥပဒေတစ်ခုကို တကယ်ချိုးဖောက်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ တရားရုံးမှာ တရားရင်ဆိုင်ပြီးမှ ဒီဥပဒေ က သတ်မှတ်ထားတဲ့ ဒဏ်ငွေ ဒဏ်ကြေးတွေကို ပေးဆောင်ရမှာပါ။ ဒါက ဒီလိုမျိုးတောင်းခံတာက ဥပဒေ နဲ့ မညီဘူးလို့ ကျနော့် အနေနဲ့ မြင်မိပါတယ်။” ဟု ခွန်လိန် က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ တရားမဝင် ငွေကောက်ခံမှုနှင့် ပတ်သက်ပြီး မိုင်းရယ်ရဲတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။ မိုင်းရယ်ဒေသခံများကမူ သက်ဆိုင်ရာ မှ အမြန်ဆုံး ဖြေရှင်းပေး၊ အရေးယူပေးရန် တောင်းဆိုနေကြသည်။

“ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က ဒီလို ငွေကောက်ခံတာမရှိခဲ့ဘူး။ ဒီမတရား ငွေကောက်ခံတာတွေ ပြည်သူတွေကိုခြိမ်းခြောက်နေပြီး ငွေတောင်းနေတာတွေ ကို အရေးယူပေးစေချင်တယ်” ဟု ကားသမား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ထံသို့ တိုင်ကြားစာ နှင့် အသနားခံစာ တင်ထား သော်လည်း ယနေ့ချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်စာတင်သွားမည်ဖြစ်ကြောင်း ခွန်လိန်က ပြောသည်။

မိုင်းရယ်မြို့နယ် အတွင်း ရဲတပ်ဖွဲ့ဝင်တချို့ တရားမဝင် ငွေကောက်ခံသည့်ကိစ္စကို သက်ဆိုင်ရာ ပြည်နယ် ခရိုင် အဆင့်ရှိ အုပ်ချုပ်ရေး ဌာန နှင့် ပူးပေါင်းပြီး ညှိနှိုင်းသွားရန် ရှိကြောင်း လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း ပြောပြသည်။

“ဒီလိုဖြစ်နေတဲ့ ကိစ္စတွေ မဖြစ်သင့်ဘူးဆိုတဲ့ဟာတွေ ပြောပေးဖို့တော့ရှိပါတယ်။ ဒီလို လုပ်ရပ်တွေဟာ မမှန်ကန်သလို ပြည်သူတွေ အတွက်လဲ အခက်ခဲဖြစ်စေတယ်။ အထက်က ကောင်းကောင်းမထိန်းနိုင်လို့ အောက်က အဲ့လိုတွေ ဖြစ်တဲ့သဘောမျိုးလို့ ကျနော်တို့ တွေ့ရတယ်” ဟု စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

မိုင်းရယ်မြို့ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် သာမာန်သွားလာနေသည့် ပြည်သူများ၏ ကားကို တားပြီး၊ ငွေခြိမ်းခြောက်တောင်းခံမှုသည် မဖြစ်သင့်ကြောင်း လည်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

“ ဒီမိုကရေစီနိုင်ငံရေး တည်ဆောက်ပြီးပြီ သိက္ခာရှိရှိ နဲ့ ကျနော်တို့ ဝန်ထမ်းတွေလည်း အလုပ်လုပ်သွားဖို့တော့ ကျနော်တို့ မြင်တယ်။” ဟု စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

လွန်ခဲ့သည့် မေလပိုင်းကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ဝါးတားဂိတ်တွင် နမ့်ပေါင်ဌာနေပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ကုန်တင်ယာဉ်များ ထံ ကားတစီးလျှင် ငွေကျပ် တသောင်းမှ ၂ သောင်းထိ ကောက်ခံခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...