ရခိုင်ပြည်အတွင်း ပဋိပက္ခနှင့် ပတ်သက်ပြီး သျှမ်းမြောက်တွင်ကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့တွင် ယနေ့(စက်တင်ဘာ ၉ )ရက် မနက်ပိုင်း က ရခိုင်ပြည်အတွင်းဖြစ်ပွါးသော ပဋိပက္ခနှင့်ပတ်သက်ပြီး ကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်ကြကြောင်း စုံစမ်းသိရသည်။

လားရှိုး တက္ကသိုလ် မျက်နှာစာ နှင့် သီပေါမြို့ အဝင် ဆိုင်းဘုတ်တွင် ကန့်ကွက်သည့် လှုပ်ရှား မှု ပြုလုပ်ခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများက ပြောဆို သည်။

အဓိက လက်ရှိ ရခိုင်ပြည် အတွင်းဖြစ်ပျက်နေသည့် ပဋိပက္ခ ၊ တိုက်ပွဲကြောင့် အရပ်သားပြည်သူများသေဆုံး မှု၊ ရခိုင်ပြည်တွင် 4G အင်တာနက် ချက်ချင်းဖွင့်ပေးရန် နှင့် ဖက်ဆစ်ဆန်သော သတ်ဖြတ်မှုဝါဒကို ဆန့်ကျင် ရှုံ့ချ ခြင်းဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူတဦးကပြောသည်။

“ ရခိုင်မှာလည်း လူအများကြီးသေဆုံးပြီ ။ ရခိုင်ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြကြတယ်။ အဲတာကို ကျမတို့က သူတို့ဖက်ရပ်တည်တယ်ဆိုတဲ့ သဘောနဲ ပြုလုပ်တာပါ” ဟု သီပေါမြို့ လူငယ် တက်ကြွလှုပ်ရှားသူ နန်းပီး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ရခိုင်ပြည်တွင် အင်တာနက်ဖွင့်လှစ်ပေးရန် အတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ရခိုင်ပြည်သူများက တောင်းဆိုခဲ့သော်လည်း အစိုးရ အနေဖြင့် 2G အင်တာနက်သာဖွင့်လှစ်ပေးခဲ့ကာ ရခိုင်ပြည်သူလူထုအသုံးပြုရန် အင်တာနက်လိုင်းများ ယနေ့ချိန်ထိ အဆင်မပြေသေးဟု ဆိုပါသည်။

လက်ရှိ အရပ်သားများ အကြမ်းဖက်သတ်ဖြတ်ခံရမှုသည် ရခိုင်ပြည် တခုတည်း တွင်မဟုတ်ကြောင်း သျှမ်းပြည်မြောက်ပိုင်းတွင်လည်း ဖြစ်ပွားနေကြောင်း၊ တိုင်းရင်းသားများ အကြမ်းဖက်သတ်ဖြတ်မှုကို ရပ်တန့်ပေးစေချင်ကြောင်း နန်းပီး က တောင်းဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်းတွင်လည်း မကြာခဏ အရပ်သားသတ်ဖြတ်ခံရမှုများရှိပြီး ယနေ့ အချိန်ထိ အမှုမှန်မပေါ်ပေါက်သေးပေ။

ရခိုင်ပြည်တွင် အင်တာနက်လိုင်းများပိတ်ဆိုင်းခြင်းသည် လူ့အခွင့်အရေး တရပ်ကို ချိုးဖောက်နေခြင်းဖြစ်ပြီး အရပ်သား ပြည်သူများကို ရာဇဝတ် ကျူးလွန်ရန် အတွက် ကူညီပေးထောက်ပံ့နေသည့် သဘောဖြစ်ကြောင်း ယနေ့ ကန့်ကွက်လှုပ်ရှားမှုကို ဦးဆောင်သည့် လားရှိုးတက္ကသိုလ် ကျောင်းသား ဂျိမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“4G အင်တာနက်လိုင်းကို ပိတ်လိုက်တာက လူအခွင့်ရေးချိုးဖောက်မှုလိုဘဲ မြင်တယ်။ နှိပ်စက်မှု၊ အနိုင်ကျင့်မှု တစ်ခုလို့မြင်တယ်။ လူထုအုပ်စု၊ လူတန်စားတစ်ခု ပေါ်မှာ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ဖို့အတွက် ကူညီပေးနေတယ် အရာ အထောက်ပံ့ပေးနေတယ်အရာတစ်ခုလို့ဘဲ ကျတော်တော့မြင်ပါတယ်” ဟု ဂျိမ်း က ပြောသည်။

လက်ရှိရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခများ နေ့စဉ်ဖြစ်ပွားပြီး လက်နက်ကြီးထိမှန်သေဆုံးသည့် အရပ်သားလည်း နေ့စဉ်ဆိုသလိုရှိနေပါသည်။ မြန်မာနိုင်ငံ တဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည်လည်း ရခိုင်တွင် တနေ့ထက် တနေ့ မြင့်တက်နေသည်။

ထို့ကြောင့် သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်စေရန် အတွက် 4G အင်တာနက်လိုင်း အမြန်ဆုံးဖွင့်လှစ်ပေးရန် သျှမ်းမြောက် တက္ကသိုလ် ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

သျှမ်းပြည်တွင်လည်း ၂၀၁၉ ဒီဇင်ဘာမှ သြဂုတ် ၂၀၂၀ အထိ သီပေါမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၆ ဦး ရှိသွားပြီးဖြစ်ကြောင်းသိရသည်။

(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...