CATEGORY

လူ့အခွင့်အရေး

လွိုင်ကော် နေရပ်ပြန်သူများ စစ်ကောင်စီကို မိုင်းရှင်းခ ကျပ်တစ်သိန်းပေးရ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များက မိုင်းရှင်းခအဖြစ် ငွေကျပ်တစ်သိန်းကို စစ်ကောင်စီထံ ပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လွိုင်ကော်မြို့တွင် ယခင်က တိုက်ပွဲများကြောင့် ဒေသခံများ မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပြီး ယခု ဇူလိုင်လမှစ၍ ပန်ကန်းရပ်ကွက်၊ ချိကယ်ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက် တို့တွင် စစ်ဘေးရှောင်များကို ပြန်လည်နေထိုင်ခွင့်...

မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် မိုးရွာထဲ ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ်က မိုးရွာနေစဉ် ၃ ကြိမ်ထက်မနည်း ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ခြင်းကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက် ၉ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ မိုးရွာနေစဉ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ နောင်ချိုစစ်ကောင်စီတပ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်၊ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် ဒေသခံနှင့် နောင်ပိန်ရောက်စစ်ဘေးရှောင်းများ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၆ ရက်) နေ့လယ် ၁၂ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့်...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှုဖြစ်၊ ထိုင်းနိုင်ငံသားများ ကမ္ဘောဒီးယားမှ အမြန်ထွက်ခွာရန် ထိုင်းသံရုံးသတိပေး

ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ရှိ အနည်းဆုံး (၆) နေရာတွင် နှစ်နိုင်ငံစစ်တပ်အကြား လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေပြီး နယ်စပ်ဂိတ်များကို ပိတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (ဇူလိုင်လ ၂၄ ရက်) နံနက် ၇ နာရီကျော်တွင် နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှု ဖြစ်ပွားနေသည့် Ta...

ကွတ်ခိုင်မြို့နယ် မန်ဝိန်းပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူရန် ဒေသခံတောင်းဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုသို့ နေရပ်စွန့်ခွာ ပြည်သူများသည် ပင်လောင်းမြို့ပေါ်နှင့် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့...

ကျောက်မဲ၊ သီပေါဒေသခံ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်

သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့မှ ဒေသခံများသည် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်စိုးရိမ်မှုကြောင့် ဘေးလွတ်ကင်းရာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁၀) ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကျောက်မဲနှင့်...

တောင်ကြီး ညအချိန် စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေ

သျှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် ညအချိန်၌ စစ်မှုထမ်းအတွက် စစ်ကောင်စီမှ ပေါ်တာလိုက်ဆွဲနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့ ည (၈)နာရီကျော် အချိန်တွင် တောင်ကြီးမြို့၊ မြို့မဈေးမြောက်ဘက်နှင့် ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်တွင် အလုပ်မှပြန်လာသည့် လူငယ်များကို စစ်ကောင်စီမှ ညပိုင်းတွင်ပေါ်တာလိုက်ဆွဲ နေပြီး လူငယ်...

သီပေါမြို့ပေါ် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်) ည ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး...

ရွာငံ စစ်ကောင်စီတပ် စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားပြီး ၎င်းတို့စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ရုတ်တရက် ဝင်ရောက်လာပြီး ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ ယနေ့ (ဇူလိုင် ၂၁...

Latest news