Saturday, January 31, 2026

CATEGORY

လူ့အခွင့်အရေး

ဆီဆိုင်မြို့နယ် PNO ပြောင်းရွှေ့ခိုင်းထားသည့် ဒေသခံ ၆ထောင်ကျော် စိုက်ပျိုးရေးအခက်ကြုံ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုကို PNO ပြည်သူ့စစ်မှ ပြောင်းရွှေ့ခိုင်းထားသည့် ဒေသခံ ၆ထောင်ကျော် စိုက်ပျိုးရေး အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့မှ စ၍ ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂စုမှ ဒေသခံ ၆ထောင်ကျော်ကို PNO ပြည်သူ့စစ်မှ ပြောင်းရွှေ့ရန်...

မိုင်းတုံမြို့နယ် စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းအမှတ်စဉ် (၁၅)အတွက် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူကာ ဝန်ထမ်းများ၊ ကျောင်းတက်နေသူများနှင့် မသန်စွမ်းသူများ ကင်းလွတ်ခွင့်ရပြီး...

ဖယ်ခုံမြို့အနောက်ဘက် လအိကျေးရွာကို စစ်ကောင်စီဗုံးကြဲ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက် လအိကျေးရွာရှိ ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းတော်ကြီးကျောင်း (ဘကကျောင်း) ကို စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်သောကြောင့် မူလတန်းမှ ကလေးငယ် (၂)ဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း သိရှိရသည်။ ယနေ့ ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ဘကကျောင်းအာ ဒရုန်းဖြင့်...

ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို တိမ်းရှောင်ခိုင်း

သျှမ်းပြည် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဇွန်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် အင်တောမြို့အနီး ကျောက်ဂူကျေးရွာအုပ်စုရှိ လွိုင်ဟောင်နှင့် ပုန်းအင်းကျေးရွာများသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း အင်တောမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန်...

နှစ်ပေါင်း ၃၀ နီးပါးစိတ်ခြောက်ခြားနေရဆဲ သျှမ်းပြည် ငရဲနှစ်

နန်းလိတ်သည် သူနေထိုင်ရာ ကွန်ဟိန်းမြို့ဆီသို့ ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ရှိတော့မည်။ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာထဲကို ဗမာစစ်သားများ ဝင်ရောက်ခဲ့စဉ် ၁၉၉၆ ခုမှစ၍ အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ တိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်မှာ အနှစ် သုံးဆယ်ခန့် ရှိလေပြီ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ညဘက်မှာ ကောင်းမွန်စွာ အိပ်မပျော်ခဲ့သည်မှာလည်း အနှစ်...

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန်...

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...

သိန္နီမြို့မှ MNDAA ထပ်မံတပ်ဆုတ်မည်ဟု သတင်းထွက်နေသော်လည်း ပြန်လည်ထူထောင်ရေး ဆက်လုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာနိုင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ပြန်လည်ထူထောင်ရေးကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့်...

စစ်ကောင်စီ တာကော်စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်များ ဖမ်းဆီးနေ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို စစ်ကောင်စီ၏ သံလွင်မြစ်ကူးတံတား တာကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၁ ရက်မှ စတင်၍ တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ကွန်ဟိန်းမြို့နယ်အတွင်း သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး...

Latest news