ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PNLAက ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး ဩဂုတ်လ (၉)ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် PNOတပ်သားများ ဝင်ရောက်လာပြီး ကယန်းပိုင်းရပ်ကွက်နှင့် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို မီးရှိုဖျက်ဆီးခဲ့ပြီး နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသညာ်။

“ စလောင်းထောင်ရွာသား တစ်ဦးကိုလည်း သူတို့သတ်ခဲ့တာ။ PNOကို ပြောချင်တာက လူတစ်စုရဲ့ အာဏာအတွက် ကိုယ့်လူမျိုးအိမ်မီးရှို့ သတ်ဖြတ်နေတာက သေချာစဉ်းစားဖို့ လိုတယ်။ PNO လူထုကြားကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အခုချိန်မှ အဖွဲ့အစည်းတစ်ခု အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဖြစ်သွားတာ ဖြစ်တယ်။စဉ်းစားဆင်ခြင်နိုင်တဲ့ ညဏ်တွေရှိပြီး ရုန်းထွက်ကြဖို့ ပြောလိုပါတယ်။”ဟု PNAL၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် PNOပြည်သူ့ စစ်နှင့် စစ်ကောင်စီတို့က ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို သိမ်းထားပြီး PNLA ဌာနချုပ်ရှိရာသို့ ဗုံးကြဲတိုက်ခိုက်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ PNOပြည်သူ့စစ်က ပအိုဝ်းလူမျိုးကို ကိုယ်စားပြုတဲ့ တပ်ဖွဲ့မဟုတ်ဘူး ။အဲဒီတပ်ဖွဲ့ထဲမှာရှိတာက အများစုက ပအိုဝ်းလူမျိုးဖြစ်တယ်။ စစ်ကောင်စီရဲ့ လွှမ်းမိုးမှုနဲ့ ကျေးရွာမီးရှို့ လူသတ်နေတာက PNOအနေနဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ဒီလိုမျိုး လုပ်ရပ်က ရွံစရာလည်း ကောင်းပါတယ်။ သခင်အားရ ကျွန်ပါးဝတဲ့ ပုံစံနဲ့ ပအိုဝ်းကျေးရွာမှာ မီးရှို့နေတာက တစ်နေ့ကျရင်ပြန်လည် တာဝန်ယူရလိမ့်မယ်။” ဟု အဆိုပါ ခွန်ရိန်းယံက ဆိုသည်။

ဆက်လက်ပြီး PNOပြည်သူ့စစ်ဘက်မှလည်း ထို ကျေးရွာများကို မီးရှို့ခြင်းလုပ်ရပ်များကို မလုပ်ကြောင်းနှင့် နောင်ထောဝ်ကျေးရွာဘက်ခြမ်းသည် PNOအပိုင်အဖြစ် သိမ်းဆည်း လိုက်ပြီဖြစ်ကြောင်း PNOမှ ဗိုလ်မှူးခွန်သန်းကြွယ်က ပြောသည်။

“မီးမရှို့ရပါဘူး။ အဲဒါ လိုင်းပေါ်မှာ လျှောက်ပြောတာ။ ရှို့ ၊ မရှို့ ကိုယ်တိုင်သွားကြည့်လို့ရတယ်။ သွားချင်ရင် လုံခြုံရေးယူပေးမယ်။ တိုက်ပွဲတော့ လောဆယ်မရှိတော့ဘူး။ နောင်ထောဝ်ဘက် ကျနော်တို့ရောက်နေတယ်။ ပွန်ချောင်းအနောက်ဘက်ကမ်း အကုန်ပြန်ရပြီ။ ဗုံးကြဲတာတော့ စစ်ကောင်စီက လုပ်တာ။” ဟု အဆိုပါ ဗိုလ်မှူးခွန်သန်းကြွယ်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း (၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။

ထိုကျေးရွာမှ ပြည်သူများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး နေရာထိုင်ခင်းနှင့် အစားသောက်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...