တောင်ကြီး မြို့မဈေးအနီး  ရဲနှင့်စစ်သားများ မှောင်ရိပ်ခိုပြီး ကုန်စိမ်းရောင်းသူများထံ ပိုက်ဆံ တောင်းကြမ်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးတွင် ရဲ နှင့်စစ်သားများသည် နံနက် ၃နာရီ မိုးမလင်းခင် စျေးလာသော ကုန်စိမ်းသည်များထံ ပိုက်ဆံတောင်းမှု ကြမ်းနေကြောင်း သတင်းရရှိသည်။​

ယမန်နေ့​( သြဂုတ် ၁၂)ရက် နံနက် ၃နာရီတွင် တောင်ကြီးမြို့ ဘုရားဖြူစျေးတွေ ကုန်စိမ်းရောင်းချရန်အတွက် မြို့မစျေးသို့ ကုန်စိမ်းများသွားရောက်သယ်ယူနေစဉ် ရဲနှင့်စစ်သားများက မှောင်ရိပ်ခိုပြီး ပိုက်ဆံတောင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စိမ်းရောင်းသူအမျိုးသမီးတစ်ဉီး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုရဲနှင့် စစ်သားများသည် မတော်မရော် စစ်ဝတ်စုံများဝတ်ဆင်ထားပြီး၊ အမှောင်ကို အားကိုးပြီး ကုန်စိမ်းသည်များထံ ငွေညှစ်တောင်းနေသည်။ 

“သူတို့က အမှောင်ထဲကနေ ထွက်လာတာ။ ဝတ်ထားတဲ့ ရဲနဲ့ စစ်ဝတ်စုံကလည်း စုတ်ပြတ်သတ်နေတာပဲ။ သေနတ်လည်း မပါ။ ရဲကားလည်း မပါဘူး။ အချိန်တစ်နာရီလောက်ပဲ စစ်ဆေး ငွေတောင်းပြီး ခြေကျင်ပြန်သွားကြတာ။ မိုးလင်းရင် သူတို့ကို မတွေ့တော့ဘူး။   ကျမဆို ပိုက်ဆံသုံးသောင်း ပေးခဲ့ရသေးတယ်။” ဟု ၎င်းကြုံတွေ့ခဲ့သည့် အမျိုးသမီးက ပြောသည်။ 

အဆိုပါ ရဲနှင့် စစ်သားများက ၎င်းတို့ တောင်းသည့်ငွေများမပေးလျှင် ရုံးကို လိုက်ခဲ့ရန် ခြိမ်းခြောက်သေးကြောင်း၊ နံနက် ၃နာရီအချိန်သည် ရုံးဖွင့်ရန် အချိန်မဟုတ်သဖြင့် ၎င်းတို့သည် ရဲနှင့်စစ်သား အစစ်အမှန်မဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောသည်။

“အခြေနေက တော်တော်ဆိုးနေပြီ။ မနက်တိုင်းလည်း မလာဘူး။ ကားသမားတွေကိုလည်း ဖမ်း ပိုက်ဆံတောင်းတာ။ ဆိုင်ကယ်သမားတွေဆိုလည်း ဆိုင်ကယ်သော့ ဖြုတ်ထားပြီး ခြိမ်းခြောက်ငွေတောင်းနေတာ။ ကုန်စိမ်းလည်း သွားယူရမှာတောင် ကြောက်နေပြီ။” ဟု အဆိုပါ ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ဆက်ပြောသည်။

ဆက်လက်ပြီး တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း မိုင်တဲလ်ရုံး အကျော်တွင်လည်း ရဲ နှင့် စစ်သား ဝတ်စုံ ဝတ်ဆင်ပြီး ညအချိန်မတော် ငွေတောင်းနေသူများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသည့် မြို့ခံအမျိုးသားတစ်ဉီးက ပြောသည်။

“အနောက်မြို့ပတ်လမ်းမှာလည်း ရဲနှစ်ယောက် တွေ့ရတယ်။ ညအချိန် တွေစောင့်ဖမ်း ငွေတောင်းတာ။ မိုးလင်းရင်တော့ ပျောက်ပြီ မတွေ့တော့ဘူး။”ဟု ၎င်းက ဆိုသည်။ 

ထိုသို့ ရဲဝတ်စုံနှင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသူများကို မြင်တိုင်း မကြောက်ကြရန်နှင့် တာဝန်အချိန်မဟုတ်ဘဲ ဖမ်းဆီးငွေညှစ်မှုများကြုံရလျှင်သက်ဆိုင်ရာသို့ အကြောင်းကြားရန် လိုအပ်ကြောင်း အသက် ၃၀ အရွယ် အမျိုးသားက အသိပေးထားသည်။

“စစ်ဝတ်စုံ ရဲ ဝတ်စုံမြင်တိုင်း ပြည်သူတွေကို မကြောက်စေချင်ဘူး။ လုပ်စားနေတဲ့သူက ပြည်သူတွေရဲ့ အားနည်းချက် အကြောက်တရားကို ချနင်းပြီး လုပ်စားတာ။ ဒီလိုအယောင်ဆောင်ထားတာတွေကို သက်ဆိုင်ရာ အကြောင်းကြားတာမျိုး လုပ်စေချင်တယ်။ သက်ဆိုင်ရာ ဌာနတွေကလည်း အရေးယူဆောင်ရွက်ပေးစေချင်တယ်။” ဟု ၎င်း အမျိုးသားက အသိပေးပြောထားသည်။

Drug banner

ပြီးခဲ့သည့် ဇူလိုင်လ ပထမ ပတ်တွင်လည်း တောင်ကြီးမြို့ပေါ် မြို့မဈေးမြောက်ဘက်နှင့် ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်တွင် ညအချိန်အလုပ်မှ ပြန်လာသူ လူငယ်များကို စစ်သားနှင့် ရဲများက ပေါ်တာဆွဲဖမ်းဆီးသွား၍ လူငယ် (၂၀)ကျော်ပါသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...