အောင်ပန်း လူထုသပိတ် စစ်တပ်မှ ဖြိုခွင်း တဦးသေဆုံး ၊ ၂ဦး ဒဏ်ရာရရှိ
SHAN -
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က ဆန္ဒပြသူများကို ကျည်အစစ်သုံးကာ ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ၂ဦး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီကျော်တွင်...
တောင်ကြီး စဝ်စံထွန်းဆေးရုံမှ CDM ပါဝင်သည့် ဝန်ထမ်းများ လိုင်းခန်းမှ ဖယ်ရှားခံရ
SHAN -
တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ပါဝင်သည့် ဝန်ထမ်းများ ယနေ့ (၁၅)ရက် အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။ စဝ်စံထွန်းဆေးရုံ ဝန်ထမ်းများ CDM ဆက်လုပ်မည်ဆိုပါက မတ် (၁၅)ရက်အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဆိုသည့် ဖိအားပေး အကြောင်းကြားစာကို ယမန်နေ့ (၁၄)ရက်တွင်...
စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃မျိုးတွင် သတင်းမီဒီယာ ပါဝင်
SHAN -
စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃ မျိုး တွင် သတင်းမီဒီယာ လည်း ပါဝင်ကြောင်း စစ်ကောင်စီက ယနေ့ (မတ် ၁၅) ထုတ်ပြန်ကြေညာလိုက်သည်။ ထို ၂၃ မျိုးတွင် နိုင်ငံတော် သစ္စာ ဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂) ၊ အစိုးရကို...
တောင်ကြီးမြို့ အလံနက်လွှင့်ထူပြီး ပြည်သူအချင်းချင်း အကာအကွယ်ပေးသွားမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို ရဲ၊စစ်တပ် မှ နေ့စဉ်နဲ့အမျှ ရာဘာကျည်ဖြင့် ပစ်ခတ်မှုပြုလုပ်နေသဖြင့် Team Black X မှ တောင်ကြီးမြို့ ပေါ် အလံနက် လွှင့်ထူလိုက်ကြောင်း ကြေညာလိုက်သည်။ ယနေ့ (မတ် ၁၄)ရက် တွင် ငြိမ်းချမ်းစွာ...
သျှမ်းမြောက် CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှ ဖယ်ရှားခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တွင် အာဏာကိုဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၃)ရက် တွင် CDM ပါဝင်သည့် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဆေးရုံမှ ဝန်ထမ်း (၁၁)ဦး၊ သိန်နီ ပြည်သူ့ဆေးရုံ မှ...
အောင်ပန်း လူထုသပိတ်စစ်ကြောင်း (၁၁)ဦး ဖမ်းခံရ၊ တဦးရာဘာကျည်ထိ
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၃)ရက် စစ်အာဏာ အလိုမရှိ ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းပြီး ဆန္ဒထုတ်ဖော်သူ (၁၁)ဦးကိုဖမ်းဆီးသွားပြီး၊ တဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ အောင်ပန်းမြို့ လူထု သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းလာခဲ့သည်မှာ ၃ရက်ရှိလာပြီး၊ ယနေ့ (မတ်...
နောင်ချိုတွင် လူမစုနိုင်အောင် တင်းကြပ်ထားသော်လည်း ပြောက်ကျားနည်းဖြင့် ဆန္ဒထုတ်ဖော်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့တွင် စစ်အာဏာဆန့်ကျင်လှုပ်ရှားရေး သပိတ် လူမစုနိုင်အောင် ရဲအင်အား အများ စောင့်ဆိုင်းသော်လည်း ပြောက်ကျားနည်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်နေကြကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ် ၁၁)ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်သူများ လူစုဝေးမရအောင် ရဲအင်အားများက နေရာအနှံ့ စောင့်ဆိုင်းနေကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းရန် ကြိုးစားနေကြသော်လည်း နောင်ချို့ လူထုသပိတ်စစ်ကြောင်းက...
တောင်ကြီးဆိုင်ကယ်သပိတ် ရာဘာကျည်ဖြင့်ဖြိုခွင်းခံရ၊ ၆ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ယနေ့ (မတ် ၁၂)ရက် ညနေ ၆နာရီ ခွဲဝန်းကျင်တွင် စစ်အာဏာရှင်ကျဆုံးရန် ဆန္ဒထုတ်ဖော်သည့် ဆိုင်ကယ်သပိတ်ကြောင်း ရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ (၄)ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ် က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ(၄)ဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း...
ကွတ်ခိုင် လူထုသပိတ် ပထမဆုံး မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းခံရသော်လည်း ဆက်လက်ဆန္ဒထုတ်ဖော်
SHAN -
သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့ တွင် စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒထုတ်ဖော်သည့်လူထုသပိတ်ကိုယနေ့ (မတ် ၁၂)ရက်မှာ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံးဖြင့်ဖြိုခွင်းခဲ့သော်လည်း ပြည်သူများက ပြောက်ကျားနည်းဖြင့် ဆက်လက်ထုတ်ဖော်ကြကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၂)ရက် မနက်ပိုင်းတွင် ကွတ်ခိုင်မြို့ဈေးအနီးတွင် ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က မျက်ရည်ယိုဗုံး အသုံးပြုကာ ဆန္ဒထုတ်သူများကို...
အောင်ပန်း လူထုသပိတ်ဖြိုခွင်း၊ဖမ်းဆီးမှုကြားက ဆက်လက်ဆန္ဒထုတ်ဖော်
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ က အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုရှိနေသော်လည်း ယနေ့ (မတ် ၁၂)ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ကြ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၁၁)ရက်တွင် အောင်ပန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုများကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းကာဖမ်းဆီးမှုပြုလုပ်ခဲ့သော်လည်း ယနေ့...





