စစ်ကျွန်ပညာရေးအောက် ကျောင်းမတက်ရန် လူငယ်များအရှိန်မြင့်လှုပ်ရှားမှု

“ ကျောင်းအပ်မယ်ဆိုရင် ဒီကလေးတွေ မမေ့ပါနဲ့”ဆိုသည့် စစ်ကောင်စီ လက်ချက်ကြောင့် ကျဆုံးသွားသော ကျောင်းသားပုံပါစာရွက်ကို သျှမ်းပြည်နယ်အနှံ့ တွင် လက်ကမ်းစာစောင် ဖြန့်ဝေနေတာကိုတွေ့မြင်ရသည်။

ဇွန်လအတွင်း စစ်ကောင်စီမှ ကျောင်းများ ပြန်ဖွင့်နိုင်ရန် ပညာရေးဝန်ထမ်းများကို စတင်ဖိအားပေးနေသည်။

ထို့ကြောင့် ကျောင်းများ ပြန်ဖွင့်မည်ဆိုပါက မိဘများအနေဖြင့် မိမိသား၊သမီးကို ကျောင်းမအပ်ရန် အတွက် “ စစ်ကျွန်မပညာရေး စနစ်ကို အလိုမရှိကြောင်း” “ စစ်အာဏာရှင် ပညာရေး အလိုမရှိကြောင်း” စာသားဖြင့် လူငယ်တွေက အရှိန်မြင့် ဆန္ဒထုတ်ဖော်နေကြသည်။

တဖက်မှာလည်း စစ်ကောင်စီ သည် စစ်အာဏာဖီဆန်ရေး (CDM )ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် (Non -CDM) ပြန်လုပ်ရန် လည်း ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေသည်။

“ ကျောင်းဆရာ၊ ဆရာမတွေ CDM လုပ်နေချိန် မိဘတွေ ကလေးကို ကျောင်းထပ်ပို့မယ်ဆိုရင် စဉ်းစားစရာပဲ။ မိဘတွေကိုလည်း ကလေးတွေ ကျောင်းမပို့ဖို့၊ စစ်တပ်က သေနတ်ပစ်သတ်တဲ့ကလေးတွေကိုမမေ့ဖို့ ကျနော်တို့ လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်” ဟု တာချီလိတ်မြို့ ဒေသခံလူငယ်တဦးက ပြောသည်။

အလားတူမြန်မာနိုင်ငံတစ်ဝှမ်းတွင်လည် “စစ်ကျွန်းပညာရေးစနစ်ကို အလိုမရှိ”၊ “ ကျဆုံးသွားတဲ့ ကျောင်းသူ/သားတွေရဲ့သွေး မခြောက်သေးဘူး မင်းတို့က ကျောင်းတက်ကြမှာလား” ပညာရေးဝန်ထမ်းများ စစ်ကောင်စီကို မပူးပေါင်းရန် လူငယ်များက လမ်းပေါ်ထွက် တောင်းဆိုဆန္ဒထုတ်ဖော်ကြသည်။

“ ကျနော်တို့က ဒီလိုမျိုးစာထုတ်ပြီး လိုက်လံဝေနေတာကတော့ ကျောင်းသားတွေကို ကျောင်းမတက်စေချင်သေးဘူး။ မိဘတွေကော၊ ဆရာမတွေကော ကျောင်းထာမယ်ဆိုရင် လူငယ်တွေ၊ ကလေးငယ်တွေ သတ်ခံရတာ အမှတ်ရစေချင်လို့ ဒီလိုစာတွေကို ဖြန့်ဝေရတာပေါ့။ အခုက ကျတော်တို့အားလုံးရည်မှန်းချက်တော့ အရေးတော်ပုံအောင်ဖို့ပဲ ” ဟု သီပေါမြို့ လူငယ်တစ်ဦး ကပြောသည်။

စစ်ကောင်စီ ဖွင့်လှစ်မည့် ကျောင်းကို တက်ရန် အတွက် စိတ်မလုံခြုံကြောင်း၊ ကျောင်းသွားထားလျှင်လည်း ကလေးကို စိတ်ပူရမည်ဖြစ်သဖြင့် ယခုနှစ်တွင် ကျောင်းမထားရန် ဆုံးဖြတ်လိုက်ကြောင်း သျှမ်းပြည် နေထိုင်သည့် မိဘများကပြောဆိုသည်။

လွန်ခဲ့သည့် တနှစ်တွင်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် ကလေး ပညာရေး တနှစ် နောက်ကျခဲ့ပြီး၊ ယခုနှစ်မှာ စစ်အာဏာသိမ်းဆည်းမှုကြောင့် ထပ်မံ နားရမည်ဖြစ်သဖြင့် မိဘအနေဖြင့် စိတ်မကောင်းဖြစ်သော်လည်း ကျောင်းသွားပြီး စိုးရိမ် ပူပန်မှု မဖြစ်ချင်ကြောင်း လားရှိုးတွင်နေထိုင်သည့် မိဘ တဦး က ပြောပြသည်။

“ ကလေး ပညာရေး နောက်ကျတာတော့ ဖြစ်တာပေါ့။ ကလေးတွေ ကျောင်းသွားပြီး အိမ်ကနေ စိတ်ပူပန်နေရမယ့် တူတူ ကျောင်းမထားတော့ဘူး။ ကျောင်းမသွားရရင် အပြင်ကနေ ဘယ်လို လေ့လာနိုင်မလဲဆိုတာကိုတော့ ကြိုပြင်ရမှာပေါ့” ဟု လားရှိုးတွင် နေထိုင်သူ မိခင် က ပြောသည်။

မိဘတိုင်းသည် သား၊သမီး ကျောင်းပြန်ဖွင့်မည်ကို မျှော်လင့်နေကြသော်လည်း လက်ရှိမှာတော့ ကျောင်းပြန်ဖွင့်မည်ကို စိုးရိမ်နေကြကြောင်း၊ ပညာရေး ဝန်ထမ်းများကလည်း CDM (စစ်အာဏာဖီဆန်ရေး)တွင် ပါဝင်နေသဖြင့် စာသင်ကြားမည့် ကျောင်းဆရာမများမရှိမည့် အတူ ကျောင်းပေးသွားရန် ဆုံးဖြတ်ကြကြောင်း သိရသည်။

“ ကိုယ်သားသမီး လုံခြုံးရေးလည်းစိတ်ပူရတယ်။ နောက် ဆရာမတွေ က CDM နေချိန် ကိုယ်က ကလေးကို ကျောင်းသွားထားရင် ကလေးတွေက ဘယ်သူနဲ့ သင်မှာလဲ။ စာသင်နေချိန် ကလေးတွေဘာဖြစ်မယ်မှန်းမသိ မလုံခြုံဘူးလေ” ဟု အထက်ပါ မိခင်က ပြောသည်။

ယမန့်နေ့ မေလ ၃ ရက်နေ့တွင် စစ်ကောင်စီမှ ပညာရေးဝန်းထမ်းများကို အလုပ်ဆင်းခိုင်းပြီး၊ အလုပ်မဆင်းသည့် ပညာရေးဝန်ထမ်းများကို ရာဇာဝတ်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းရန် ခြိမ်းခြောက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်ကျွန်းပညာရေးစနစ်ကို အလိုမရှိသောကြောင့် ပြည်သူများက ကျောင်းရှေ့တွင် ဆက်လက် ဆန္ဒထုတ်ဖော်နေလျက်ရှိကြောင်းသိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ ပညာရေးဝန်းထမ်းများကို ပိုမိုဖိအားပေးလာသောကြောင့် CDM ပညာရေးဝန်းထမ်းတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာမှုများပြားလာသောကြောင့် စစ်ကောင်စီမှ ကျောင်းအထွေထွေ လုပ်သားများကို မူလတန်းပြ အဖြစ် အလုပ်ခန့်နေသည်ကိုလည်း တွေ့မြင်ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်းထမ်းများ၊ အစိုးရဝန်းထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော် ယန္တယားများ ကောင်းမွန်စွာလှည့်ပတ်နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...