Wednesday, January 28, 2026

တောင်ကြီးလူငယ် (၃) ဦး ဖမ်းခံရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း (၂၁၂ တပ်) အနီး၌ ယမန့်နေ့ ( မေ ၆ )ရက် မနက်ပိုင်း တွင် စစ်ကောင်စီမှ လူငယ် ၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ လူငယ် ၃ဦးကို မနေ့က မနက်ပိုင်း ဖမ်းသွားတာ။ ၂၁၂ စစ်တပ် ရဲ့ အပေါ်ဘက် နားမှာ ဖမ်းသွားတာ။ ဘယ်နေရာကိုဖမ်းခေါ်သွားလဲဆိုတာ တော့မသိရသေးဘူး” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ ဖမ်းဆီးခံရသည့် လူငယ် (၃)ဦးသည် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည် ကို မသိရှိရကြောင်း၊ လက်ရှိမှာ လည်း မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိကြောင်း၊ ထိုဖမ်းခံရသူ (၃)ဦး အကြောင်းကို လိုက်လံစုံစမ်းနေရကြောင်းလည်း တောင်ကြီး လူငယ်များက ပြောသည်။

ယခုနောက်ပိုင်းတောင်ကြီးမြို့ တွင် လုံခြုံရေးအရ တင်းကြပ်လာသဖြင့် စစ်အာဏာရှင်ဆန့်ကျင်သည့် လှုပ်ရှားမှုကို လမ်းပေါ်ထွက် လုပ်ဆောင်ရန် ခက်ခဲလာပြီး၊ စစ်ကောင်စီ အုပ်စုသည် လမ်းသွား၊လမ်းလာများ၏ ဖုန်းကို ယူစစ်ဆေးမှုများပြုလုပ်နေကြသည်။

“ အဖမ်းအဆီးတွေ က များလာတယ်။ ဘယ်နေ့ ကိုယ်ကို လာဖမ်းမယ်မသိဘူး။ ဒါကြောင့် လူငယ်တွေ အိမ်မှာ မနေရဲဘူး။ ထွက်ပြေးနေရတာ ၁လခွဲရှိပြီ။ လူငယ်တွေ အဖမ်းအဆီးကလည်း ကြားရတယ်။ စာရင်းသေချာ ကောက်မရဖြစ်နေတယ်” ဟု လက်ရှိထွက်ပြေးတိမ်းရှောင်နေရသည့် တောင်ကြီး လူငယ်တဦး ကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် ဖမ်းဆီးခံရသည့် ပြည်သူ (၅၆ )ဦး ရှိပြီး၊ စစ်ကောင်စီ လက်နက်ဖြင့် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် ပြည်သူများ နေအိမ် အထိ အကြောင်းမဲ့ လိုက်လံဖမ်းဆီးခြင်း၊ ကားတိုက်ပြီး ဖမ်းဆီးခြင်း တို့ကိုပြုလုပ်ကြောင်း သိရသည်။

စစ်အာဏာဆန်ကျင်သူများ၊ နာမည်ကြီးပုဂ္ဂိုလ်များ၊ အနုပညာရှင်များ တို့ကို ရာဇသတ်ပုဒ်မ ၅၀၅ ကဖြင့် ဖမ်းဝရမ်းထုတ်ပြီး အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...