ကျောက်မဲမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား၊ မိသားစုဝင်နှင့် အဆက်အသွယ် မရသေး

သျှမ်းပြည်‌ မြောက်ပိုင်း ကျောက်မဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီ မှ လူငယ်(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့ အချိန်ထိ သတင်း တစုံတရာမကြားသည့်အပြင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ ဖမ်းဆီးသွားသည့် သူများမှာ အသက် (၁၇)နှစ်အရွယ် ရဲမင်းပိုင်း နှင့် အသက် (၂၇)နှစ်အရွယ် ကျော်ဇင်ဗိုလ် တို့ ဖြစ်ကြောင်း သိရသည်။


ထို လူငယ် (၂)ဦးကို (မေ ၅)ရက် ည ၁၁နာရီ ဝန်းကျင် တွင် စစ်ကောင်စီ အုပ်စု က နေအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး၊ ယနေ့အချိန်ထိ မည်သည့်နေရာခေါ်ဆောင်သွားသည်ကို မသိရှိသေးကာ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရသေးသဖြင့် စိုးရိမ်နေကြကြောင်း ကျောက်မဲမြို့ ဒေသခံများ က ပြောသည်။

ကမ္ဘာ့လုံးဆိုင်ရာ နွေဦးတော်လှန်ရေး နေ့ မေ ၂ရက်တွင် စစ်ကောင်စီ အုပ်စုက ဆန္ဒပြ လူငယ်များကြား ဓာတ်ပုံလိုက်လံရိုက်ယူပြီး၊ ထိုဓာတ်ပုံထဲတွင် ပါဝင်သည့် လူငယ်များ၏ ပုံကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“ စစ်ကောင်စီ အုပ်စုက ဆန္ဒပြ လူငယ်တွေရဲ့ပုံကို လိုက်ရိုက်တယ်။ အဲ့နေ့က လူငယ်တွေ ဓာတ်ပုံမရိုက်ဖို့ ပြောတယ် ထိုးကြိတ်မှုတောင်ဖြစ်ခဲ့တယ်။ ဒီ လူငယ် (၂)ဦးက ဓာတ်ပုံထဲပါတော့ လိုက်စုံစမ်းပြီးဖမ်းလိုက်တာပဲ ထင်တယ်” ဟု ကျောက်မဲ ဒေသခံ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်(၂)ဦးသည် လက်ရှိ အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသဖြင့် ကျောက်မဲဒေသခံများက စိုးရိမ်နေကြကြောင်း၊ လူငယ် (၂)ဦးဖမ်းခံပြီးနောက် စစ်အာဏာဆန့်ကျင်ရေး ဆက်လက် လုပ်ဆာင်နေသော်လည်း လုံခြုံရေးအရ ယခင်ကထက် ပိုပြီးစိုရိမ်နေကြသည် ဟု ဆန္ဒပြ လူငယ်များက ပြောသည်။

“ သူတို့ ခုလိုမျိုးဖမ်းဆီးသွားတာတော့ လုံးဝစိတ်မကောင်းပါဘူး။သူတို့(စစ်ကောင်စီ )နဲ့ ပြဿနာဖြစ် ထားတော့ ပိုပြီးစိတ်ပူရပါတယ်။ သူတို့ အကြောင်းကိုလည်းလိုက်စုံစမ်းနေတာ။ ဘာသတင်းမှ မရသေးဘူး။ သူတို့ဘယ်ကို ခေါ်သွား လဲမသိရဘူး” ဟု ၎င်းဒေသခံ က ထပ်လောင်း ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက် ကျောက်မဲမြို့တွင် ပြည်သူ ၆ ဦးဖမ်းဆီးခံရပြီး၊ ညအမိန့် မထွက်ရဖြင့် ညပိုင်းတွင်စစ်ကောင်စီ သေနတ်လက်ချက်ဖြင့် ၁ ဦးသေဆုံးသွားခဲ့ရသည်။

ထို့အပြင် ကျောက်မဲဒေသခံ(၄)ဦး မည်သည့် နေရာရောက်ရှိနေသည်ကို မသိရှိ ပျောက်ဆုံးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...