သီပေါမြို့ပေါ်ရောက်လာသည့် ပြည်သူ့စစ် ဘယ်သူ့အတွက်လဲ

ပြည်သူ့လုံခြုံရေး ကို တာဝန်ယူမည် ဟု ပြောဆိုပြီး သီပေါမြို့ပေါ်သို့ သျှမ်းပြည်မြောက်ပိုင်းမှာ သမိုင်းဝင် အထင်ကရ ပြည်သူ့စစ်တပ်ဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာပြီး လူထု လုံခြုံရေးအတွက် အာဏာသိမ်းတပ်နှင့် ဆွေးနွေးခဲ့သည်။

သူတို့ရောက်ရှိလာတာ တစ်ပတ်နီးပါးရှိပါပြီ။

သီပေါမြို့ ဒေသခံအတွက် သူခိုး၊ ရန်သူများကို ကာကွယ်ပေးရန် လုံခြုံရေး အပြည့်အဝပေးရန် နှင့် ဆန္ဒပြ သည့် လူငယ်များကို စစ်ကောင်စီ မှ မဖြိုခွင်းနိုင်ရန် အတွက် ဟု ဆိုပြီး ရောက်ရှိ လာသည့် အဆိုပါ ပြည်သူ့စစ်တပ်က စိန်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ပါသည်။

သို့သော် သီပေါ လူငယ်များအနေဖြင့် လုံခြုံရေး အတွက်ရောက်လာသည့် စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် အာဏာသိမ်းတပ် ဆင့်ခေါ်၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အားအယုံအကြည် မရှိကြောင်း၊ ပြည်သူ့စစ်များသည် စစ်ကောင်စီ တပ်ဖွဲ့ ၏ လက်အောက်ခံ တွင်တည်ရှိသည့်အတွက် စိုးရိမ်မှုရှိနေကြောင်း လည်း သီပေါ ဆန္ဒပြခေါင်းဆောင် လူငယ်တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ယခင်ကတည်းက သူတို့က စစ်ကောင်စီနဲ့ မိတ်ဖက်တွေပါ။ သူတို့က ၁ ရက်နေ့က ဆန္ဒပြပြည်သူတွေကို ကာကွယ်ပေးမယ်။ စစ်တပ်ပစ်ရင် သူတို့ကာကွယ်ပေးမယ်ဆိုပြီး အယုံသွင်းပါတယ်။ တကယ်စစ်ကောင်စီက ပစ်ရော ပြည်သူစစ်က အလိုလိုရှောင်ထွက်သွားပါတယ်။” ဟု ဆန္ဒပြ ခေါင်းဆောင် လူငယ်တဦး က ဆိုသည်။

သီပေါမြို့ လူထု သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းမှုမပြုလုပ်ရန် အတွက် စိန်ကျော့ ပြည်သူ့စစ်မှ စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်ညှိနှိုင်းပေးခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း မေ(၂) ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့တွင် လူထုသပိတ်ဖြိုခွင်းခံရပြီး လူငယ်တဦး ကျဆုံးခဲ့ရသည့်အတွက် ဆိုင်ကျော့ပြည်သူ့စစ်ကို အယုံအကြည်လုံးဝမရှိတော့ ကြောင်း အထက်ပါ လူငယ်က ပြောသည်။

“ တပ်နဲ့ ပြည်သူစစ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတစ်ခုလုပ်ပါတယ်။ ပြည်သူတွေကို သေနတ်နဲ့ မပစ်ခတ်ဖို့ဆိုပြီး၊ ဒါပေ့မယ့် လည်း ထင်ထားတဲ့ အတိုင်းပါဘဲ ပစ်ပါတယ်။ ကမ္ဘာနွေဦးတော်လှန်ရေးနေ့မှာဘဲ ၁ ဦးကျသွားတယ်။” အသက် ၂၅နှစ်အရွယ် ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသမီး တဦးကပြောသည်။

စိန်ကျော့ပြည်သူ့စစ် သည် သီပေါမြို့ပြည်သူများ၏ လုံခြုံရေး အရ တာဝန်ယူရန် လာရောက်စောင့်ကြည့်ပေးခြင်း၊ ပြည်သူများဆန္ဒပြလူထုများ အန္တရာယ်ကြုံလာပါက ပြည်သူဘက် ရပ်တည်ကာ ကာကွယ်ပေးမည်ဟု ကြွေးကြော်ကာ လာရောက်ကြခြင်းဖြစ်ကြောင်း သီပေါမြို့ ဒေသခံ အမျိုးသမီး တဦးက ပြောပြသည်။

“ သူတို့က (စိန်ကျော့ ပြည်သူ့စစ်) က ပြည်သူ့ဘက်လို့ ပြောနေပေမယ့် စစ်ကောင်စီတပ်ရဲ့ အလိုကျလုပ်ရတယ်။ စစ်ကောင်စီ ရဲ့ လက်အောက်မှာရှိတာဆိုတော့ စစ်ကောင်စီ အမိန့်ပေးရင်လုပ်ရမှာပဲလေ” ဟု ၎င်း အမျိုးသမီးက ပြောသည်။

စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် သည် ၁၉၈၉ ခုနှစ်က စစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်တစ်ခု၏ ဉက္ကဌ ဗိုလ်ချုပ်လွယ်မော ဆိုသူ ဖြစ်သည်။ ၂၀၀၉ ခု နှစ်က် တပ်မဟာ သုံးခု ဦးဆောင်ပြီး စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ် အဖြစ် အသွင်ပြောင်းထားသည်။

လူထုကို မပစ်ရန် စစ်တပ်ကို တားမရသော်လည်း ပြည်သူ့စစ်တပ်ဖွဲ့တဖွဲ့အနေဖြင့် တတ်နိုင်သည့် ဘက်က လူထု ဘက် ရပ်တည်ပေးကြောင်း အမည်မဖေါ်လိုသည့် စိန်ကျော့ ပြည်သူ့စစ်အရာရှိငယ် တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ကျနော်တို့က လူထုဘက်ရပ်တည်တယ် ဆိုပေမယ့် တပ်ကို ရန်ပြုလို့မရဘူးလေ။ ကျနော်တို့လုပ်နိုင်တဲ့အပိုင်းက ကျနော်တို့ လုပ်ပေးတယ်။ အဖမ်းခံ ရရင် ပြန်လွှတ်ပေးဖို့ ရဲ ကိုကော တပ်ကိုကော ကူပြောပေးတယ်။ တပ်က ဘယ်မှာရှိ လဲ ရဲက ဘယ်မှာ ရှိလဲ သူတို့လာရင် ဘယ်ကလာ နေပြီဆိုတာ ဆန္ဒပြတဲ့သူတွေနဲ့ ထိပ်တိုက်မဖြစ်အောင် ကျနော်တို့ ချိတ်ဆက်သတင်းပေးတာဘဲ၊ ကျနော်က လူထု ကို ဘယ်တော့မှ ရန်မပြုဘူး။ လူထု ကိုမပစ်နဲ့လို့ တပ်ကို ကျနော်တို့ တားလို့မရပေမယ့် လူထုကို ကူဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်၊ ကူလည်းကူညီနေပါတယ် ” – ဟု အမည်မဖေါ်လိုသည့် စိန်ကျော့ ပြည်သူ့စစ်အရာရှိ တဦးကပြောသည်။

သီပေါဒေသခံများ ပြောပြချက် အရ မေ (၂) ကမ္ဘာ့လုံးဆိုင်ရာ နွေဦးတော်လှန်ရေး နေ့ တွင် ဆန္ဒပြရာ မှာ ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် စိန်ကျော့ ပြည်သူ့စစ် က အမှန်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ သီပေါမြို့ ပေါ်အတွင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမရအောင် စစ်ကောင်စီ အုပ်စု နှင့် ပြည်သူ့စစ်အုပ်စု ပူးပေါင်းကာ တပ်ဖြန့်ထားကြောင်း၊ အရပ်ဝတ်ဖြင့် သာ ဝတ်ဆင်ပြီး မြို့လည်ခေါင်တွင် သွားလာနေကြောင်း သိရသည်။

သီပေါမြို့တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ တင်းကြပ်စွာစောင့်ကြည့်နေသော်လည်း ပြည်သူများက ရရာနည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြလျက်ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...