ကျောက်မဲမြို့တွင်း စစ်ကောင်စီမှ သေနတ်ပစ်ခတ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ ယမန်နေ့ (ဇန်နဝါရီ ၁၄) ရက် ညပိုင်းတွင် ဆိုင်ကယ်စီးလာသူကို သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ထိုပစ်ခတ်မှုသည် ည ၈ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၈) ထုံးဖိုရပ်၊ အထက ၁ ကျောင်းနှင့် ကွန်ဖြူးရှပ်ကျောင်းအနီးတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း...
မိုင်းဆတ်မြို့အတွင်း သူခိုးသောင်းကျန်း ဒေသခံများ လှည့်ကင်းစောင့်ရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေသဖြင့် ဒေသခံများ စုဖွဲ့ကာ အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းရရှိသည်။ မိုင်းဆတ်မြို့မှ ဝိန်းဝိုင်၊ ဝိန်းကောင်း၊ ဝိန်းနေ ရပ်ကွက်တို့မှ ဒေသခံတို့သည် သူခိုးရန်မှကာကွယ်ရန်အတွက် အမျိုးသားများသည် အိမ်ထောင်စုအလှည့်ကျ ရပ်ကွက်ကင်းလှည့်ရကြောင်း မိုင်းဖြတ်မြို့မှ လူငယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို...
ကရင်နီ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ
အာဏာသိမ်း စစ်ကောင်စီတို့ ပြင်းထန်စွာ ထိုးစစ်ဆင်နေသည့် ကရင်နီပြည် (ကယား)ရှိ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက် မှ သံဃာ တော် အပါး (၄၀)ကျော်သည် တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ စစ်ရှောင်ရောက်ရှိလာကြောင်း သတင်းသိရသည်။ “လွိုင်ကော်မြို့ထဲနဲ့ ဒီ့ပြင် ကျောင်းတော်တော်များများကိုလည်း လက်နက်ကြီးတွေ သေနတ်တွေလာမှန်တော့ ဦးဇင်းတို့လည်း ရှောင်ထွက်လာရတာပါ၊...
သျှမ်းတောင်ရောက် စစ်ရှောင် ၃သောင်းနီးပါးရှိ
ကရင်နီ (ကယား)ပြည်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ကရင်နီ ပြည်မှ သျှမ်းတောင်သို့ ထွက်ပြေးလာသည့် စစ်ရှောင် စုစုပေါင်း (၃) သောင်း နီးပါးရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ စစ်ရှောင်များသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊...
ညောင်ရွှေမြို့နယ်ရောက် စစ်ရှောင်အတွက် စားနပ်ရိက္ခာလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်မြို့ ငွေတောင်ဓမ္မာရုံတွင်ရောက်ရှိနေသည့် ကရင်နီ စစ်ဘေးရှောင် (၉၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာလိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ (၁၂)ရက်က ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာပြီး လက်ရှိမှာ ရေရှည်အတွက် စားနပ်ရိက္ခာ လိုအပ်ကြောင်း မိုင်းသောက်ဒေသခံ ပရဟိတလုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ စထွက်ပြေးလာတုန်းကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲလာတယ်။...
ကျောက်မဲမြို့ နေအိမ်များထံ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ
သျှမ်းမြောက် ကျောက်မဲမြို့ နေအိမ်များနှင့် လမ်းသွား၊ လမ်းလာသူများကို စစ်ကောင်စီမှ လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ ကျောက်မဲမြို့တွင်း လမ်းများအပြင် ရပ်ကွက်အတွင်းရှိ နေအိမ်တချို့ကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ “စစ်ဆေးတာတွေ ရှိတယ်၊ ၂ ကွက်နဲ့ ၇ ကွက်တွေမှာစစ်တယ်၊...
ပင်လောင်းမြို့ စစ်ရှောင်များအတွက် အကူအညီများ လိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ ထပ်မံ လိုအပ်နေကြောင်း သတင်းသိရသည်။ ပင်လောင်းမြို့နယ် နောင်တရားသို့ ရောက်လာသည့် စစ်ဘေးရှောင်ပြည်များအတွက် ကျန်းမာရေး ဆေးဝါးများ၊ ကုသစောင့်ရှောက်မှုများ၊ ရေ၊ မီး နှင့် အစားအသောက်များအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သတင်းသိရသည်။ “ဆောင်းတွင်းဆိုတော့ လှုံဖို့ ထင်းမီးတွေ၊ အဝတ်အထည်တွေ...
တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ဆေးမှု ပိုတင်းကြပ်လာ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်တွင် ယခင်ထက် စစ်ဆေးမှု ပိုမို တင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယခင်ထက် စစ်ကောင်စီတပ်ဖွဲ့များက အင်းအားတိုးချဲ့လာပြီး စစ်ဆေးမှုကို ပိုမိုတင်းကြပ်လာလျက်ရှိကြောင်း သိရသည်။ “စစ်ဆေးတာကတော့ ပိုပြီး စစ်ဆေးလာတယ်။ တစ်နေရာမှာ တားပြီး စစ်တာလည်းရှိတယ်။...
တောင်ကြီးနှင့် ဟိုပုံးမြို့ရှိ စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရ
SHAN -
စစ်ကောင်စီမှ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တောင်ကြီးနှင့် ဟိုပုံးမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရကြောင်း သတင်းသိရသည်။ ဟိုပုံးမြို့ ရန်ကင်းရွာ ဇောတိကာရာမကျောင်းတိုက်နှင့် ရပ်ကွက်တွင်း ခိုလှုံနေထိုင်ကြသည့် စစ်ရှောင်များအနေဖြင့် သက်ဆိုင်ရာရပ်ကွက်ရုံးသို့ ဧည့်စာရင်းတိုင်ထားရပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုမပါလာသူများက ဆွေမျိုးများ၏ ထောက်ခံချက်ဖြင့် ဧည့်စာရင်းတိုင်ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ရှောင်တွေကို...
ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသည့် တချို့စစ်ရှောင်များအတွက် ရေအခက်အခဲရှိနေ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များ ခိုလှုံနားနေသည့် တချို့သော နေရာများတွင် ရေအခက်အခဲရှိနေကြောင်း သတင်းသိရသည်။ “သောက်ရေအတွက်တော့ အားလုံးအဆင်ပြေပါတယ်၊ ဒါပေမဲ့ ချိုးဖို့နဲ့ လျှော်ဖို့ ဖွတ်ဖို့က အားလုံးအတွက် မလုံလောက်ဘူး၊ အဲ့ကြောင့် စခန်းနဲ့ နည်းနည်းဝေးတဲ့ ရေကန်ကိုသွားရတယ်၊ အဲ့အတွက် တချို့က သွားဖို့ အဆင်မပြေဘူး” ဟု...





