ရွာငံမြို့ စစ်ကောင်စီ မှ လူငယ်တစ်ဦး အကြောင်းမဲ့ပစ်သတ်ပြီး လူငယ်သုံးဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း နေထိုင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်သတ်ပြီးနောက် လူငယ် (၃)ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄)ရက်တွင် ရွာငံမြို့ နွားဘန်းကြီးကျေးရွာ၌ ခြံမှ အိမ်သို့ ပြန်လာသည့် အသက် ၂၀ ဝန်းကျင်အရွယ် မောင်ဇင်မင်းခိုင်ကို စစ်ကောင်စီတပ်သားတို့မှ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ပြီး အလောင်းကိုလည်း ယူသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီကားတွေက အရှိန်ပြင်းပြင်းနဲ့ အိမ်ရှေ့က မောင်းဖြတ်သွားတာတော့ တွေ့တယ်၊ ကားကြီးရော ကားသေးရော ၅ စီးလောက် ရှိတယ်၊ နောက်တော့ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတယ်၊ အချက် ၂၀ ကျော်လောက်ရှိတယ်။ လူငယ် ၃ ဦးကိုလည်း ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် နွားဘန်းကြီးကျေးရွာအတွင်းသို့ အရှိန်ပြင်းပြင်းနှင့်မောင်းဝင်လာပြီး မောင်ဇင်မင်းခိုင်ကို အကြောင်းမဲ့ ပစ်သတ်သွားပြီးနောက် ကျေးရွာတွင်းသို့ အင်အားဖြန့်ကျက်စစ်ဆေးမှုများပြုလုပ်ပြီး မောင်ဇင်မင်းခိုင် ရုပ်အလောင်းကိုလည်း ပြန်ပေးခြင်းမရှိဘဲ လူနာတင်ယာဥ်ဖြင့် ကလောမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

လူနာတင်ယာဥ်ထွက်သွားပြီး မရှေးမနှောင်းတွင် နောက်ထပ်အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားတို့က ရွာငံမြို့နှင့် နွားဘန်းကြီး ကျေးရွာတွင်းသို့ ထပ်မံရောက်ရှိလာပြီး လူငယ်သုံးဦးနှင့် ကျေးရွာတွင်းမှ တချို့နေအိမ်များကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့(စကစ)က အလောင်းကို ပြန်မပေးပါဘူး၊ ပြီးတော့ အင်အားထပ်ဖြည့်ပေးပြီး ရွာကို လှည့်လည်စစ်ဆေးမှု လှုပ်သေးတယ်၊ အခုထိ နွားဘန်းကြီးကျေးရွာထဲမှာ စစ်ကောင်စီအင်အား ၂၀၀ ကျော်လောက်ရှိနေတုန်းပဲ၊ သူတို့က ဒီ နွားဘန်းကြီးကျေးရွာထဲမှာ PDF ရှိတယ်ထင်နေတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့ ပစ်သတ်လိုက်သည့် အသက် ၂၀ ဝန်းကျင် မောင်ဇင်မင်းခိုင်သည် မိဘများကို ရှာဖွေကျွေးမွေးနေသည့် သူဖြစ်ပြီး၊ ၎င်းသေဆုံးမှု အလောင်းပြန်မရခြင်းကြောင့် မိဘများအနေဖြင့်လည်း စိတ်ထိခိုက်ပြီး ကျန်းမာရေး အခြေအနေမကောင်းကြောင်း သိရသည်။

ရွာငံမြို့သည် အာဏာသိမ်းပြီးခါစ ကာလတွင် အေးချမ်းစွာ နေထိုင်ရှာဖွေ စားသောက်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ စစ်တပ်ထောက်ခံသူ ဒလန်သတင်းပေးမှုကြောင့် လူငယ်များစွာ ဖမ်းဆီးခံရပြီး ဒေသတွင်းနေထိုင်မှု လုံခြုံရေးကင်းမဲ့နေကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...