ပင်းတယမြို့မှ ဒလန်ဟု နာမည်ထွက်နေသော ဆိုင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စစ်တပ် သတင်းပေးသူဟု နာမည်ကြီးနေသော ဆိုင်းဆရာ တစ်ဦး ဆိုင်းတီးနေစဉ် သေနတ်လေးချက် အပစ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀)ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပင်းတယမြို့နယ် အုံအက်ကျေးရွာမှ သာစည်မြို့နယ် သဲဖွတ်ရွာ ရှင်ပြုပွဲသို့ ဆိုင်းတီးရန် သွားရောက်သည့် ဆိုင်းဆရာ ဦးစိန်ကျော်၀င်း သေနတ် ၄ ချက် ပစ်ခံရကြောင်း သတင်းသိရသည်။

“ရှင်ပြုပွဲမှာ ဆိုင်းတီးနေရင်းနဲ့ သေနတ်ပစ်ခံရတာပါ၊ သူ့ဗိုက်ကို ၃ ချက်၊ ပေါင်ကို ၁ ချက် သေနတ်ကျည်ဆံဝင်သွား တယ်၊ လူလည်းရှုပ်နေချိန်ဆိုတော့ ဘယ်သူက လာပစ်သွားမှန်းမသိရဘူး၊ သေနတ်သံလည်း သိပ်မကျယ်ဘူး၊ တစ်ခုခုနဲ့ အုပ်ပြီး ပစ်လိုက်တာ ထင်တယ်” ဟု ဖြစ်စဥ်များကို သိရှိရသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်ခံရသူသည် ပင်းတယမြို့နယ် အုံအက်ကျေးရွာတွင်နေထိုင်သည့် ဆိုင်းဆရာ ဦးစိန်ကျော်ဝင်းဖြစ်ပြီး အသက် ၆၀ ဝန်းကျင်ခန့်ရှိကြောင်း ပင်းတယမြို့မှ ဒေသခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက စစ်တပ်ကို ထောက်ခံသူပေါ့၊ စစ်တပ်ထောက်ခံပွဲတွေကိုလည်း ဦးဆောင်ပြီးလုပ်တယ်၊ သူ့သတင်း ပေးချက်ကြောင့် အပစ်မဲ့ရွာသားတွေ လူငယ်တွေ ဖမ်းဆီးခံရတာ မနည်းတော့ဘူး၊ အောင်ပန်းက ကုတင် ၇၀၀ ကို ပို့ပြီး အဲ့မှာဆုံးသွားတယ်” ဟု ပင်းတယမြို့မှ ဒေသခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ပစ်ခတ်ခံရသူ ဦးကျော်စိန်ဝင်းကို ပင်းတယဆေးရုံမှ တဆင့် အောင်ပန်းမြို့ရှိ စစ်တပ်ဆေးရုံ (ကုတင် ၇၀၀) ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးသွားကြောင်း သိရသည်။

“မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်း ဒလန်တစ်ယောက် (ဦးကျော်စိန်ဝင်း) ပစ်သတ်ခံရတယ်၊ ညပိုင်းရောက်တော့ အုံအက်ကျေးရွာမှာ ရွာသားသုံးဦးကို စစ်ကောင်စီက လာဖမ်းသွားတယ်၊ အကြောင်းမဲ့ သက်သက်ပဲ၊ ဘယ်ကိုဖမ်းသွားလဲတောင်မသိရဘူး” ဟု ပင်းတယမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပင်းတယမြို့တွင် စစ်တပ်အခြေစိုက်လှုပ်ရှားမှုများမရှိခဲ့သော်လည်း စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင် ဆန့်ကျင်တော်လှန်သူများကို စစ်တပ်သတင်းပေးနှင့် ဒလန်များ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူ များပြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပေါ်ထွက်လာတာ တွေ့ရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀)ရက်တွင်လည်း ပင်းတယမြို့မှ မြို့ပြပျောက်ကြားအဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...