သျှမ်းလက်နက်ကိုင် တိုက်ပွဲကြောင့် ထိုင်းသို့ တရားမဝင်လာသူ (၂၂၀) ဦးကျော် ဖမ်းဆီးခံထားရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ (၂၂၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဝင်ရောက်လာသူများသည် သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြင့် သော်လည်းကောင်း၊ ကရင်နီပြည် မှာ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 ဇန်နဝါရီ (၂၉) ရက်နေ့ စာရင်းအရ သျှမ်းပြည် မိုင်းကိုင်၊ မိုင်းရှုး၊ ကျိုင်းတောင်း၊ လဲချား၊ ပင်လုံ၊တောင်ကြီး၊ ဖယ်ခုံ နှင့် ကရင်ပြည် လွိုင်ကော်တို့မှ ထွက်ပြေးလာပြီး ချင်းမိုင်ခရိုင် အတွင်း ထိုင်းနယ်စပ် ဖန်မြို့နယ် မှာ ဝင်လာသူ (၂၂၇) ဦး ဖမ်းဆီးခဲ့ရပြီး ထိုအထဲမှာ အမျိုးသမီး (၁၀၃) ဦး ပါရှိကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း  (SWAN) မှ ထုတ်ပြန်ထားသည်။

“ထိုင်းဘက်က တာဝန်ရှိသူတွေပြောပြချက်အရတော့ ပြန်ပို့မယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ရက်တော့ အတိအကျမပြောဘူး။ သူတို့ဘက်တော့ပြန်ပို့မယ်လို့တော့ပြောတယ်” ဟု SWAN မှ တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

 ဖန်မြို့နယ်မှာ ရောက်ရှိသည့် စစ်ရှောင်များသည် ချောင်းဆိုးပျောက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ အမျိုးသမီး အမျိုးသား အတွင်းခံ ပစ္စည်းများလိုအပ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က မယ့်အိုင်းမြို့နယ်မှာလည်း (၃၅) ဦးကျော်ရှိတယ်။ သူတို့တွေကတော့ သောက်ရေတွေ ခေါင်းလျှော်ရည်တွေ လိုအပ်တယ်” ဟု SWAN က တာဝန်ရှိသူ တစ်ဦး ကပြောသည်။

မိုင်းကိုင်မြို့ အတွင်း “ဝ” တပ်သားများ တိုးများလာကာ အမျိုးသမီးငယ်များကို အတင်းအဓမ္မ လက်ထပ်ယူမှုများရှိပြီး လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှုများ မုဒိမ်းမှုများ ရှိခဲ့ကြောင်း SWAN ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာလမှ စတင်ပြီး သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များအချင်းချင်းကြား တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်များ နေရပ်သို့ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...