နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံ ကိုအတင်းအဓမ္မခေါ်
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတွင်းအနီး စစ်ကောင်စီတပ်မှ ဒေသခံ (၁၀၀) ကျော် ခေါ်ယူပြီး ကင်းတပ်စခန်းအသစ် တည်ဆောက်ရန် အတင်းအဓမ္မစေခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၉-၃၀) ရက်တွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မိုကျေးရွာမှ ဒေသခံ (၁၀၆) ဦးကို ၎င်းတို့၏ ကင်းတပ်စခန်း အသစ်တည်ဆောက်ရန်အတွက်...
ရွာငံမြို့နယ် စစ်ကောင်စီ မှ ပြည်သူနေအိမ် (၂)လုံး မီးရှို့ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့၏ စခန်းနေရာ ထိုးစစ်ဆင်ခံရပြီးနောက် စစ်ကောင်စီမှ ဒေသခံ နေအိမ် (၂) လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၂၀) ရက် ရွာငံမြို့ရှိ နဘန်းကြီးကျေးရွာ၏ မြောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က...
မိုင်းကိုင်မြို့နယ် အမျိုးသား (၂) ဦး အမဲလိုက်သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု တွန်ကျိုင်းကျေးရွာမှ ဒေသခံ (၂) ဦး အမဲလိုက်ရန် သွားနေစဉ် မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ (၁၆) ရက် သင်္ကြန်အတက်နေ့တွင် အသက် (၄၀) ကျော်အရွယ် လုံးဆမ် နှင့် လုံးလမ် တို့...
ရွာငံမြို့နယ် နဘန်းကြီးရွာ နေအိမ်တစ်လုံး စစ်ကောင်စီ မီးရှို့
သျှမ်းတောင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာရှိ အရပ်သားနေအိမ်တလုံးကို စစ်ကောင်စီ မှ ယမန်နေ့ (ဧပြီ ၁၈)ရက် ည ၈နာရီတွင် မီးရှို့လိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ စစ်ကောင်စီအုပ်စုသည် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ၏ ယခင် အုပ်ချုပ်ရေးမှူးဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကို၀င်းခိုင်၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း နဘန်းကြီးကျေးရွာမှ လူငယ်ဒေသခံ...
တော်လှန်သင်္ကြန် နဲ့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြံအစည်
SHAN -
အာဏာသိမ်း စစ်ကောင်စီ လက်ထက် ဒုတိယအကြိမ်မြောက် သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်တွေ ပြုလုပ်ကြဖို့ လူငယ်တွေတိုက်တွန်းနေချိန် စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ ပြည်သူတွေ ပျော်ပျော် ရွှင်ရွှင်နဲ့ သင်္ကြန်ကို ဆင်နွဲနေတယ်ဆိုတာကို ချပြနိုင်ဖို့ နည်းမျိုးစုံနဲ့ စည်းရုံး လှုံ့ဆော်တဲ့အပြင် ဖိအားပေးတာ တွေလဲရှိပါတယ်။ ဒီရိုးရာသင်္ကြန်ဟာ သျှမ်းပြည်မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေတဲ့...
သင်္ကြန်အကြိုနေ့ ရွာငံမြို့နယ် နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့၊လူငယ်များဖမ်းဆီးခံရ
သျှမ်းတောင် ရွာငံမြို့နယ် လွှစင်ကျေးရွာရှိနေအိမ်များကို သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃)ရက် မနက် ၁နာရီ ၀န်းကျင်တွင် စစ်ကောင်စီ အုပ်စုမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ အုပ်စု မီးရှို့ဖျက်ဆီးလိုက်သည့် နေအိမ် (၂)လုံးရှိပြီး၊ အသက်မပြည့်ကလေးတစ်ဦးအပါအ၀င် လူငယ် ၂ဦးကို ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ်မှ အမည်မဖော်လိုသည့် လူငယ်...
ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ...
ပင်းတယမြို့မှ ကရင်နီစစ်ဘေးရှောင်များ စိုးရိမ်စိတ်များနှင့် နေရပ်ပြန်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စိုးရိမ်စိတ်များ စွာဖြင့် နေရပ်သို့ ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် ပင်းတယမြို့နယ်ရောက် ကရင်နီစစ်ရှောင်များတချို့သည် နေရပ်ပြန်လိုသည့်အတွက်ကြောင့် ဒေသတွင်း ပရဟိတသမားများ ပူးပေါင်းပြီး စစ်ရှောင်များကို နေရပ် ပြန်ပို့ပေးကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို...
မူဆယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရပ်ကွက်အလိုက် အလှူငွေ (၁၀)သိန်း အထက် မဖြစ်မနေ ပေးလှူရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ သံဃာတော်များ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် မူဆယ်မြို့တွင်းရှိ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်များအလိုက် အလှူငွေ (၁၀)သိန်းအထက် ထည့်လှူရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မူဆယ်မြို့နယ်ရှိ ရပ်ကွက်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်သူ့စစ်များ၊ ကျေးရွာအုပ်စုများနှင့် အစိုးရဌာနများသည် ကော်မတီရန်ပုံငွေအဖြစ် ငွေကျပ်...
ရွာငံ ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကောင်စီ ပြည်သူများကိုလိုက်လံဖမ်းနေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လွှစင်ကျေးရွာတွင် စစ်ကောင်စီ နှင့် ရွာငံ PDF တို့ တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား (၄)ဦး သေဆုံးကာ ဒေသခံလူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် ရွာငံမြို့နယ်...





