Monday, February 9, 2026

CATEGORY

လူ့အခွင့်အရေး

ဆီဆိုင်မြို့နယ် ကျောင်းဆက်မတက်တဲ့သူများ PNO နှင့် ပညာရေးဝန်ထမ်းများက ဒဏ်ငွေဆောင်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ကျောင်းဆက်မတက်ဘဲ အလုပ်သွားလုပ်သည့် ကျောင်းသားများထံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ နှင့် ပညာရေးဝန်ထမ်းများက ပိုက်ဆံအတင်း အဓမ္မကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လပိုင်းတွင် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုမှ ကျောင်းဆက်မတက်ဘဲ အလုပ်သွားလုပ်သည့် ကျောင်းသား၊သူ တချို့၏ မိဘများထံ (PNO)...

တောင်ကြီးစဝ်စံထွန်း ဆေးရုံမှ အမျိုးသမီး ဝန်ထမ်းတစ်ဦး ဖမ်းခံရ၊ ခံဝန်ထိုးပြီး ပြန်လွှတ်လာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ အမျိုးသမီး ဝန်ထမ်း တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခံရပြီးနောက် ငွေကြေးပေးပြီး ခံဝန်လက်မှတ်ရေးထိုးကာ ပြန်လည်လွှတ်ပေးကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၆ ရက် ည ၄ နာရီ ဝန်းကျင်တွင် အဆိုပါ အမျိုးသမီး ဝန်ထမ်းကို အရပ်ဝတ်စစ်ကောင်စီများက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး...

ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး

သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် နာရေးပြုလုပ်သည့် နေအိမ်မှ အသက် (၇၀)ကျော် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၅)ရက် ည ၉နာရီကျော်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ရမ်းသမ်းပစ်ခတ် သဖြင့် နာရေးပြုလုပ်နေသည့် နေအိမ်မှ အသက် (၇၀)အရွယ်ရှိ အမျိုးသားတစ်ဦး...

အောင်ပန်းလမ်းခွဲဂိတ်တွင် စစ်ကောင်စီ မှ စားနပ်ရိက္ခာ နှင့်ဆေးဝါးများအပြင် ဓာတ်မြေသြဇာများ သယ်ခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပင်လောင်းမြို့ သို့သွားသည့် လမ်းခွဲဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များက စားနပ်ရိက္ခာများ၊ ဆေးဝါးများ နှင့် ဓာတ်မြေသြဇာများကို သယ်ယူခွင့်မပြုကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့တွင် ယခုကာလ မိုးရာသီတွင်း လယ်ယာစိုက်ပျိုးရန်အတွက် လိုအပ်သော ဓာတ်မြေသြဇာများကို စစ်ကောင်စီတပ်ဖွဲ့များက သယ်ယူခွင့်မပေးသောကြောင့် တောင်ယာလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက...

စစ်ကောင်စီ မှ CDM ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးစစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၄) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အင်အား...

ယာဉ်ထိန်းရဲများ နည်းမျိုးစုံတပ်ပြီး ပြည်သူထံ ပိုက်ဆံအတင်းအဓမ္မကောက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများသည် ပြည်သူထံ နည်းမျိုးစုံ ခေါင်းစဥ် တပ်ပြီး ပိုက်ဆံအတင်းအဓမ္မ ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ အေးသာယာ ထုံးဖိုဂိတ်နှင့် ( ပ ) ကွေ့ တွင်ရှိသော ယာဉ်ထိန်းရဲများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများ ၊ ဆိုင်ကယ် နံပါတ်ပြား...

ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးကောက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုင်းရင်းသားလက်နက်ကိုင်တစ်စုက ဆက်ကြေးကောက်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန် ၃၀ ရက်တွင် ထိုလက်နက်ကိုင်တပ်ဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံတွင် စကားပါးလာပြီး ဆက်ကြေးကောက်ခိုင်းကြောင်း သိရသည်။ “သူတို့ ကျနော်တို့ ပြည်သူတွေကိုခေါ်တာတော့မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေ အကြီးတွေကို စည်းဝေးခေါ်ပြီးတော့ ပြောလာတာတဲ့။ ဆက်ကြေးကောက်ခိုင်းတာ။...

မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုကြမ်းနေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူ မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်းကြောတလျောက် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းဖုန်းဆရာတော် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်အောင်ပြီး ယမန်နေ့ (သြဂုတ် ၁) ရက် မနက်ပိုင်း ၁၁နာရီတွင် မိုင်းကျက်ဂူမှ...

မိုးမိတ် တိုင်းရင်းသား လက်နက်ကိုင်များ မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးရာ ပစ်ခတ်သေဆုံးမှုထိရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးမှုတွင် ပစ်ခတ်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်တွင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ (ဝမ်ဘုံကန်ရွာ) နှင့် ဝမ်အုံကျေးရွာရှိ ရွာသား ၄ ဦးကို မူးယစ်အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...

ရွာငံမြို့နယ် ပြည်သူ့အိမ်များကို စစ်တပ်မှ မီတာဘောက်လာဖြုတ်/ မီးဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် ပြည်သူ့အိမ်များ၏ မီတာဘောက်ကို လာရောက်ဖြုတ်ယူပြီး မီးဖြတ်မှု လုပ်ဆောင်နေကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ်အတွင်းရှိ ငွေကြေးအခက်အခဲကြောင့် မီတာခ မပေးဆောင်နိုင်သည့် နေအိမ်များနှင့် မီတာစာရွက် မရရှိသည့် နေအိမ်များကို လျှပ်စစ်ဝန်ထမ်းများ နှင့် စစ်ကောင်စီတပ်သားများကို ဦးဆောင်ပြီး မီးလိုက်ဖြတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက...

Latest news