Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် ပြည်သူပိုင်လယ်မြေကို PNO/PNA အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် လယ်မြေသိမ်းဆည်း ထားခံရသော နယ်မြေပိုင်ရှင်များ ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ပြည်သူပိုင်လယ်မြေကို ယခုနှစ် ဇူလိုင်လ ပထမပတ်တွင် သိမ်းဆည်းကာ ပဲ၊ ပြောင်း စိုက်ခင်းများ ဖျက်ဆီးခဲ့ပြီး ပိုင်ရှင်ဖြစ်သူကိုလည်း ထပ်မံခြိမ်းခြောက်မှု ပေးနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“နယ်မြေကို သိမ်းထားပြီးတော့ စိုက်ခင်းတွေ အကုန်လည်း ဖျက်ဆီးခဲ့တယ်။ ဟိုတစ်ခေါက်က စိုက်ခင်း သွားကြည့်တော့ တုတ်၊ ဓားတွေနဲ့ ရိုက်မယ်။ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ ပအိုဝ်းပြည်သူ့စစ် PNO/PNA လက်အောက်ခံ အရပ်သားတွေက ခြိမ်းခြောက်ခဲ့တာ။ ပြီးတော့ နယ်မြေကို စစ်ကောင်စီအပ်လိုက် ပြီလို့ပြောတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

သိမ်းဆည်းခံရသည့် မြေယာ

ဇူလိုင်လထဲတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က နောင်ပရင်ကျေးရွာရှိ ပြည်သူပိုင် နယ်မြေဧကပေါင်း ၁၃ ဧကကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး သြဂုတ် (၂၄) ရက်တွင် စပါးစိုက်ခင်းမှအပ စိုက်ခင်းများ အားလုံးကို ဖျက်စီးခဲ့ လိုက်ကြောင်းဆိုသည်။

အလားတူ ပြည်သူ့စစ် PNO တပ်ဖွဲ့က နယ်မြေကို သိမ်းယူခဲ့ပြီးနောက် စပါးစိုက်ခင်းများ သွားရောက် ကြည့်ရှုရန်အတွက် ဒေသခံများက ကြောက်လန့်စိုးရိမ်နေကြောင်း သိရသည်။

“သူတို့ သိမ်းထားတဲ့ နယ်မြေထဲမှာ စပါးစိုက်ခင်းတော့ မဖျက်ဆီးတော့ဘူး။ ဘယ်ချိန်မှာ လာရောက်ဖျက်ဆီးမယ်ဆိုတာ မပြောတတ်ဘူး။ အခုဘယ်သူမှ လယ်သွားမကြည့်ရဲတော့ဘူး။ သူတို့ကို လည်းကြောက်နေရတယ်“ ဟု ၎င်းအထက်ပုဂ္ဂိုလ်က ဆိုသည်။

ထို့အပြင် ရပ်စောက်မြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သော ပင်ဖြစ်ကျေးရွာ၊ မြေမဲကျေးရွာ စသည့် ကျေးရွာဒေသတွင် ပြည်သူ့စစ် PNO က မူးယစ်ဆေးဝါးအကြောင်းပြပြီး ပိုက်ဆံတောင်းခံမှုရှိနေကြောင်း ရပ်စောက်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်နှစ်ကလည်း ပြည်သူလယ်မြေသိမ်းပြီးတော့ ပြန်ငှားစားခိုင်းတယ်။ ပြီးတော့ မူးယစ်ဆေးဝါး အကြောင်းပြပြီး ပိုက်ဆံတောင်းတယ်။ သူတို့တောင်းသလောက် ပေးရမယ်လို့ ခြိမ်းခြောက်တယ်။ စစ်သားသစ် စုဆောင်းဖို့အတွက်လည်း ဖိအားပေးတယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်းကျပ် နှင့် ဆန် (၁) ပြည်ကို ကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ်လူငယ်များကို စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...