ဆီဆိုင်မြို့နယ် ပြည်သူပိုင်လယ်မြေကို PNO/PNA အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် လယ်မြေသိမ်းဆည်း ထားခံရသော နယ်မြေပိုင်ရှင်များ ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ပြည်သူပိုင်လယ်မြေကို ယခုနှစ် ဇူလိုင်လ ပထမပတ်တွင် သိမ်းဆည်းကာ ပဲ၊ ပြောင်း စိုက်ခင်းများ ဖျက်ဆီးခဲ့ပြီး ပိုင်ရှင်ဖြစ်သူကိုလည်း ထပ်မံခြိမ်းခြောက်မှု ပေးနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“နယ်မြေကို သိမ်းထားပြီးတော့ စိုက်ခင်းတွေ အကုန်လည်း ဖျက်ဆီးခဲ့တယ်။ ဟိုတစ်ခေါက်က စိုက်ခင်း သွားကြည့်တော့ တုတ်၊ ဓားတွေနဲ့ ရိုက်မယ်။ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ ပအိုဝ်းပြည်သူ့စစ် PNO/PNA လက်အောက်ခံ အရပ်သားတွေက ခြိမ်းခြောက်ခဲ့တာ။ ပြီးတော့ နယ်မြေကို စစ်ကောင်စီအပ်လိုက် ပြီလို့ပြောတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

သိမ်းဆည်းခံရသည့် မြေယာ

ဇူလိုင်လထဲတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က နောင်ပရင်ကျေးရွာရှိ ပြည်သူပိုင် နယ်မြေဧကပေါင်း ၁၃ ဧကကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး သြဂုတ် (၂၄) ရက်တွင် စပါးစိုက်ခင်းမှအပ စိုက်ခင်းများ အားလုံးကို ဖျက်စီးခဲ့ လိုက်ကြောင်းဆိုသည်။

အလားတူ ပြည်သူ့စစ် PNO တပ်ဖွဲ့က နယ်မြေကို သိမ်းယူခဲ့ပြီးနောက် စပါးစိုက်ခင်းများ သွားရောက် ကြည့်ရှုရန်အတွက် ဒေသခံများက ကြောက်လန့်စိုးရိမ်နေကြောင်း သိရသည်။

“သူတို့ သိမ်းထားတဲ့ နယ်မြေထဲမှာ စပါးစိုက်ခင်းတော့ မဖျက်ဆီးတော့ဘူး။ ဘယ်ချိန်မှာ လာရောက်ဖျက်ဆီးမယ်ဆိုတာ မပြောတတ်ဘူး။ အခုဘယ်သူမှ လယ်သွားမကြည့်ရဲတော့ဘူး။ သူတို့ကို လည်းကြောက်နေရတယ်“ ဟု ၎င်းအထက်ပုဂ္ဂိုလ်က ဆိုသည်။

ထို့အပြင် ရပ်စောက်မြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သော ပင်ဖြစ်ကျေးရွာ၊ မြေမဲကျေးရွာ စသည့် ကျေးရွာဒေသတွင် ပြည်သူ့စစ် PNO က မူးယစ်ဆေးဝါးအကြောင်းပြပြီး ပိုက်ဆံတောင်းခံမှုရှိနေကြောင်း ရပ်စောက်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်နှစ်ကလည်း ပြည်သူလယ်မြေသိမ်းပြီးတော့ ပြန်ငှားစားခိုင်းတယ်။ ပြီးတော့ မူးယစ်ဆေးဝါး အကြောင်းပြပြီး ပိုက်ဆံတောင်းတယ်။ သူတို့တောင်းသလောက် ပေးရမယ်လို့ ခြိမ်းခြောက်တယ်။ စစ်သားသစ် စုဆောင်းဖို့အတွက်လည်း ဖိအားပေးတယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်းကျပ် နှင့် ဆန် (၁) ပြည်ကို ကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ်လူငယ်များကို စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...