PDF တပ်ဖွဲ့ကိုအားပေး၊ ထောက်ခံ၊ ကူညီပါက ပုဒ်မ (၅) ခုနှင့် သေဒဏ်ချမှတ်မည်ဟု စစ်ကောင်စီပြော

ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ပေးခြင်း၊ တစ်ကျပ်တစ်ပြား လှူသန်းပေးခြင်းများ ပြုလုပ်ပါက ပုဒ်မ (၅) ခုနှင့် သေဒဏ်အထိချမှတ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ယမန်နေ့ စက်တင်ဘာ (၂၀) ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း

ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်တောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို ငွေကြေးကူညီထောက်ပံ့ခြင်း၊ အားပေးခြင်း၊ ထောက်ခံခြင်း ပြုလုပ်ပါက ပုဒ်မ (၅)ခုနှင့် သေဒဏ်ချ နိုင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

အကြမ်းဖက်မှု အတွက် ငွေကြေးထောက်ပံ့မှုပေးခြင်း၊ အားပေးကူညီခြင်း နှင့် အကြမ်းဖက်အဖွဲ့အစည်းမှ ရောင်းချသည့် ငွေတိုက်စာချုပ်ဝယ်ယူခြင်း၊ ထီကံစမ်းခြင်း၊ Online ပေါ်တွင် ငွေကြေးထည့်ဝင်လှူဒါန်းခြင်း၊ ငွေကြေး ထောက်ပံ့ ကူညီခြင်း တို့ လည်း အကျူံးဝင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ က ဆိုသည်။

အဆိုပါ PDF၊ NUG၊ CRPH တို့၏ စာမျက်နှာပေါ်တွင် ထောက်ခံထားခြင်း ဗီဒီယို၊ ပုံများကို LIKE ပေးခြင်းများ ပြုလုပ်ပါက ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (ခ) နှင့်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

အဆိုပါ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ကို တစ်ကျပ်တစ်ပြား လှူသန်းပေးပါက စစ်ကောင်စီတပ်ဖွဲ့က ပုဒ်မ (၅) ခုနှင့် သေဒဏ်အထိချမှတ်ခြင်းမှာ ခြိမ်းခြောက်မှု သာဖြစ်ပြီး အဆိုပါ ပြုလုပ်ပါက လက်ရှိ တော်လှန်ရေးဟာ ဒီအဆင့်ရောက် မလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေး ထောက်ပံ့နေသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒါဟာ ခြိမ်းခြောက်မှုသက်သက်ပဲ ဖြစ်တယ်။ အခုချိန်မှာ တော်လှန်ရေးဟာ စစ်ကောင်စီကို ပြုလည်ခုခံ တော်လှန်တဲ့အဆင့်ရောက်နေပြီ။ တော်လှန်ဖို့လက်နက်၊ ခဲယမ်း လိုသလို ကျနော်တို့လည်း ထောက်ပံ့နေမယ်။ ကိုယ်ဘယ်သူ့ကိုထောက်ပံ့တယ်ဆိုတာလည်း ကြွားပြနေတာမဟုတ်တဲ့အတွက် ဘာကိုမှမစိုးရိမ်ပါဘူး “ ဟု ၎င်း လူငယ်တစ်ဦးက ပြောသည်။

ဆက်လက်ပြီး လူငယ်တစ်ဦးက “ PDF တပ်ဖွဲ့ရဲ့ စာမျက်နှာပေါ်မှာပုံတွေ LIKE ပေးလို့ ရာဇသက်ပုဒ်မနဲ့ တရားစွဲမယ်ဆိုတာက ဖုန်းထဲရှိတာလေ။ အခုထောက်ပံ့တဲ့တွေက အပြင်သွားတဲ့အခါကြရင် ဖုန်းတော့မယူနဲ့ပေါ့။ ဖုန်းမပါသွားရင် သူတို့ဘယ်လို စစ်မှာလဲ “ ဟု ဆိုသည်။

ထို့အပြင် ပုဒ်မ (၅) ခုမှာ ရာဇသတ်ကြီး ဉပေဒေပုဒ်မ ၁၂၄ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပေဒေပုဒ်မ ၅၂ (က)၊ ပုဒ်မ (၅၄)၊ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေး ဉပေဒေပုဒ်မ ၃၃ (က) တို့ဖြင့် အရေးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...