မူဆယ်မြို့ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်သွယ်မရသေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စက်မှုနယ်မြေ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ (၁၀) အိမ်မှူးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ဘယ်သူ လာဖမ်းသွားလဲမသိရဘူး။ အခုချိန်ထိ ဘယ်နားရှိနေလဲ၊ သေလား၊ ရှင်လား မသိရသေးဘူး။ သူတို့ လာဖမ်းသွားတာ ၁၄ ရက်နေ့က လာဖမ်းသွားတာ။ ဘာအဆက်သွယ်မှ မရဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့

ထိုဖမ်းဆီးခံရသည့် အသက်(၅၀) အရွယ် မောင်တာတူးသည် စက်တင်ဘာ (၁၄) ရက်နေ့က ၄င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးချိန်တွင် မရှိသောကြောင့် လမ်းမှာ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း သိရသည်။

မောင်တာတူးသည် စစ်ကောင်စီ နှင့် ရင်းနှီးသူဖြစ်ပြီး ရဲစခန်း လုံခြုံရေးအဖွဲ့များနှင့် အဆက်အသွယ် ရှိနေသည့် သူဖြစ်သည်ဟု မူဆယ်မြို့ ဒေသခံများ ပြောပြချက်အရ သိရသည်။

“သူ့ကို နေအိမ်မှာ သွားဖမ်းတာတဲ့။ ဘယ်အဖွဲ့လဲတော့မသိဘူး။ အိမ်မှာ မတွေ့လို့ ပြန်သွားလိုက်တာ။ လမ်းမှာတွေ့တော့ လမ်းမှာဖမ်းခံလိုက်ရတာ။ သူက စစ်ကောင်စီ နဲ့ အမြဲအဆက်သွယ်ရှိတဲ့သူဖြစ်တယ်။ စစ်ကောင်စီတွေနဲ့ အမြဲလိုက်သွားတဲ့သူလည်း ဖြစ်တယ်” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက မူဆယ်မြို့ တောင်ရပ်ကွက်က အထည်ဆိုင်ဖွင့်ထားသည့် လင်မယားကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မူဆယ်မြို့သည် စစ်ကောင်စီတပ် အပါအဝင် SSPP/SSA ၊ KIA ၊ TNLA ၊ MNDAA နှင့် ပြည်သူ့စစ် အများအပြား သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...