Wednesday, January 28, 2026

မူဆယ်မြို့ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်သွယ်မရသေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စက်မှုနယ်မြေ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ (၁၀) အိမ်မှူးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ဘယ်သူ လာဖမ်းသွားလဲမသိရဘူး။ အခုချိန်ထိ ဘယ်နားရှိနေလဲ၊ သေလား၊ ရှင်လား မသိရသေးဘူး။ သူတို့ လာဖမ်းသွားတာ ၁၄ ရက်နေ့က လာဖမ်းသွားတာ။ ဘာအဆက်သွယ်မှ မရဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့

ထိုဖမ်းဆီးခံရသည့် အသက်(၅၀) အရွယ် မောင်တာတူးသည် စက်တင်ဘာ (၁၄) ရက်နေ့က ၄င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးချိန်တွင် မရှိသောကြောင့် လမ်းမှာ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း သိရသည်။

မောင်တာတူးသည် စစ်ကောင်စီ နှင့် ရင်းနှီးသူဖြစ်ပြီး ရဲစခန်း လုံခြုံရေးအဖွဲ့များနှင့် အဆက်အသွယ် ရှိနေသည့် သူဖြစ်သည်ဟု မူဆယ်မြို့ ဒေသခံများ ပြောပြချက်အရ သိရသည်။

“သူ့ကို နေအိမ်မှာ သွားဖမ်းတာတဲ့။ ဘယ်အဖွဲ့လဲတော့မသိဘူး။ အိမ်မှာ မတွေ့လို့ ပြန်သွားလိုက်တာ။ လမ်းမှာတွေ့တော့ လမ်းမှာဖမ်းခံလိုက်ရတာ။ သူက စစ်ကောင်စီ နဲ့ အမြဲအဆက်သွယ်ရှိတဲ့သူဖြစ်တယ်။ စစ်ကောင်စီတွေနဲ့ အမြဲလိုက်သွားတဲ့သူလည်း ဖြစ်တယ်” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက မူဆယ်မြို့ တောင်ရပ်ကွက်က အထည်ဆိုင်ဖွင့်ထားသည့် လင်မယားကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မူဆယ်မြို့သည် စစ်ကောင်စီတပ် အပါအဝင် SSPP/SSA ၊ KIA ၊ TNLA ၊ MNDAA နှင့် ပြည်သူ့စစ် အများအပြား သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...