ဖမ်းဆီးခံရသည့် သျှမ်းနီလူငယ်သေဆုံး ပြီးနောက် သျှမ်းနီ ဦးဇင်းတစ်ပါး ဖမ်းဆီးခံရ
SHAN -
ဖမ်းဆီးခံထားရသည့် သျှမ်းနီလူငယ် သေဆုံးသွားကြောင်း သတင်းထွက်လာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီဦးဇင်း တစ်ပါး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန် ဇနီးဖြစ်သူ နှင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ နမ့်ပါဟုတ်ကျေးရွာ...
တောင်ကြီးမြို့ တပ်နယ်မြေဧရိယာပေါ်ရှိ ဆိုင်ခန်းများကို စစ်ကောင်စီဖယ်ရှားခိုင်း
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဧရိယာဟု သတ်မှတ်ထားသော နယ်မြေများတွင် ရောင်းချနေသည့် ဆိုင်ခန်းများကို စစ်ကောင်စီ အုပ်စုမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။ တောင်ကြီး စစ်တပ်နယ်မြေဟု သတ်မှတ်ထားသော အနောက်မြို့ပတ်လမ်းရှိ မောချယ်ရီကားဂိတ်များ အနက်သစ်တောဂိတ် ဧရိယာ၊ (212) ဈေး တဝိုက်ရှိသော ဆိုင်ခန်းများ၊ မြို့၏...
တောင်ကြီးမြို့တွင်း ယာဉ်ထိန်းရဲ နှင့် ရဲများ စစ်ဆေးရေးတင်းကြပ်နေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကမ္ဘာဇဘဏ် (၁) နှင့် မြို့ဝင်၊ ထွက်နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် ယာဉ်ထိန်းရဲများ စစ်ဆေးမှု တင်းကြပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ ဩဂုတ် ၂၂ ရက်တွင် ဗိုလ်ချုပ်လမ်းပေါ် နှင့် မြို့ဝင်၊ ထွက်၊ အရှေ့မြို့ပတ်လမ်းတွင် ယာဉ်ထိန်းရဲများက...
ပင်းတယမြို့ ပြည်သူ့နေအိမ် ၈ လုံးဖောက်ထွင်းခံရ
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း သူခိုးများသောင်းကျန်းနေပြီး ပြည်သူ့နေအိမ် ၈ လုံး ဖောက်ထွင်း ခံနေရသော်လည်း စစ်ကောင်စီတို့မှ အရေးယူ ဖြေရှင်းခြင်း မရှိကြောင်း သတင်းသိရသည်။ ယခု သြဂုတ် ၁၉ ရက် တစ်ရက်တည်းပင် ပင်းတယမြို့မှ ဖောက်ထွင်းခံရသည့် ပြည်သူ့ နေအိမ် ၈ လုံးအနက် သစ်အယ်ပင်ကျေးရွာမှ...
တောင်ကြီးမြို့ပေါ်ရှိ ကားဂိတ်များ အေးသာယာပြောင်းရွေ့ခိုင်း
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ကားဂိတ်များကို အေးသာယာမြို့ ကားလေးကွင်းဂိတ်သို့ သြဂုတ် ၂၈ ရက် နောက်ဆုံးထားပြောင်းရွေ့ရမည်ဟု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် က ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားများကို အေးသာယာမြို့ ကားလေးကွင်းမှာ လက်ရှိ ဆောက်လုပ်ပြီးသော ဆိုင်ခန်းသစ်သို့ သြဂုတ် ၂၈ ရက်နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု...
သျှမ်းသံတော်ဆင့် သတင်းဌာန အပါအဝင် သျှမ်းပြည်အခြေစိုက် မီဒီယာများကို အကြမ်းဖက်ဟု PNO တပ်ဖွဲ့ဆို
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့က သျှမ်းသံတော်ဆင့် သတင်းဌာန (SHAN News) အပါအဝင် သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများကို အကြမ်းဖက်ဟု စွပ်စွဲကာ လိုက်လံ ဝါဒဖြန့်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်တွင် ပြည်သူ့စစ် PNO...
လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု...
ကျောက်မဲမြို့နယ် တိုက်ပွဲမရှိသော်လည်း စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမရှိသော်လည်း စစ်ရှောင် (၁၈၅) ဦးကျော်က နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ တစ်နှစ်နီးပါး စစ်ဘေးရှောင်လာသည့် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာဒေသခံများသည် ဒေသတွင်း တိုက်ပွဲမရှိသော်လည်း မြေမြှုပ်မိုင်းနှင့် မြောက်ပိုင်းမဟာမိတ် TNLA နှင့် SSPP တို့က ဝင်ရောက်လှုပ်ရှားလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိသောကြောင့် နေရပ်...
ရွာငံမြို့နယ် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်းတွေ့ရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တဲလုကျေးရွာ အနီးတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်း တွေ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၇) ရက် ညနေပိုင်းတွင် တဲ့လုကျေးရွာ နှင့် တောင်ဦးကျေးရွာကြားမှ တောစပ် တစ်နေရာတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၃...
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်သွားကူရန် ခက်ခဲနေ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်းရှိ စစ်ရှောင်များထံ ပစ္စည်းသွားရောက်လှူဒါန်းရန် အတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိကာလမှာ ကုန်စျေးနှုန်း နှင့် စက်သုံးဆီ မြင့်တက်လာမှုကြောင့် မိုးဗြဲစစ်ရှောင် ဦးရေ (၁၀၀၀) ထက်မနည်းထံ ပစ္စည်းသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောဆိုလိုက်သည်။ စစ်ရှောင်စခန်းသည် တောတောင်ထဲတွင် ရှိနေပြီး စစ်ရှောင်များလိုအပ်သော...





