သိန္နီမြို့နယ်မှ ကျေးရွာသူကြီး တစ်ဦးကို TNLA တပ်သားများမှ ဝိုင်းရိုက်နှက်
သျှမ်းပြည် သိန္နီမြို့နယ်မှ ကျေးရွာ သူကြီးတစ်ဦးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်သားများက ဝိုင်းဝန်း ရိုက်နှက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၆) ရက် တွင် သိန္နီမြို့နယ်၊ မိန်းပါးကျေးရွာ အုပ်စု ၊ ဝမ်မိုင် နမ့်ဟူးပွက်...
အာဏာသိမ်း ၂ နှစ် ကာလအတွင်း သျှမ်းပြည်အရပ်သား သေဆုံးမှု နံပါတ် ၅ နေရာရှိနေ
အာဏာသိမ်းပြီး ၂ နှစ်သာကာလ သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခကြောင့် အရပ်သား သေဆုံးမှုသည် အဆင့် ၅ နေရာတွင်ရှိထားကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း ၂ နှစ်အလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သား (၂,၄၅၄) ဦးထက်မနည်းသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုထဲတွင်...
မဘိမ်းမြို့နယ်က ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး
သျှမ်းပြည် မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် မဘိမ်းမြို့နယ် ချောင်းဝကျေးရွာအုပ်စုမှ ခွေးဟောင်းဒုံး ကျေးရွာသို့ စစ်ကောင်စီ တပ်မ ၇၇ နှင့် ၈၈ တပ်ဖွဲ့များ ဝင်ရောက်လာပြီး ကျေးရွာအတွင်း PDF...
တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီက ထပ်မံ ဖျက်ဆီး
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အတွင်းရှိ ဒေသခံများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် တအာင်း စာပါ ရွာအဝင် ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံ ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ ပုံ - ဒေသခံ (ဇွန်လ - ၁၃ ရက်နေ့တွင် စစ်ကောင်စီ...
ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ ၊ ကောင်းခါးကျေးရွာ ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ...
မူဆယ်မြို့နယ်အတွင်း အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကိုပါ TNLA ဆက်ကြေး လာကောက်
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အခွန် (ဆက်ကြေး) လာရောက်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန် ၁၀ ရက်တွင် မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားရပ်ကွက်...
လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် ဒီးမော့ဆို စစ်ဘေးရှောင်စခန်း အကူညီလိုအပ်နေ
ကရင်နီ (ကယား) ပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုသည် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုထံ ကျရောက်ပေါက်ကွဲသွားရာ အဆောက်အဦး တချို့...
မိုးဗြဲမြို့တွင် တိုက်ပွဲအရှိန့်မြင့်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ
သျှမ်းပြည် မိုးဗြဲမြို့ပေါ်တွင် ယနေ့ (ဇွန်လ ၁၁ )ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ မြို့ဦးရပ်ကွက်နှင့်...
လားရှိုး Fully Light ဟိုတယ် အနီးပေါက်ကွဲမှုနောက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား
သျှမ်းပြည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ရှိသည့် Fully Light ဟိုတယ် အနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင် တွင် လားရှိုးမြို့...
မိုးဗြဲမြို့ မိသားစု (၃) ဦး၊ လူငယ် (၂) ဦး သတ်ဖြတ်ခံရ
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်ထဲတွင် နေထိုင်သည့် မိသားစု (၃) ဦး ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့တွင် နေရပ်ပြန်သွားသည့် မိသားစု ၃ ဦး ကို စစ်ကောင်စီက သေနတ်ပစ်...





