မဘိမ်းမြို့နယ်က ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး

သျှမ်းပြည် မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။

ခွေးဟောင်းဒုံးကျေးရွာ

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် မဘိမ်းမြို့နယ် ချောင်းဝကျေးရွာအုပ်စုမှ ခွေးဟောင်းဒုံး ကျေးရွာသို့ စစ်ကောင်စီ တပ်မ ၇၇ နှင့် ၈၈ တပ်ဖွဲ့များ ဝင်ရောက်လာပြီး ကျေးရွာအတွင်း PDF များကို မေးမြန်းကာ ရွာကို မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း လည်းသိရသည်။

“သူတို့ စစ်ကြောင်းက ရွာထဲဝင်လာပြီးတော့ ဒီရွာထဲမှာ PDF ရှိလား၊ PDF နဲ့ ဆက်သွယ်တဲ့သူ ရှိလား ဆိုပြီးတော့ လာမေးတယ်၊ ရွာသားတွေကလည်း မရှိကြောင်း ပြောတော့ ပထမသုတ်က ရွာထဲက ထွက်သွားပြီး၊ နောက် တစ်သုတ်က ရွာထဲကို ပတ်ကြည့်တယ်။ ပြီးတော့ သစ်တွေပုံပြီး မီးစရှို့တော့တာပဲ၊ မီးရှို့ပြီး ပြန်ထွက်သွားတယ်၊” ဟု မဘိမ်းမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းမီးရှို့မှုကြောင့် နေအိမ် ၂ လုံး မီးကူးစက် လောင်ကျွမ်းပြီး ရွာသားများက အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်းလည်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့သည့်အတွက် ရွာသားများ အချို့လည်း မြို့ပေါ် နှင့် တခြားဒေသသို့ စစ်ရှောင် ထွက်ပြေးရကြောင်းလည်း သိရသည်။

လက်ရှိတွင် မြေပြင် အခြေအနေများ တည်ငြိမ်နေသော်လည်း ကျေးရွာ အနီး စစ်ကောင်စီ စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည့်အတွက် နောက်ထပ် တစ်ဖန် ကျေးရွာအတွင်း လာရောက်ဖျက်ဆီးမှာကို စိုးရိမ်ရသည့် အကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အခုရွာထဲက စစ်ကောင်စီ တပ်တွေ မရှိတော့ပေမဲ့ ရွာနားမှာ ရှိနေတယ်။ ဒါကြောင့် စစ်ကောင်စီတွေ ရွာထဲ ပြန်ဝင်လာပြီး၊ ရွာသားတွေကို ဒုက္ခထပ်လာပေးမှာ ကြောက်ရတာပေါ့၊ အခုလည်း ရွာထဲကနေ ရှောင်တဲ့ သူတွေက ရှောင်နေပြီ” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ကျေးရွာများကို မတရား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာနေ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်း နှင့် ရွာကို မီးရှို့ဖျက်ဆီးခြင်း၊ အိမ်အတွင်း မွေနှောက်ဖျက်ဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် PDF တပ်ဖွဲ့များ အပြင် သျှမ်းပြည်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နှင့်လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...