မူဆယ်မြို့နယ်အတွင်း အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကိုပါ TNLA ဆက်ကြေး လာကောက်

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အခွန် (ဆက်ကြေး) လာရောက်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်တွင် မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားရပ်ကွက် နှင့် တောင်ရပ်ကွက် စသည့် ရပ်ကွက်အတွင်းသို့ TNLA စစ်သားများ ဝင်ရောက်လာပြီး လိပ်စာကဒ်များ ပေးဝေကာ ပြည်သူများ အခွန်ပေးဆောင်ရန် ညွှန်ကြား ပြောဆိုခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ငှားတိုက်ခန်းတွေ၊ ပြီးတော့ ဆိုင်ခန်းတွေကိုလည်း ဆက်ကြေးပေးဖို့ လိပ်စာကဒ်ဝေသွားတယ်။ ဆောက် လက်စ တစ်ထပ်အိမ်ဆိုရင် ၅ သိန်းကျပ်၊ နှစ်ထပ် ဆိုရင် ၁၀ သိန်းကျပ် အဲ့လို ဆက်ကြေး ကောက်တာ။ အခုက အိမ်ငှားတွေကိုပါ တောင်းတယ်ဆိုတော့ တော်တော်ကိုလွန်လာပြီ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် ပြည်သူလူထုများ စားဝတ် နေရေးအတွက် အခက်အခဲရှိနေစဥ် TNLA တပ်ဖွဲ့မှ ယခုလို ဆက်ကြေးထပ်မံ ကောက်ယူသည့် အတွက် ပြည်သူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လက်ရှိ ဆက်ကြေးတောင်း ကောက်ယူသည့် အိမ်ငှား၊ အခန်းငှား၊ ဆိုင်ခန်းငှားများသည် ပထမဆုံး ဖြစ်နေကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အရင်တုန်းကတော့ ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေကို ဆက်ကြေးပေးခိုင်းတာတော့ ရှိပါတယ်။ အခုလိုမျိုး အိမ်ငှား၊ အခန်းငှားတွေကို ကောက်တာ မရှိဖူးဘူး။ ဒါက ပထမဆုံး အကြိမ် ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခြေခံ လူတန်းစားတွေအတွက်တော့ ခံရတာများပါတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်ကြေးပေးဆောင်ရန် TNLA တပ်ဖွဲ့မှ ဆက်ကြေးပေးရန် လာရောက်ပေးဝေသည့် လိပ်စာကဒ်တွင် TNLA တံဆိပ် နှင့် အတူ တအာင်းစာများ၊ Revenue Department ဆိုသည့် အင်္ဂလိပ်စာတန်း နှင့် ဖုန်းနံပါတ်များလည်း ပါရှိနေသည်။

ယင်းကဲ့သို့ အခွန်ကောက် ဆက်ကြေးတောင်းခြင်း ကိစ္စ နှင့် ပတ်သက်ပြီး လိပ်စာကဒ်ပါ ဖုန်းနံပါတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရာ အခွန် ဆက်ကြေး ပေးဆောင်ရန်အတွက် လိပ်စာကဒ်ပေးဝေခြင်း ဟုတ်မှန်ကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့က ပေးဝေတာ ဖြစ်ပါတယ်။ ဒီလိုလိပ်စာပေးဝေပြီး အခွန်ဆောင်ဖို့က ကြာခဲ့ပါပြီလေ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် TNLA တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း တစ်လျှောက် လှုပ်ရှားမှုများ ပိုမိုများပြားလာပြီး အခွန်တိုးကောက်မှုတွေလည်း ယခင်နှစ်တွေထက် ပိုမိုများပြားလာကြောင်း ဒေသခံများကပြောသည်။

PSLF/ TNLA သည် မြန်မာစစ်တပ် နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြောက်ပိုင်းမဟာမိတ်များ နည်းတူ တရုတ်ကိုယ်စားလှယ် နှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ယင်းကဲ့သို့ တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးမှု အပြီး စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲများလည်း နည်းလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...