သိန္နီမြို့နယ်မှ ကျေးရွာသူကြီး တစ်ဦးကို TNLA တပ်သားများမှ ဝိုင်းရိုက်နှက်

သျှမ်းပြည် သိန္နီမြို့နယ်မှ ကျေးရွာ သူကြီးတစ်ဦးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်သားများက ဝိုင်းဝန်း ရိုက်နှက်ကြောင်း စုံစမ်းသိရသည်။

ရိုက်နှက်ခံထားရသည့် ရွာသူကြီး

ယမန်နေ့ (ဇွန်လ ၁၆) ရက် တွင် သိန္နီမြို့နယ်၊ မိန်းပါးကျေးရွာ အုပ်စု ၊ ဝမ်မိုင် နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇ ၼမ့်ႁူးပွတ်း) ကျေးရွာသို့ TNLA တပ်သား ၃ ဦး ဝင်ရောက်လာပြီး တောထွက်လည်ရန် အတွက် လမ်းပြ ရွာသား (၅) ဦးကို တောင်းရာမှစပြီး ရွာသူကြီးကို ရိုက်နှက်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူတို့ (TNLA) တပ်ဖွဲ့ တောထွက်လည်ဖို့ လမ်းပြရွာသား ၅ ယောက်တောင်းတာ၊ ရွာသူကြီးက ဒီအချိန် အားလုံး နီးပါး လုပ်ငန်းခွင် တောင်ယာ ဝင်နေကြတယ်။ မအားကြလောက်ဘူး ဆိုပြီးပြန်ပြောတော့ မရကောင်းလား ဆိုပြီး သူကြီးကို စကန်လိုက်တာ။ အဲ့နောက် ၃ ယောက်လုံး ဝိုင်းထိုးရိုက်ကြတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်သားများ၏ ရိုက်နှက်မှုကြောင့် ရွာသူကြီးသည် ဘေးအိမ်သို့ ထွက်ပြေးသွားသော်လည်း လိုက်လံ ထိုးနှက် ရိုက်နှက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် ရွာသားများက TNLA တပ်သားများရှေ့ ဒူးထောက်တောင်းပန်မှ ရိုက်နှက်မှု ရပ်သွားကြောင်းလည်း သိရသည်။

“လက်သီး နဲ့ ထိုးတဲ့သူထိုး၊ ခြေထောက် နဲ့ ကန်တဲ့သူက ကန်နဲ့ သူ့မှာလည်း သွေးတွေ ထွက်နေပြီလေ။ အဲ့ကြောင့် သူတို့ဘေးအိမ်က ဝိုင်းထဲကို ထွက်ပြေးတာ၊ အဲ့အထိ လိုက်ရိုက်ကြတယ်။ ရွာသားတွေက ဆက်ရိုက်နေရင် သူသေတော့မယ်ဆိုပြီး ဝိုင်းဒူးထောက် တောင်းပန်မှ ရိုက်တာ ရပ်သွားတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည် ။

TNLA တပ်သားများ ရိုက်နှက်ပြီး ရွာမှ ပြန်ထွက်သွားသည့် အချိန်တွင် M 22 သေနတ်အမျိုးအစားကို အချက်ပေါင်းများစွာ ပစ်ခတ်သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ရိုက်နှက်မှု အပြီး ည ၁၁ နာရီဝန်းကျင် အချိန်တွင် TNLA တပ်သားများက ဝမ်မိုင်နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇ ၼမ့်ႁူးပွတ်း) ကျေးရွာ အတွင်းသို့ ထပ်မံရောက်ရှိလာပြီး ရွာသူကြီးကို ၎င်းတို့ တပ်စခန်းဆီ ခေါ်ဆောင်သွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ခုနက ရိုက်တဲ့ ၃ ယောက်နဲ့ နောက်ထပ် TNLA တပ်သား နှစ်ယောက်လာတယ်၊ ဒီကိစ္စမှာ ရွာလူကြီး ကျေနပ်လား တဲ့၊ မကျေနပ်ရင် သူတို့နဲ့ အတူ စခန်းကို လိုက်ခဲ့လို့ ပြောတယ်။ ရွာလူကြီးကလည်း အခုချိန်က အရမ်းနာနေလို့ ဘယ်မှ မလိုက်နိုင်သေးဘူး ဆိုပြီးပြန်ပြောတော့ သူတို့လည်း ပြန်သွားတယ်” ဟု ၎င်းကဆိုသည်။

ရိုက်နှက်ခံရသည့် ရွာသူကြီးသည် လုံးဖုန်း ဟု အမည်ရှိပြီး အသက် ၄၃ နှစ် ဝန်းကျင်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ရွာသူကြီး လုံးဖုန်းသည် ညာဘက်မျက်လုံး ဖွင့်မရ၊ ခေါင်းကွဲဒဏ်ရာ၊ ရင်ဘတ်ညိုမဲဒဏ်ရာ နှင့် အောင့်နေခြင်းနှင့် ခြေလက် နှစ်ဖက်လည်း ထိခိုက်ဒဏ်ရာများ ရသွားကြောင်းသိရသည်။

ယင်းကဲ့သို့ ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး မေးမြန်း သိရှိနိုင်ရန် အတွက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြန်ကြားရေး ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ထံသို့ ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...