မိုးဗြဲမြို့တွင် တိုက်ပွဲအရှိန့်မြင့်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ

သျှမ်းပြည် မိုးဗြဲမြို့ပေါ်တွင် ယနေ့ (ဇွန်လ ၁၁ )ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ဇွန် ၈ရက်က သေနတ်ပစ်သတ်ခံရတဲ့မိုးဗြဲ မိသားစုဝင် (၃)ဦး

ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ မြို့ဦးရပ်ကွက်နှင့် စည်ကား ၂ ရပ်ကွင်း အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနက်အစောပိုင်းကတည်း မြို့ဦးရပ်ကွက်နဲ့ စည်ကား ၂ ရပ်ကွက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ ၁၀ နာရီကျော်ကျော်မှာ ခဏငြိမ်းသွားတယ်။ ငြိမ်းပြီးခဏ အခုထိဆက်တိုက်ပဲ။ အရှိန်မြင့်ပြီး တိုက်ပွဲပြင်းထန်နေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက် သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးပေ။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ထို့အပြင် တိုက်ပွဲအတွင်း ထွက်မပြေးနိုင်သော ပြည်သူများကို စစ်ကောင်စီ ဦးတည် ပစ်ခတ်လာကြောင်း လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖောက်လာနေကြောင်း သိရသည်။

“ တိုက်ပွဲကတော့ နေ့တိုင်းလိုပါပဲ။ ပြည်သူတွေ ပိတ်မိတာလည်းရှိတယ်။ တချို့က ပိတ်မိတာမဟုတ်ဘဲ မသွားကြတာလည်း ရှိတယ်။ အခု စစ်ကောင်စီက ပြည်သူဖက်ကို ဦးတည်လာပြီး တိုက်တယ်၊ ပစ်တယ်၊ သတ်တယ် အမျိုးမျိုးလူအခွင့်အရေး ကျူးလွန်လာနေတယ် “ ဟု ၎င်းကထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်တွင် တိုက်ပွဲကြောင့် ထွက်မပြေးနိုင်သော စည်ကားရပ်ကွက်မှ ညီအစ်ကို လူငယ်နှစ်ဦးကို စစ်ကောင်စီက ဦးခေါင်းကိုချိန်ပြီး သေနတ်ဖြင့်ပစ်သတ်သွားခဲ့ပြီး ဇွန်လ ၈ ရက်တွင်လည်း စည်ကား ၂ ရပ်ကွက်အတွင်း မိသားစုဝင် ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...