Tuesday, January 27, 2026

မိုးဗြဲမြို့တွင် တိုက်ပွဲအရှိန့်မြင့်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ

သျှမ်းပြည် မိုးဗြဲမြို့ပေါ်တွင် ယနေ့ (ဇွန်လ ၁၁ )ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ဇွန် ၈ရက်က သေနတ်ပစ်သတ်ခံရတဲ့မိုးဗြဲ မိသားစုဝင် (၃)ဦး

ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၇ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ မြို့ဦးရပ်ကွက်နှင့် စည်ကား ၂ ရပ်ကွင်း အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနက်အစောပိုင်းကတည်း မြို့ဦးရပ်ကွက်နဲ့ စည်ကား ၂ ရပ်ကွက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ ၁၀ နာရီကျော်ကျော်မှာ ခဏငြိမ်းသွားတယ်။ ငြိမ်းပြီးခဏ အခုထိဆက်တိုက်ပဲ။ အရှိန်မြင့်ပြီး တိုက်ပွဲပြင်းထန်နေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက် သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးပေ။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ထို့အပြင် တိုက်ပွဲအတွင်း ထွက်မပြေးနိုင်သော ပြည်သူများကို စစ်ကောင်စီ ဦးတည် ပစ်ခတ်လာကြောင်း လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖောက်လာနေကြောင်း သိရသည်။

“ တိုက်ပွဲကတော့ နေ့တိုင်းလိုပါပဲ။ ပြည်သူတွေ ပိတ်မိတာလည်းရှိတယ်။ တချို့က ပိတ်မိတာမဟုတ်ဘဲ မသွားကြတာလည်း ရှိတယ်။ အခု စစ်ကောင်စီက ပြည်သူဖက်ကို ဦးတည်လာပြီး တိုက်တယ်၊ ပစ်တယ်၊ သတ်တယ် အမျိုးမျိုးလူအခွင့်အရေး ကျူးလွန်လာနေတယ် “ ဟု ၎င်းကထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်တွင် တိုက်ပွဲကြောင့် ထွက်မပြေးနိုင်သော စည်ကားရပ်ကွက်မှ ညီအစ်ကို လူငယ်နှစ်ဦးကို စစ်ကောင်စီက ဦးခေါင်းကိုချိန်ပြီး သေနတ်ဖြင့်ပစ်သတ်သွားခဲ့ပြီး ဇွန်လ ၈ ရက်တွင်လည်း စည်ကား ၂ ရပ်ကွက်အတွင်း မိသားစုဝင် ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...