ကွတ်ခိုင်ဒေသခံ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့
သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်သည် ဒေသခံ နှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း စုံစမ်း သိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းအချိန်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက် တောအုပ်မှ တစ်ဆင့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည်...
စစ်ကောင်စီလက်နက်ကြီးကြောင့် နမ့်ဖတ်ကာ အရပ်သား တစ်ဦးသေ ၊ နှစ်ဦးဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပတ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ တစ်ဦးဒဏ်ရာ ရသွားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ် အမှတ် ခလရ ၁၂၃...
မူဆယ်မြို့နယ် အတွင်း တိုက်ပွဲ ဆက်ဖြစ် စယ်လန့်စျေးနေ့ ပိတ်ထားရ
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး ယနေ့ (ဇူလိုင် ၃၀)ရက် တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့ ကြားတိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃၀)ရက်ထိ စယ်လန့်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် စယ်လန့်စျေးနေ့ဖြစ်သော်လည်း စျေးပိတ်ထားရကြောင်း စယ်လန့်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ တိုက်ပွဲက ဒီနေ့မနက်ထိ...
သျှမ်းပြည် လားရှိုးမြို့တွင် ယခု သီတင်းပတ်အတွင်း လုပ်ငန်းရှင် ၄ ဦး ပြန်ပြေးဆွဲခံရပြီး ပိုက်ဆံ ကျပ်သိန်း ထောင်နှင့်ချီ ပေးဆောင်နိုင်ခဲ့ပြီး ၂ ဦး ပြန်လွှတ်မြောက်လာခဲ့ကြောင်း စုံစမ်း သိရသည်။ လက်ရှိ ဇူလိုင် သီတင်းပတ်အတွင်း၌ လားရှိုးမြို့ရှိ လုပ်ငန်းရှင် ၄ ဦးကို အမည်မသိ...
လူငယ်တွေကို အတင်းအဓမ္မ စစ်သင်တန်းပေးပြီး စစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ PNO
မနက်စောစော အိပ်ယာထကာ “ဘယ်၊ ညာ၊ ဘယ်၊ ညာ “ ဆိုတဲ့ တညီတညွတ်တည်း ထွက်လာတဲ့ အသံနဲ့အတူ ကွင်းထဲမှာ စစ်ရေးလေ့ကျင့်နေကြပါတယ်။ အဲ့စစ်ရေး လေ့ကျင့်နေတဲ့ သူတွေအများစုဟာ စိတ်အားတက်ကြွစွာ နဲ့ ပါဝင်လေ့ကျင့်နေကြတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားတပ်မတော်...
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လားရှိုးမြို့နယ်အတွင်း လေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာ အုပ်စု အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂၇ ) ရက် နံနက် ၁၀ နာရီခန့်တွင် လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း...
စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တပ်သားများ ဝင်ရောက်နေထိုင်နေ
သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများ ဝင်ရောက်နေထိုင် ကြကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၇) ရက်တွင် စယ်လန့်ကျေးရွာအုပ်စုအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ...
မြန်မာနယ်စပ် အွန်လိုင်းရာဇာဝတ်မှု နှိမ်နင်းရန် တရုတ်အစိုးရ တိုက်တွန်း
SHAN -
မြန်မာပြည်နယ်စပ် သျှမ်းပြည်အတွင်း အများအပြားရှိသည့် အွန်လိုင်းရာဇာဝတ်မှုများကို နှိမ်နင်းရန် တရုတ်အစိုးရ က စစ်ကောင်စီကို တိုက်တွန်းပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai သည် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ဇူလိုင် ၂၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံချိန်တွင် တရုတ်သံအမတ်က မြန်မာနိုင်ငံမြောက်ပိုင်း...
စစ်အာဏာသိမ်းပြီးနောက် အင်းလေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ထိရောက်စွာ အရေးယူရန်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသမှ ပြည်သူများသည် လူ့အခွင့်အရေးဆိုင်ရာ အမျိုးမျိုး ချိုးဖောက်ခံရပြီး ထိရောက်သည့် အရေးယူမှုအတွက် သုတေသနဆိုင်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇူလိုင် ၂၆) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် (CMU) ကျောင်း၌ အင်းလေးဒေသမှ...
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေသွားသည့် အမျိုးသား အလောင်းကို စစ်ကောင်စီမှ လာရောက်လုယူသွား
သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်အွမ်ကျေးရွာ အနီး ဆိုင်းခေါင်(ဝ်) ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီမှ လာရောက် လုယူသွားကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်း...





