လားရှိုးမြို့ လုပ်ငန်းရှင် ၄ ဦး ပြန်ပြေးဆွဲခံရ၊ ကျပ်သိန်းပေါင်း ထောင်နှင့်ချီပေးပြီး ၂ ဦး ပြန်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့တွင် ယခု သီတင်းပတ်အတွင်း လုပ်ငန်းရှင် ၄ ဦး ပြန်ပြေးဆွဲခံရပြီး ပိုက်ဆံ ကျပ်သိန်း ထောင်နှင့်ချီ ပေးဆောင်နိုင်ခဲ့ပြီး ၂ ဦး ပြန်လွှတ်မြောက်လာခဲ့ကြောင်း စုံစမ်း သိရသည်။

လားရှိုးမြို့

လက်ရှိ ဇူလိုင် သီတင်းပတ်အတွင်း၌ လားရှိုးမြို့ရှိ လုပ်ငန်းရှင် ၄ ဦးကို အမည်မသိ အဖွဲ့အစည်းတစ်ခုမှ ပြန်ပေးဆွဲသွားခဲ့ပြီး တစ်ဦးကို ပိုက်ဆံ ကျပ်သိန်းပေါင်း ထောင်နှင့်ချီ တောင်းခံကာ ပိုက်ဆံပေးနိုင်ခဲ့သည့် သားအဖ ၂ ဦး ပြန်လွတ်မြောက်လာခဲ့ကြောင်း အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံ တစ်ဦးက ပြောသည်။

“တချို့ပြောတာတော့ သိန်းပေါင်း သောင်းနှင့်ချီ ပေးရတယ်ပြောတယ်။ ၂၀,၀၀၀ ပေးရတယ် ပြောတယ်။ သိန်းပေါင်း ၆,၀၀၀ ပေးရတယ်လို့ ကြားတယ်။ အမျိုးမျိုးပဲ ကြားနေရတယ်။ ဘယ်လောက်ပေးရလဲ အတိအကျတော့ မသိရဘူး။ ပြန်ပေးဆွဲခံရတဲ့ ၄ ယောက်ထဲက သားအဖ နှစ်ယောက်တော့ ပြန်လွတ်လာတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ပြန်လွတ်လာတာ မကြားသေးဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ပြန်ပေးဆွဲခံရသည့်သူ ၄ ဦးထဲမှ သားအဖဖြစ်သူ အမျိုးသား ၂ ဦးသည် ပိုက်ဆံ ကျပ်သိန်းပေါင်း ထောင် နှင့်ချီပေးဆောင်ခဲ့၍ ပြန်လွတ်မြောက်လာခဲ့ကြောင်း သိရသော်လည်း ပေးခဲ့ရသည့် ကျပ်ငွေ အတိအကျကိုတော့ မသိရှိရသေးပေ။

ထို့အပြင် ပြန်ပေးဆွဲခံရသည့် လုပ်ငန်းရှင်များသည် လားရှိုးမြို့တွင် သူဌေးသူကြွယ်များ ဖြစ်ကြပြီး အခွန်ဆောင် ကိစ္စနှင့် ပတ်သက်၍ မပေးဆောင်နိုင်ခဲ့သောကြောင့် အခုလို ပြန်ပေးဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ အခု လားရှိုးမြို့က အရင်ကနဲ့ မတူတော့ဘူး။ ဗုံးတွေကွဲလိုက်၊ တိုက်ပွဲဖြစ်လိုက်နဲ့ ပြည်သူတွေလည်း ဒုက္ခတော်တော်ရောက်နေပြီ။ များသောအားဖြင့် ပြန်ပေးဆွဲခံရသူတွေက လုပ်ငန်းရှင် သူဌေးတွေ ဖြစ်တယ်။ သူတို့ အခွန်မဆောင်လို့လားပဲ အခုလို ပြန်ပေးဆွဲပြီး ပိုက်ဆံတောင်းခံရတော့ မပြောတတ်ဘူး။ ကျနော်တို့လည်း ဒါတွေကြားနေရတာ၊ မြင်နေရတာ နဲ့ အပြင်သွားဖို့တောင် အတော်ကိုကြောက်နေတယ်။ လုံခြုံရေးက လုံးဝမရှိတော့တာ “ ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ခိုးဆိုးလုယက်၊ သူခိုး၊ ဓားပြတိုက်အပြင် တိုက်ပွဲများ၊ ဗုံးပေါက်ကွဲမှုများ၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားမှုကြောင့် ပြည်သူများသည် လုံခြုံမှုမရှိကာ စိုးရိမ်ကြောက်လန့်မှုနဲ့ နေထိုင်ရကြောင်း သိရသည်။

အလားတူ လားရှိုးမြို့တွင် စစ်ကောင်စီအပါအဝင် ပြည်သူ့စစ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က သွားလာလှုပ်ရှား နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...