စစ်ကောင်စီလက်နက်ကြီးကြောင့် နမ့်ဖတ်ကာ အရပ်သား တစ်ဦးသေ ၊ နှစ်ဦးဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပတ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ တစ်ဦးဒဏ်ရာ ရသွားကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ဇူလိုင်လ ၂၉ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ် အမှတ် ခလရ ၁၂၃ တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာကျေးရွာ အုပ်စုမှ ၊ လွယ်ကုန်းကျေးရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီး ပစ်တာကတော့ မွန်းလွဲပိုင်းကတည်းက ညအထိ နားလိုက်ပစ်လိုက် နဲ့ တစ်နေကုန်ပဲ၊ ည ၉ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီးတွေ စကျကွဲတယ်၊ အိမ်တစ်လုံးပေါက်ကို လက်နက်ကြီး ကျပြီး အဲ့မိသားစုဝင်တွေ ထိသွားတယ်။ တစ်ဦးသေ၊ နှစ်ဦးက ဒဏ်ရာရသွားတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးများသည် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲသည့်အပြင် ရွာလမ်း နှင့် ဒေသခံများ၏ ယာခင်းအတွင်း ကျရောက်ပေါက်ကွဲမှုလည်း ရှိနေကြောင်း သိရသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဒေသအတွင်း လူမှုကူညီရေးအသင်းတစ်ခုမှ လာရောက်သယ်ဆောင်ပေးပြီး ကွတ်ခိုင်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“လက်နက်ကြီး ထိတဲ့သူ ရှိတယ်ဆိုပြီးတော့ အိမ်နီးချင်းတွေကနေ လူမှုကူညီရေးအသင်းကို ဖုန်းဆက် ပြောတာပါ၊ သူတို့လာခေါ်တဲ့အချိန်ကတော့ ည (၁၀) နာရီကျော် လက်နက်ကြီးအသံတွေလည်း ကြားနေ ရဆဲပဲ” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသူသည် အသက် (၆၀) အရွယ် ဒေါ်အေးအိုင် ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူများက ဒေါ်အေးဝမ်း အသက် (၄၀) နှင့် မပပဝင်း အသက် (၁၅) နှစ်တို့ ဖြစ်ကြကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်းတွင် မူဆယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားသည့် စစ်ကောင်စီ တပ်ဖွဲ့များမှ လက်နက်ကြီး/ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှု နေ့စဥ်ရက်ဆက် ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ နမ့်အွန်ကျေးရွာအုပ်စု ဆိုင်ခေါင်(ဝ်) ရွာအနီးကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ခေါင်(ဝ်) ရွာ ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးရသည့် အပြင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။

ဇူလိုင်လ ပထမ ပတ်အတွင်းမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် သျှမ်းပြည်အတွင်း အခြေစိုက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ခပ်စိပ်စိပ် ဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...