Tuesday, January 27, 2026

စစ်အာဏာသိမ်းပြီးနောက် အင်းလေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ထိရောက်စွာ အရေးယူရန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသမှ ပြည်သူများသည် လူ့အခွင့်အရေးဆိုင်ရာ အမျိုးမျိုး ချိုးဖောက်ခံရပြီး ထိရောက်သည့် အရေးယူမှုအတွက် သုတေသနဆိုင်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အင်းလေးဒေသ

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇူလိုင် ၂၆) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် (CMU) ကျောင်း၌ အင်းလေးဒေသမှ အဖွဲ့အစည်းဖြစ်သည့် (Justice Movement For Community- Innlay) မှ ဦးဆောင်ပြီး ကျင်းပခဲ့သည်။

စစ်တပ် အာဏာသိမ်းခြင်း အပေါ် နိုင်ငံတကာ၏ ထိရောက်သော အရေးယူမှုအတွက် ခိုင်မာသည့် သက်သေအထောက်အထားတစ်ခု ရရှိနိုင်ရန်၊ အင်းလေးဒေသရှိ လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုများကို သိရှိရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ စကားသံများကို မှတ်တမ်းတင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကြောင်း Justice Movement For Community – Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမတို့ အင်းလေးဒေသရှိတဲ့ ပြည်သူလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေတွေကို မီဒီယာကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကုန်လုံးကို ကျမတို့က သိစေချင်တယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရက်တွေက နောင်တစ်ချိန်မှာ အရေးယူမယ်ဆိုရင် ကျမတို့ အင်းလေးဒေသက ထွက်လာတဲ့ သုတေသန အချက်အလက်တွေအရ တိတိကျကျ ပြန်ပေးဖို့အတွက် ရည်ရွယ်ပါတယ် “ ဟု မယုလှိုင်သင်းက ဆိုသည်။

ဒီနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

စစ်အာဏာမသိမ်းခင် နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ကွဲပြားခြားနားသွားသည့် အင်းလေးဒေသအတွင်း ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်မာရေး နှင့် လုံခြုံရေး စသည့် ခေါင်းစဉ် နှင့် ဆွေးနွေးတင်ပြသွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်းရှိ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် လုံခြုံရေး အခြေအနေများသည် ဆုတ်ယုတ် ပျက်စီးလာနှုန်း ၇၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ထို့ကြောင့် အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး International Criminal Court (ICC) မှ တရားစွဲတင်ရန် နှင့် အင်းလေးဒေသခံ ပြည်သူများ အပါအဝင် မြန်မာပြည်သူများ၏ သဘောထား ထင်မြင်ယူဆချက်များကို အလေးပေး နားထောင်ပေးရန် နှင့် ၎င်းတို့၏ အသံများကို ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

အလားတူ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အချိန်အကန့်အသတ် အပြင်ထွက်မှုကြောင့် ပရဟိတ လူမှုကူညီရေးအသင်းများလည်း အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တို့တွေ စစ်အာဏာသိမ်းပြီး ည ၁၀ နာရီထိုးရင် ကားမောင်းခွင့် မပေးတော့ဘူး။ လူနာလည်း တင်လို့မရ။ ညရေးညတာ အရေးပေါ်ဆိုရင်လည်း ပေးမသွားဘူး။ ညကားမောင်းလို့ဆိုပြီး ပရဟိတ တယောက်ကို သေနတ်နဲ့ထုတာ သေသွားတဲ့ ဖြစ်စဥ်ကလည်းရှိတယ်” ဟု ၎င်းကဆိုသည်။

အင်းလေးဒေသ၌ စစ်ကောင်စီ အပါအဝင် ပအိုဝ်းပြည်သူ့စစ် PNO၊ ဗျူစောထီးများက ဒေသခံများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အမျိုးမျိုး ချိုးဖောက်နေပြီး ဒေသခံများကို ဖမ်းဆီးရိုက်နှိက်မှု၊ သတ်ဖြတ်မှု စသည့် ပြစ်မှုများလည်း ကျူးလွန်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...