စစ်အာဏာသိမ်းပြီးနောက် အင်းလေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ထိရောက်စွာ အရေးယူရန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသမှ ပြည်သူများသည် လူ့အခွင့်အရေးဆိုင်ရာ အမျိုးမျိုး ချိုးဖောက်ခံရပြီး ထိရောက်သည့် အရေးယူမှုအတွက် သုတေသနဆိုင်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အင်းလေးဒေသ

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇူလိုင် ၂၆) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် (CMU) ကျောင်း၌ အင်းလေးဒေသမှ အဖွဲ့အစည်းဖြစ်သည့် (Justice Movement For Community- Innlay) မှ ဦးဆောင်ပြီး ကျင်းပခဲ့သည်။

စစ်တပ် အာဏာသိမ်းခြင်း အပေါ် နိုင်ငံတကာ၏ ထိရောက်သော အရေးယူမှုအတွက် ခိုင်မာသည့် သက်သေအထောက်အထားတစ်ခု ရရှိနိုင်ရန်၊ အင်းလေးဒေသရှိ လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုများကို သိရှိရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ စကားသံများကို မှတ်တမ်းတင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကြောင်း Justice Movement For Community – Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမတို့ အင်းလေးဒေသရှိတဲ့ ပြည်သူလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေတွေကို မီဒီယာကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကုန်လုံးကို ကျမတို့က သိစေချင်တယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရက်တွေက နောင်တစ်ချိန်မှာ အရေးယူမယ်ဆိုရင် ကျမတို့ အင်းလေးဒေသက ထွက်လာတဲ့ သုတေသန အချက်အလက်တွေအရ တိတိကျကျ ပြန်ပေးဖို့အတွက် ရည်ရွယ်ပါတယ် “ ဟု မယုလှိုင်သင်းက ဆိုသည်။

ဒီနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

စစ်အာဏာမသိမ်းခင် နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ကွဲပြားခြားနားသွားသည့် အင်းလေးဒေသအတွင်း ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်မာရေး နှင့် လုံခြုံရေး စသည့် ခေါင်းစဉ် နှင့် ဆွေးနွေးတင်ပြသွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်းရှိ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် လုံခြုံရေး အခြေအနေများသည် ဆုတ်ယုတ် ပျက်စီးလာနှုန်း ၇၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ထို့ကြောင့် အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး International Criminal Court (ICC) မှ တရားစွဲတင်ရန် နှင့် အင်းလေးဒေသခံ ပြည်သူများ အပါအဝင် မြန်မာပြည်သူများ၏ သဘောထား ထင်မြင်ယူဆချက်များကို အလေးပေး နားထောင်ပေးရန် နှင့် ၎င်းတို့၏ အသံများကို ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

အလားတူ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အချိန်အကန့်အသတ် အပြင်ထွက်မှုကြောင့် ပရဟိတ လူမှုကူညီရေးအသင်းများလည်း အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တို့တွေ စစ်အာဏာသိမ်းပြီး ည ၁၀ နာရီထိုးရင် ကားမောင်းခွင့် မပေးတော့ဘူး။ လူနာလည်း တင်လို့မရ။ ညရေးညတာ အရေးပေါ်ဆိုရင်လည်း ပေးမသွားဘူး။ ညကားမောင်းလို့ဆိုပြီး ပရဟိတ တယောက်ကို သေနတ်နဲ့ထုတာ သေသွားတဲ့ ဖြစ်စဥ်ကလည်းရှိတယ်” ဟု ၎င်းကဆိုသည်။

အင်းလေးဒေသ၌ စစ်ကောင်စီ အပါအဝင် ပအိုဝ်းပြည်သူ့စစ် PNO၊ ဗျူစောထီးများက ဒေသခံများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အမျိုးမျိုး ချိုးဖောက်နေပြီး ဒေသခံများကို ဖမ်းဆီးရိုက်နှိက်မှု၊ သတ်ဖြတ်မှု စသည့် ပြစ်မှုများလည်း ကျူးလွန်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...