အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လားရှိုးမြို့နယ်အတွင်း လေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာ အုပ်စု အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂၇ ) ရက် နံနက် ၁၀ နာရီခန့်တွင် လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုံ – ဟောင်း (စကစ လေကြောင်း )

ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် အီနိုင်းကျေးရွာအုပ်စုရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ယာယီတပ် စခန်းနေရာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဗုံးတွေ ကြဲချတာ ၁၀ ထက် မနည်းဘူး။ အဲ့နေရာ TNLA တပ်ဖွဲ့ရဲ့ ယာယီ တပ်စခန်းရှိနေတယ်။ အမှန်တော့ အရင်တုန်းက စစ်ကောင်စီတပ်အဟောင်းပဲ၊ စကစတွေက ထွက်သွားတာလည်း ၅ နှစ် နီးနီးလည်း ရှိနေတော့ TNLA က ဝင်နေတာပေါ့၊ ဒီနေ့မှာ မြေပြင်တိုက်ပွဲလည်း မရှိဘဲနဲ့ လေကြောင်းကနေပဲ ဗုံးကြဲချတာ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား နှစ်ဦးထိခိုက်ကျဆုံးပြီး အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များ လည်း ထိခိုက်ပျက်စီးကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ ဗုံးကြဲတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး အသေးစိတ် ဖြစ်စဥ် သိရှိရန် အတွက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး ပြောရေးဆိုခွင့် နှင့် ပြန်ကြားရေး တာဝန်ခံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် နမ့်အွန်ကျေးရွာအုပ်စု ဆိုင်ခေါင်(ဝ်) ရွာအနီးကို TNLA တပ်ဖွဲ့ သွားလာ လှုပ်ရှားမှု ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ခေါင်(ဝ်) ရွာ ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးရသည့် အပြင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။

ဇူလိုင်လ ပထမ ပတ်အတွင်းမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် သျှမ်းပြည်အတွင်း အခြေစိုက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ခပ်စိပ်စိပ် ဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...