ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေသွားသည့် အမျိုးသား အလောင်းကို စစ်ကောင်စီမှ လာရောက်လုယူသွား

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်အွမ်ကျေးရွာ အနီး ဆိုင်းခေါင်(ဝ်) ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီမှ လာရောက် လုယူသွားကြောင်း စုံစမ်း သိရသည်။

နေအိမ်ဗုံးကြဲတိုက်ခိုက်ခံရ

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် TNLA တပ်ဖွဲ့ကို လေကြောင်းလိုင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ ဆိုင်းခေါင်(ဝ်) ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်းခေါင်(ဝ်) ကျေးရွာမှ လူနေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး အိမ်ရှင် အမျိုးသား တစ်ဦး နှင့် အမျိုးသမီးတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃ ဦး ထက်မနည်း ရှိနေရာ သေဆုံးသူ အိမ်ရှင် လုံးစိုင်းလ၏ ရုပ်အလောင်းကို စစ်ကောင်စီက လာရောက်လုယူခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးကြဲခံထိထားသည့် အိမ်

“သူတို့ အိမ်ပေါ်တည့်တည့်ကို လက်နက်ကြီးကျတော့ သူ့ခေါင်းနောက်ဘက်ကို မှန်သွားတယ်။ အဲ့ဒဏ်ရာနဲ့ ပွဲချင်းပြီး သေသွားတာ၊ သူ့အမျိုးသမီးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ထိသွားလို့ ဆေးရုံတင်ထားရတယ်။ လုံးစိုင်းလရဲ့ အလောင်းကိုတော့ စကစတွေ ဒီနေ့မနက် အိမ်မှာပဲ လာလုသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ လုံးစိုင်းလသည် အသက် (၄၀) ကျော်ဝန်းကျင်ရှိနေပြီး ရုပ်အလောင်းကို အဖေဖြစ်သူက စောင့်နေစဥ် စစ်ကောင်စီတပ်သားများက လာရောက် လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလောင်းကိုလာလုယူသည့် စစ်ကောင်စီ တပ်သားများသည် အလောင်း စောင့်နေသည့် အဖေဖြစ်သူ ကိုလည်း ရိုက်နှက်ပြီး အိမ်တွင်းပစ္စည်းများကိုလည်း ဖျက်စီးသွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နေအိမ်ဗုံးကြဲတိုက်ခိုက်ခံရ

“သူ့အဖေကလည်း ဗမာစကား သိပ်မကျွမ်းတော့ တတ်သလောက်နဲ့ သူ့သားအလောင်းကို ဘယ်သယ်သွားမလို့ လဲလို့ မေးတာတဲ့၊ ဒူးထောက်ပြီး တောင်းတောင်းပန်ပန် နဲ့ ပြောဆိုတာတောင် မျက်နှာကို ကြိုးနဲ့ဖြတ် ရိုက်ပြီး၊ အလောင်းကို လုသွားတယ်။ ရင်နာဖို့ ကောင်းလိုက်တာလေ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ လုံးစိုင်းလ၏ ရုပ်အလောင်းကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း အဆိုပါ စစ်ကြောင်း ထွက်ပြီး ခဏအကြာတွင် စစ်ကောင်စီ၏ စစ်ကြောင်း တစ်ခုသည် ဆိုင်းခေါင်(ဝ်) ကျေးရွာအနီးရှိ တောင်ကုန်းတွင် လာရောက်နေရာယူထားကြောင်းလည်း သိရသည်။

ယနေ့ လက်ရှိအချိန်အထိ ပစ်ခတ်သံများ မထွက်လာသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့၏ စစ်ရေးတင်းမာမှုများက ရှိနေဆဲဖြစ်သည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း လည်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...