သိန္နီမြို့နယ် စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်
သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၇) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်...
သီပေါမြို့နယ် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
သျှမ်းပြည် သီပေါမြို့နယ် မိုင်းခေးကျေးရွာအုပ်စုအတွင်း အသက် ၁၁ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြုခဲ့ကြောင်း သတင်းသိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းတွင် အသက် (၃၅) နှစ်ရှိ စိုင်းပီးဆိုသူသည် ဆိုင်ကယ် တစ်စီးရောင်းရန်အတွက် အသက် ၁၁ နှစ်အရွယ် နန်းအိန်း...
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ပင်းတယမြို့နယ် အမျိုးသမီး ကိုယ်ဝန်ပျက်ကျ
သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် နေထိုင်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ်၊ ဆင်ခေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ အလုံးအရင်း...
အင်းလေးဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီးနောက် နေအိမ်ကို ချိတ်ပိတ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လင်မယား ၂ ဦးသည် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရပြီး ၎င်းတို့၏ နေအိမ်ကိုပါ စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းဆီးခံရသည့် လင်မယား (၂) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု...
မိုးဗြဲမြို့ စစ်ကောင်စီ ရေကာတာစောင့် တပ်စခန်းမှ လက်နက်ကြီး နေ့စဥ် ရမ်းသမ်းပစ်ခတ်နေ
သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ရေကာတာ စောင့် တပ်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရှိရသည်။ မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂) မိုးဗြဲဆည် အစောင့်တပ်စခန်းမှ (ရေကာတာအစောင့်တပ်) နေ၍ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း နှင့်...
နမ္မတူမြို့နယ်အတွင်း TNLA မှ တပ်သားသစ် စုဆောင်း ဒေသခံများ ထွက်ပြေးနေရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်သားသစ်အတွက် လိုက်လံစုဆောင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေး နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာအတွင်းသို့ စက်တင်ဘာလ (၁၉) ရက် နှင့် (၂၃) ရက်တို့သည်...
မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုအတွင်းစက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး စစ်ကောင်စီသည် တိုက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု နမ့်လိန်-မန်းဟန်ကျေးရွာအတွင်း စစ်ကောင်စီသည် တိုက်လေယာဉ်တစ်စီးဖြင့် အသုံးပြုပြီး ၈...
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လှုမှုကွန်ရက် စာမျက်နှာပေါ်မှတစ်ဆင့် ဝေဖန်သူ အရပ်သား ၃၀ ကျော်ကို ယခုလအတွင်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည်ဟု စွပ်စွဲချက်ဖြင့် စက်တင်ဘာလ ၁ ရက်မှ ယနေ့ စက်တင်ဘာလ ၂၅ ရက်အထိ...
သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ လယ်ယာမြေများသည်...
ရွာငံမြို့နယ်တွင်း PDF လှုပ်ရှားမှုကို စုံစမ်းပေးရန် စစ်ကောင်စီ ဖိအားပေး ခြိမ်းခြောက်
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) များ၏ လှုပ်ရှားမှု အခြေအနေများကို စုံစမ်းသတင်းပေးရန် စစ်ကောင်စီ နှင့် ပျူစောထီးတပ်ဖွဲ့က ဒေသခံများကို ဖိအားပေး ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။ . ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးကျေးရွာအနီး လှုပ်ရှားသည့် PDF တပ်ဖွဲ့များ၏ အခြေအနေများကို စုံစမ်း...





