လူမှုကွန်ရက် စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်ပြောဆိုသူ တစ်လအတွင်း အရပ်သား (၃၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လှုမှုကွန်ရက် စာမျက်နှာပေါ်မှတစ်ဆင့် ဝေဖန်သူ အရပ်သား ၃၀ ကျော်ကို ယခုလအတွင်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည်ဟု စွပ်စွဲချက်ဖြင့် စက်တင်ဘာလ ၁ ရက်မှ ယနေ့ စက်တင်ဘာလ ၂၅ ရက်အထိ (တစ်လနီးပါး) အတွင်း တိုင်း နှင့် ပြည်နယ်အသီးသီးမှ အရပ်သား ၃၅ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့် တိုင်းနှင့်ပြည်နယ်များဖြစ်ကြကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာ၌ ရေးသားဖော်ပြထားသည်။

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ၌ နှင်းဆီပန်း ပုံတင်ခဲ့ရာမှ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လက်ရှိအချိန်ထိ ၂ လ ကျော်ကြာပြီဖြစ်ပေမဲ့ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းပုံတင်တာကို အကြောင်းပြပြီး ဖမ်းတာပဲ။ သူက နိုင်ငံရေးနဲ့ ကင်းတယ်။ ဘာနဲ့အမြင်ကပ်ပြီး အဆော်ခံရမှန်း မသိဘူး။ အခုတော့ နှစ်ပတ်တစ်ခါ ရုံးထုတ်လိုက်၊ အချုပ်ထဲ ပြန်ထည့်လိုက် လုပ်နေတယ် “ ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ ညောင်ရွှေမြို့နယ် နန်းပန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နှစ်ပတ်တစ်ကြိမ် ရုံးထုတ်စစ်ဆေးသော်လည်း အမှုဖွင့် တရားစွဲဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် လုပ်ဆောင်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ – က နှင့် ပုဒ်မ ၅၀၅ – က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဉပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲ ဉပဒေများအရ အရေးယူခံရမည်ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်တွင် နိုင်ငံရေး၊ စစ်ရေး နှင့် ပတ်သက်သူများအပြင် အမြင်မကြည်သူများကို နာမည် နှင့် နေရပ်လိပ်စာ ဖော်ပြပြီး သက်ဆိုင်ရာ မြို့နယ်မှ ရဲတပ်ဖွဲ့နှင့် စစ်သားများကို လိုက်လံဖမ်းဆီးခိုင်းလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်ကစပြီး စစ်တပ်အာဏာသိမ်းနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ (၂၄,၈၃၂) ရှိပြီး ထိန်းသိမ်းခံရသူ (၁၉,၂၆၀) ရှိကာ သတ်ဖြတ်ခံရသူ (၄,၁၀၀) ရှိခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...