Wednesday, January 28, 2026

ရွာငံမြို့နယ်တွင်း PDF လှုပ်ရှားမှုကို စုံစမ်းပေးရန် စစ်ကောင်စီ ဖိအားပေး ခြိမ်းခြောက်

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) များ၏ လှုပ်ရှားမှု အခြေအနေများကို စုံစမ်းသတင်းပေးရန် စစ်ကောင်စီ နှင့် ပျူစောထီးတပ်ဖွဲ့က ဒေသခံများကို ဖိအားပေး ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။

.

ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးကျေးရွာအနီး လှုပ်ရှားသည့် PDF တပ်ဖွဲ့များ၏ အခြေအနေများကို စုံစမ်း သတင်းပေးပို့ရန် နှင့် သတင်းမရပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ် နှင့် ပျူစောထီးတို့က ဒေသခံများကို ခြိမ်းခြောက်ပြောဆိုထားကြောင်း ရွာငံမြို့နယ် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံ/ဟောင်း (ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ နေအိမ်တစ်လုံးမီးရှို့ခံရ)

“နွားဘန်းကြီးကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ စစ်ကောင်စီကို ရွာထဲ ခေါ်လာတာ။ PDF တွေ ရှိနေတာ သူတို့ သိတယ်တဲ့၊ ရွာသားတွေရဲ့ လုံခြုံရေးအတွက် PDF သတင်းတွေကို စုံစမ်းပေးဖို့ပြော တယ်။ မပေးရင်တော့ အိမ်တွေကို မီးရှို့ခံရမှာဆိုပြီး သေနတ် ပြပြီး ခြိမ်းခြောက်ပြောသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပြောဆိုခြိမ်းခြောက်မှုကြောင့် ဒေသခံများ အနေဖြင့် ကြောက်လှန့်နေရသော်လည်း PDF သတင်းကို အမှန်တကယ် မသိရှိသည့်အတွက် စစ်ကောင်စီ၏ ရန်ပြုမှုကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်မှ စတင်ကာ ရက်အကန့်အသတ် မရှိ နွားဘန်းကြီး ကျေးရွာမှ ဒေသခံများ လယ်ယာ သွားလာခြင်း မပြုကြရန် စစ်ကောင်စီမှ ပြောဆို တားမြစ်ခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာသားတွေ ရှိတဲ့ အရင်းနှီး နဲ့ ကြိုးစားစိုက်ထားတဲ့ သီးနှံတွေ သွားကြည့်ဖို့တောင် မရဘူး။ အဲ့ (၅) ရက်နေ့ ကတည်းက ပိတ်ထားတာ ဒီနေ့အထိ သွားလာခွင့်ကို ပိတ်ထားတယ်။ လယ်ယာသွားရင်း PDF တွေနဲ့ ဆက်သွယ်မှာကို ကြောက်လို့ တားထားတာ ထင်တယ်” ဟု ရွာငံ ဒေသခံ အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နွားဘန်းကြီး ကျေးရွာအနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်ဖွဲ့မှ စခန်းချ နေထိုင်လျက်ရှိပြီး စုစုပေါင်း အင်အား ၂၀၀ နီးပါး ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ရွာငံမြို့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရွာငံမြို့နယ်အတွင်း စစ်တပ်မှ နေရာယူ တပ်စွဲထားသည့်အပြင် စစ်ဆေးမှု တင်းကြပ်ခြင်း၊ ဒေသခံများကို ခြိမ်းခြောက်ဖိအားပေးခြင်းတို့ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ ကျောက်ပချုပ်ရွာအနီး၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဖြစ်စဥ် ဖြစ်ပွား ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...