Tuesday, May 21, 2024

CATEGORY

လူ့အခွင့်အရေး

နမ္မတူမြို့နယ် မှ ရွာသား (၃)ဦးကို TNLA မှ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပင်လုံကျေးရွာ အုပ်စုအတွင်း နားခိုလျံ ရွာသား ( ၃) ဦးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၂၃ )ရက် ည (၉ )နာရီ အချိန်တွင်...

သီပေါ စစ်ရှောင် ၃၀၀ ကျော် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ၃၀၀ ကျော်သည် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ သီပေါမြို့နယ်အတွင်းရှိ ဆွန်လုံကျးရွာအုပ်စုမှ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာ နှင့် ဟတ်လျန်ကျေးရွာတို့မှ အိမ်ထောင်စု ၁၀၀ ၊ လူဦးရေ (၃၀၀) ကျော်တို့သည် ဒေသတွင်း စစ်ရေးတင်းမာမှုကြောင့်...

တောင်ကြီးမြို့ရပ်ကွက်တချို့ စစ်ကောင်စီ မှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

တောင်ကြီးမြို့ပေါ် ရှိရပ်ကွက် တစ်ချို့ကို စစ်ကောင်စီ အုပ်စုက လူနေအိမ်များထဲ မီးထိုးရှာဖွေမှုများ ၊ဝင်ရောက်ဖမ်းဆီးမှုများ ၊ လမ်းစုံများတွင် ယာဉ်များတားကာ ပစ္စည်းရှာဖွေမှုများ ရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံများထံမှသည် ။ " မနေ့ညက ဝါးပြားမြောက်ရွာမှာ အိမ်စီးကား၆ စီးနဲ့ မဟာစည် လမ်းဖက်ကလာပြီး အိမ်တွေထဲထိ ဆလိုက်မီးတွေထိုးပြီးရှာနေကြတာ...

မြန်မာ-တရုတ်နယ်စပ် မြန်မာပိုင်နက်ထဲ တရုတ်နယ်ကျော်ခြံစည်းရိုးခတ်

ကချင်ပြည် မံစီမြို့နယ် မန့်ဝိန်းကြီး အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်မျဉ်း နယ်ခြားမှတ်တိုင် ၅၃/၁ ၅၃/၂ မြန်မာပိုင်နက် နယ်မြေ ကို တရုတ်မှ ကျူးကျော် ခြံစည်းရိုးလာခတ်သဖြင့် ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်နေကြောင်းစုံစမ်းသိရသည်။ အဆိုပါ နေရာကို တရုတ်နိုင်ငံဘက်မှ ၂၀၂၀ ခုနစ် အတွင်း (၁၂)ပေ အမြင့်ခြံစည်းရိုးခတ်ခဲ့ပြီး...

ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် မူဆယ်မြို့ က အမျိုးသမီးအလောင်း ယနေ့ထိရှာမတွေ့သေး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇွန် (၁၉) ရက်တွင် ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် အမျိုးသမီးအလောင်းကို ယနေ့ထိ မတွေ့ရသေးကြောင်းသိရသည်။ ပိုက်ဆံနှစ်သိန်း လက်ဝယ်ထားရှိတဲ့ အမည်နေရပ်လိပ်စာမသိရတဲ့ အမျိုးသမီးတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ် သူများ သည် အမျိုးသား သုံးဦးဖြစ်ကြပြီး တရားခံတစ်ဦးကိုတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းများက...

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP/SSA ၊ TNLA နှင့် RCSS/SSA ယမန့်နေ့ (ဇွန် ၂၂) ညနေ ( ၆) နာရီဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသည် (၁) နာရီကျော်ကြာပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ...

မန္တလေးမြို့ တွင် ကျဆုံးခဲ့သည့် သျှမ်းမြောက်ပိုင်းသား (၄) ဦးကျဆုံး၊ PDF အဖွဲ့ဝင်ဟု စစ်ကောင်စီလိမ်ညာ သတင်းထုတ်

မန္တလေးမြို့တွင် ယမန်နေ့(ဇွန် ၂၂)ရက် တွင် စစ်ကောင်စီ ၏ လက်ချက်ကြောင့် သျှမ်းပြည် မြောက်ပိုင်းသား (၄) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန် ၂၂)ရက် မန္တလေးမြို့ (၅၆) လမ်းနှင့် (၁၁၀)လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက်ပြီးတော့ သေဆုံးသွားတဲ့ အကြမ်းဖက်သမား (၄) ဦးဖြစ်တယ်ဟု...

ချယ်ရီမြေမှာ တိုးတိတ်သွားသော ကျောင်းတက်ခေါင်းလောင်းသံများ

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာ/မ အများစု အလုပ်ထုတ်ခံရပြီး တစ်ချို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရပါတယ်။ တစ်ချို့သော ကျောင်းဆရာ/မ များကတော့ အာဏာသိမ်းမှုအစပိုင်းမှာ CDM လှုပ်ရှားမှုပါဝင်ခဲ့ပေမဲ့ မိသားစုအလိုက် စစ်ကောင်စီလက်က အချိန်အတော်ကြာ ထွက်ပြေးတိမ်းရှောင်နိုင်ဖို့ အခက်အခဲများရှိလာသည့်အပြင် မျိုးစုံသောခြိမ်းခြောက်မှုများနဲ့လည်း ကြုံတွေ့ရတယ်လို့ ကြားသိရပါတယ်။ ထို့ပြင် ကလေးများ...

ကျိုင်းတုံထွေအုပ် ကားဖြင့်လိုက်တိုက်ဖမ်းဆီး သမီးလည်းဆုံး၊ ဖခင်လည်း အမှုဖွင့်ခံရ

သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ဇွန် (၁၉ )ရက် ည (၉)နာရီဝန်းကျင်တွင် နေမကောင်းသည့် သမီးလေးကို ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်စဉ် စစ်ကောင်စီ မှ ကားဖြင့် လိုက်လံ တိုက်ပြီး ဖမ်းဆီးမှုကြောင့် (၁)နှစ် ကျော် ကလေး သေဆုံးကာ ၊ ၎င်း၏...

တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး

သျှမ်းပြည်တောင်ကြီးမြို့ ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် စစ်ကောင်စီ အုပ်စုသည် အကိုဖြစ်သူကို မတွေ့သဖြင့် အသက် (၁၅)နှစ် မပြည့်သေးသည့် (၉ )တန်းကျောင်းသား တစ်ဦးကို ရာဘာကျည်ဖြင့် ပစ်ပြီး၊ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင်...

Latest news