သိန္နီမြို့နယ် စစ်ကောင်စီ အင်အားထပ်ဖြည့်နေ၊ စစ်ရှောင်များက နေရပ်မပြန်နိုင်သေး
သျှမ်းပြည် သိန္နီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားထပ်မံ ဖြည့်တင်း နေပြီး စစ်ရှောင်များ နေရပ်မပြနိုင်ကြသေးကြောင်း စုံစမ်းသိရသည်။ ယနေ့( စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု၊ ဆာမိုင်ရွာ (ဝၢၼ်ႈသႃႇမႂ်ႇ) အတွင်းသို့ စစ်ကောင်စီ...
ညောင်ရွှေမြို့နယ် အင်းလေးဒေသ စစ်ဆေးရေးဂိတ်တွင် ဗျုတပ်ဖွဲ့ဝင်များစောင့်ပြီး ဆက်ကြေးကောက်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ဆေးရေးဂိတ်အချို့တွင် ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ဆက်ကြေး ကောက်ခံမှုပြုလုပ်နေသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း အင်းလေးဒေသ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်းဘုရားမှ စစ်ဆေးရေးဂိတ်တွင် ဗျုစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ ထောင်မှ ၁ သောင်းခွဲ...
BRI ပိုးလမ်းမ စီမံကိန်း တိုးမြှင့်လုပ်နေသည့်အပေါ် ရပ်တန့်ရန် KWAT တောင်းဆို
SHAN -
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ BRI-ပိုးလမ်းမ စီမံကိန်းတိုးမြှင့်လုပ်ဆောင်မည့် အစီအစဉ်များကို ရပ်တန့်ရန် ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) က တောင်းဆိုလိုက်သည်။ စစ်ကောင်စီသည် BRI -ပိုးလမ်းမစီမံကိန်းတိုးချဲ့ပြုလုပ်နေသည့်အပေါ်ရပ်တန့်ပေးရန် နှင့် ကချင်ပြည် နှင့် သျှမ်းပြည် မြောက်ပိုင်း အတွင်း စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုပြင်းထန်လာပြီး KWAT က...
မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲလှယ်သည့် အမျိုးသမီး သေနတ်ပစ်ခံရပြီး ဓားပြတိုက်ခံရ
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့လယ်ခေါင် နာရီစင်အနားတွင် တရုတ်ငွေ လဲလှယ်သည့် အမျိုးသမီး တစ်ဦး ဓားပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့လယ်ခေါင် နာရီစင်အနား၌ မြန်မာ - တရုတ်...
သိန္နီမြို့နယ် ကိုယ်ဝန်သည်တစ်ဦး လက်နက်ကြီး ထိမှန်
သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၉) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ သိန္နီမြို့နယ် ကွန်ကောက် ကျေးရွာအုပ်စု (ဢိူင်ႇၵုၼ်ၵွၵ်ႇ)၊...
အင်းလေးတပ်ထွက် စစ်မှုထမ်းဟောင်းကို စစ်ကောင်စီက ဖမ်းဆီး
သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်တပ်ထွက် စစ်မှုထမ်းဟောင်း အမျိုးသား တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ၊ ကျွန်းကြီးမြောက်ရွာနေ ကိုထက်အောင် ဆိုသည့် တပ်ထွက် စစ်မှုထမ်းဟောင်းအမျိုးသားကို အောက်တိုဘာ (၈)ရက်တွင် မေးမြန်းစရာရှိသည် ဟုဆိုကာ ညောင်ရွှေရဲခန်းမှ ဖုန်းဆက်ခေါ်သည့်...
သိန္နီမြို့နယ် ကားလမ်းပိတ်ပြီး KIA တပ်မှ ဆက်ကြေး ထပ်မံကောက်ခံနေ
သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၈)ရက် တွင် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA )တပ်မှ ကားလမ်းပိတ်ပြီး ဆက်ကြေး ထပ်မံ ကောက်ခံနေကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် KIA...
သိန္နီမြို့နယ် စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်
သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၇) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်...
သီပေါမြို့နယ် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
သျှမ်းပြည် သီပေါမြို့နယ် မိုင်းခေးကျေးရွာအုပ်စုအတွင်း အသက် ၁၁ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြုခဲ့ကြောင်း သတင်းသိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းတွင် အသက် (၃၅) နှစ်ရှိ စိုင်းပီးဆိုသူသည် ဆိုင်ကယ် တစ်စီးရောင်းရန်အတွက် အသက် ၁၁ နှစ်အရွယ် နန်းအိန်း...
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ပင်းတယမြို့နယ် အမျိုးသမီး ကိုယ်ဝန်ပျက်ကျ
သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် နေထိုင်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ်၊ ဆင်ခေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ အလုံးအရင်း...





