သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က သတင်းဖုံးဖိ တင်းကျပ်ထား

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က သတင်းဖုံးဖိထားရန် ကြိုးပမ်းလာပြီး စစ်ဘေးရှောင်များ၏ ဖုန်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု စုံစမ်းသိရသည်။

သိန္နီစစ်ရှောင်

ယနေ့ (အောက်တိုဘာ ၃၀ ရက်)နေ့က သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်သားများ ရောက်လာပြီး စစ်ဘေးရှောင်များ၏ မိုဘိုင်းဖုန်းထဲရှိ ဓာတ်ပုံများကို စစ်ဆေးမည်ဟု ပြောဆိုကြောင်း သိန္နီမြို့ရှိ စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

“ခဏတုန်းက စစ်ကောင်စီတပ်က စစ်သားတွေ ရောက်လာပြီးတော့ ဖုန်းစစ်မယ်လို့ လာပြောတာ။ စစ်ရှောင်နေတဲ့ ပုံတွေကိုလည်း သူတို့ပေးမရိုက်ဘူး။ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် ပေးမတင်ဘူး။ လိုင်းမတက်ကြဖို့၊ ဖုန်းမသုံးကြဖို့လဲ လာပြောတယ်”ဟု သိန္နီမြို့ စစ်ဘေးရှောင်စခန်းတခုမှ စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီစစ်ရှောင်များ

သိန္နီမြို့နယ်တွင် ယနေ့ (အောက်တိုဘာလ ၃၀ ရက်)အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်တံတားလည်း ဖောက်ခွဲဖျက်စီးခံရခြင်းကြောင့် ယခုအချိန်ထိ သိန္နီမြို့တွင်းသို့ အဝင်အထွက် ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှ စတင်ပြီး လက်ရှိအချိန်အထိ သိန္နီမြို့နယ်တွင် အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရကာ စစ်ကောင်စီလက်အောက်ခံ မိုင်တဲလ် ကွန်ယက်လည်း မကြာခဏ ပြတ်တောက်နေသည်ဟု သိရသည်။

အောက်တိုဘာ ၂၇ ရက် မှ စတင်ဖြစ်ပွားသော ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် သိန္နီမြို့နယ်အတွင်း ပြည်သူထောင်နှင့်ချီ ပိတ်မိနေပြီး စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် တိုးလာကာ ၎င်းတို့မှာ စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်း သိန္နီမြို့ စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...