Wednesday, January 28, 2026

မူဆယ်ခရိုင် နမ့်ခမ်းနှင့် ပန်ဆိုင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့နယ်ရှိ နေအိမ်ပေါ်လက်နက်ကြီးကျ

ယနေ့ (အောက်တိုဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီအချိန်မှစပြီး နမ့်ခမ်းမြို့နယ် မန်ခမ်းရွာနှင့် စယ်ဟိုင်းရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အကြားတိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီ စခန်း ၁ ကုန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ စယ်ဟိုင်းရွာမှာ ရှိတဲ့ TNLA နဲ့ မန်ခမ်းရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေကြတာ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ နေအိမ်ပေါ် လက်နက်ကြီးကျလို့ ရေချိုးခန်းထဲ ဝင်ပုန်းတဲ့သူ ပုန်းနဲ့ တချို့လည်း နှစ်ထပ်တိုက်အိမ်မှာစုပြီး နေကြတယ် “ ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးနိုင်ခြင်းမရှိဘဲ တိုက်ပွဲကြား ပိတ်မိနေကြောင်း ၎င်းဆက်ပြောသည်။

အလားတူ ပန်ဆိုင်း (ကြူကုတ်) ရပ်ကွက် ၄ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေလျက်ရှိပြီး မူဆယ် ၁၀၅ မိုင်မှ စစ်တပ်စခန်း ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးသည် တရုတ်ပြည် ဝမ်တိန်မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပန်ဆိုင်းမြို့ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ အခု ရပ်ကွက် ၄ အနီးမှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးနဲ့ ပစ်နေကြတာ၊ မြေတွေတောင်တုန်တယ်။ နေအိမ်ကိုလည်း လက်နက်ကြီးကျည်လာမှန်တယ်။ ၁၀၅ မိုင်ဘက်နေ ပစ်လာတဲ့ လက်နက်ကြီးတစ်လုံးလည်း ဝမ်တိန်မြို့ထဲကို ကျသွားပြီ “ ဟု ၎င်းဒေသခံက ပြောသည်။

တရုတ်ပြည် ဝမ်တိန်မြို့ပေါ် လက်နက်ကြီးကျ

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို ဆက်လက်စုံစမ်း မေးမြန်းနေဆဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...