မူဆယ်ခရိုင် နမ့်ခမ်းနှင့် ပန်ဆိုင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့နယ်ရှိ နေအိမ်ပေါ်လက်နက်ကြီးကျ

ယနေ့ (အောက်တိုဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီအချိန်မှစပြီး နမ့်ခမ်းမြို့နယ် မန်ခမ်းရွာနှင့် စယ်ဟိုင်းရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အကြားတိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီ စခန်း ၁ ကုန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ စယ်ဟိုင်းရွာမှာ ရှိတဲ့ TNLA နဲ့ မန်ခမ်းရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေကြတာ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ နေအိမ်ပေါ် လက်နက်ကြီးကျလို့ ရေချိုးခန်းထဲ ဝင်ပုန်းတဲ့သူ ပုန်းနဲ့ တချို့လည်း နှစ်ထပ်တိုက်အိမ်မှာစုပြီး နေကြတယ် “ ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးနိုင်ခြင်းမရှိဘဲ တိုက်ပွဲကြား ပိတ်မိနေကြောင်း ၎င်းဆက်ပြောသည်။

အလားတူ ပန်ဆိုင်း (ကြူကုတ်) ရပ်ကွက် ၄ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေလျက်ရှိပြီး မူဆယ် ၁၀၅ မိုင်မှ စစ်တပ်စခန်း ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးသည် တရုတ်ပြည် ဝမ်တိန်မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပန်ဆိုင်းမြို့ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ အခု ရပ်ကွက် ၄ အနီးမှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးနဲ့ ပစ်နေကြတာ၊ မြေတွေတောင်တုန်တယ်။ နေအိမ်ကိုလည်း လက်နက်ကြီးကျည်လာမှန်တယ်။ ၁၀၅ မိုင်ဘက်နေ ပစ်လာတဲ့ လက်နက်ကြီးတစ်လုံးလည်း ဝမ်တိန်မြို့ထဲကို ကျသွားပြီ “ ဟု ၎င်းဒေသခံက ပြောသည်။

တရုတ်ပြည် ဝမ်တိန်မြို့ပေါ် လက်နက်ကြီးကျ

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို ဆက်လက်စုံစမ်း မေးမြန်းနေဆဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...