Thursday, May 16, 2024

CATEGORY

လူ့အခွင့်အရေး

လက်နက်နဲ့ စစ်အာဏာရှင် ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ မီးအိမ်ရှင်

“ ကျနော်တို့ဟာ ဆန္ဒပြရုံနဲ့မထိရောက်တော့ဘူး။ တိုက်ယူမှ ရတော့မယ်ဆိုတဲ့စိတ်ကြောင့် လွှတ်မြောက်နယ်မြေ မှာ စစ်သင်တန်းတက်ခဲ့ပါတယ်” လို့ CDM ကျောင်းဆရာ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ဖြုတ်ချဖို့ အတွက် ဆန္ဒပြရုံနဲ့ မထိရောက်နိုင်တော့စိတ်ဝင်လာကာ လွှတ်မြောက်နယ်မြေကို သွားပြီး စစ်သင်တန်း သွားတက်ခဲ့ပါတယ်။ ထိုသူဟာ အဖြူအစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ပြီး ကလေးငယ်တွေကို စာသင်ကြားရတာကို...

မိုင်းငေါ့ ကိုဗစ်လူနာ ထပ်တွေ့၊ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာသစ် အမျိုးသား(၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ မိုင်းငေါ့ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်မှုရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါလူနာသည် ယခုလအတွင်း ဗန်းမော်မြို့မှ မိုင်းငေါ့မြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အနံ့ပျောက်နေကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။ မိုင်းငေါ့မြို့တွင်...

လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အသက် ၂၀ ဝန်းကျင် ရှိ လူငယ် (၄)ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် စစ်ကားနှင့် ရဲကား ၆ စီး၊ အင်အား ၃၀...

မိုင်းကိုင်စစ်ရှောင်များစပါးပျိုးရန် နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ လယ်စပါး ပျိုးထောင် ကောက်စိုက်သော ရာသီဖြစ်သောကြောင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းခွန်မြို့နယ်ရှိ ဒေသခံပြည်သူများသည် ဝမ်ဟွေ့လုံကျေးရွာ အုပ်စုတွင်း သို့ စစ်ဘေးရှောင် (၂၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဇူလိုင်...

သီပေါမြို့နယ် သျှမ်းတပ် (၂)တပ် တိုက်ပွဲ ထပ်မံဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယနေ့ (ဇူလိုင် ၂၂ )ရက် မနက် (၇ )နာရီဝန်ကျင်းတွင် RCSS/SSA နှင့် SSPP/SSAတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် နောင်အန်ကျေးရွာ အနီးတဝှက်တွင် သျှမ်းတပ် (၂)တပ် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ “ တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ နောင်အန်ဖက်က...

ကျောက်မဲမြို့နယ် ပန်းတောင်းရွာသား (၁)ဦး မိုင်းနင်းမိ

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ပန်တောင်းရွာနေ အသက် (၅၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယခုရက်ပိုင်းအတွင်း ခြံထဲသို့ သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါမြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားသည် ဒဏ်ရာရသည့်ရက်တွင် ကျောက်မဲသို့ ချက်ချင်းမလာနိုင်ဘဲ ရက်တပတ်ကြာမှ မိုင်းငေါ့မြို့သို့ ရောက်လာကြောင်းသိရသည်။ “အဲ့ရွာဘက်က တိုက်ပွဲတွေ မကြာခဏဖြစ်နေတာမို့လို့ ဒဏ်ရာရထားပေမယ့်...

မိုင်းငေါ့ စစ်ရှောင် (၈၀)ခန့် စားနပ်ရိက္ခာလိုအပ်နေ

ကျောက်မဲမြို့ နယ် မိုင်းငေါ့မြို့ သို့ ရောက်ရှိနေသည့် စစ်ရှောင် (၈၀)ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်(၈၀)သည့် စစ်ရှောင်ကော်မတီ အဖွဲ့ဝင်မှ ကောက်ယူထားသည့် စားရင်းထဲတွင်မပါဝင်သည့် သူများဖြစ်ကြောင်းသိရသည်။ ဇူလိုင်လ အစောပိုင်းက ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင်း တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး...

သံလွင်သွေးချင်းသတင်းဌာန မှ အမျိုးသမီးသတင်းထောက် ၃ ဦးဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက်ထားသည့် သံလွင်သွေးချင်း သတင်းဌာန မှ အယ်ဒီတာချုပ် နှင့် သတင်းထောက် ၂ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ သံလွင်သွေးချင်အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် သတင်းထောက် နန်းခင်ဘုန်းသွယ်၊ မဆုမြတ်နိုးတို့ကို ယမန့်နေ့ ဇူလိုင် ၂၀ ည ၇ နာရီတွင်...

ကွတ်ခိုင်မြို့ လွယ်မုန်ဆာစစ်ရှောင် ထောက်ပံ့မှုများကို စစ်ကောင်စီ ဖြတ်တောက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။ လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့် အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ် -၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများ သည် အလုပ်အကိုင်ပါ...

စစ်ကောင်စီ မှ မိသားစုဝင်(၃)ဦး ဖမ်းဆီး၊ ကျပ်သိန်း(၁၅၀)ပေးပြီးသော်လည်း ပြန်မလွှတ်သေး

သျှမ်ပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်သည့် မိသားစုဝင် (၃)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားခဲ့ပြီး၊ ပြန်လည်လွှတ်ပေးရန် ကျပ်သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်းပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် မေ ၃၁ရက် ညနေ (၃)နာရီ တွင် တောင်ကြီးမြို့ ဆေးခန်းသွားပြရန်သွားသည့် ဦးမျိုးဝင်း မောင်းနှင်လာပြီး ဒေါ်ဝင်းမာ နှင့်...

Latest news