Tuesday, April 16, 2024

CATEGORY

လူ့အခွင့်အရေး

ကျေးသီးမြို့ ကိုဗစ် -၁၉ လူနာ(၂)ဦး စတွေ့ စစ်ရှောင်များအတွက် စိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့တွင် ယမန့် ( ဇူလိုင် ၈) ရက် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ ရှိလာသဖြင့် စစ်ရှောင်များအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထို ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျေးသီးမြို့ စစ်ကောင်စီ ၏...

RCSS နှင့် SSPP တိုက်ပွဲကြား အမျိုးသမီး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စု ဝမ်းအစ်‌ကျေးရွာ RCSSနှင့် SSPP တိုက်ပွဲကြား အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် နေ့လည်ပိုင်းတွင် လယ်ယာသွားရောက်အလုပ်လုပ်နေသည့် အသက် (၅၀) အရွယ်ရှိ နန်းနွမ်းသည် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် သူမ၏ တင်ပါး...

မိုင်းကိုင် စစ်ရှောင်(၃၇၅)ဦးအတွက် စားနပ်ရိက္ခာ လိုအပ်

သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အတွင်း စစ်ရှောင် (၃၇၅) ဦးရောက်ရှိလာပြီး စားနပ်ရိက္ခာနှင့်အသုံးအဆောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ မိုင်းကိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ “သူတို့ရောက်လာတာ (၃) ရက်လောက်ရှိပြီ။ အစားအသောက်...

သျှမ်းမြောက် စစ်ရေးပဋိပက္ခ ကို တွေ့ဆုံဆွေးနွေး နည်းလမ်းရှာရန် RCSS/SSA ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့ ဖြစ်ပွားသောတိုက်ပွဲသည် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း RCSS/SSA ကပြောဆိုလိုက်သည်။ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သော SSPP/SSA နှင့် TNLA တို့သည် သျှမ်းပြည်မြောက်ပိုင်း နမတူမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်တို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့်...

သီပေါမြို့နယ် စစ်ရှောင်များ နေရပ် မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် ပြည်သူများ ၂ လကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် သီပေါမြို့နယ်တွင် စစ်ဘေးရှောင်း ၃၀၀ ကျော်ရှိနေပြီး ၎င်းတို့မှ ခိုင်မွန်ကျေးရွာဒေသခံ နှင့် ချောင်ဆုံးဒေသခံများဖြစ်ပြီး၊ ထိုဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ နေထိုင်သဖြင့် နေရပ်ပြန်ရန် ကြောက်နေသေးကြောင်း စစ်ရှောင်များက...

သျှမ်းမြောက် မြို့နယ်တစ်ချို့ ဆရာဝန်မလုံလောက် ကိုဗစ်လူနာများ ခက်ခဲကြုံ

သျှမ်းမြောက် ကျောက်မဲခရိုင် သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ကူးစက်လူနာများအား ကုသရန် ဆရာဝန် မလုံလောက်သည့်အတွက် လူနာများ အခက်ခဲကြုံနေရကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၈)ရက် သီပေါပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေသည့် ကိုဗစ်-၁၉ လူနာ (၁၁၀)ခန့်ရှိပြီး၊ နမ့်လန်ပြည်သူ့ဆေးရုံတွင် (၃၀)ခန့်ရှိကာ ဆေးရုံတွင် ဆေးကုပေးမည့် ဆရာဝန် လုံလောက်မှုမရှိသဖြင့်...

ကျောက်မဲမြို့နယ် အမျိုးသမီး(၂)ဦး မိုင်းနင်းမိ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ လွယ်အန်တင်း ကျေးရွာ အုပ်စု ကောင်းခါးကျေးရွာအနီး တောင်ယာလုပ်နေသည့် အမျိုးသမီး နှစ်ဦး မိုင်းနင်းမိကာ တစ်ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၇) ရက်နေ့ နေ့လည် ၁၂ ဝန်းကျင်တွင်...

RCSS နှင့် SSPP တိုက်ပွဲကြောင့် အရပ်သား (၁)ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်ကောင်ကျေးရွာအုပ်စု နားထွန်ကျေးရွာ အနီး RCSS/SSAနှင့် SSPP/SSA တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်ယာလုပ်ကိုင်သည့် အရပ်သား (၁)ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မနက် ၈ နာရီအချိန်တွင် အသက် (၃၀)အရွယ်ရှိ စိုင်းစံအောင် လယ်ယာသွားကြည့်ချိန်တွင် RCSS/SSAနှင့်...

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ လက်ဖက်ခြံသွားလမ်းပေါ် ဆူးထောင်ချောက်များရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ လက်ဖက်ခြံနှင့် လမ်းမကြီးလမ်းဘေးတွင် ဝါးဖြင့်ပြုလုပ်ထားသည့် ဆူးထောင်ချောက်များတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်တွင် RCSS နှင့် TNLA ၊ SSPP တို့ ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေရာဖြစ်ပြီး၊ လက်ရှိ ဝါးဖြင့် ပြုလုပ်ထားသည့် ဆူးထောင်ချောက်တွေ့ရှိသည့်နေရာသည် RCSS တပ်စခန်းအနီးဖြစ်ကြောင်း...

တောင်ကြီးမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား

တောင်ကြီးမြို့ တွင် ယမန်နေ့ (ဇူလိုင် ၅)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီ အုပ်စုမှ လူငယ် (၂)ဦးကို စစ်ဆေးမှုပြုလုပ်ကာ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ည (၈)နာရီကျော်တွင် တွင် တောင်ကြီးမြို့ ကံသာရပ် နိဗ္ဗာန်လမ်းဆုံအနီးတွင် စစ်ကောင်စီ မှ ဆိုင်ကယ်စီးလာသည့်...

Latest news