ကရင်နီ (ကဟား) ပြည် လွိုင်ကော်မြို့ အတွင်းမှ သက်ကြီးရွယ်အိုများကို ဦးစွာပေး ကယ်ထုတ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ တကြောတွင် “ ၁၁.၁၁ စစ်ဆင်ရေး” ကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စ၍ စစ်ဘေးရှောင် နေရပြီး တောင်ကြီး၊အောင်ပန်း ၊ညောင်ရွှေ၊ ၊ပင်လောင်းတို့တွင် ပြောင်းရွှေ့ကာ စစ်ဘေး ရှောင်နေရပြီး၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကား၊ဆိုင်ကယ် မရှိသူများကိုလည်း ကားကြီးများဖြင့် ဘေးကင်းရာ လမ်းကြောင်းမှ ပြောင်းရွေ့ပေးနေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ငြိမ်နေတဲ့ အခြေအနေတွေကို ကြည့်ပြီးထွက်ရတာပေါ့။ အဓိကကတော့ ကားခတွေကတော့ အကောက်ပါဘူး။ ကျနော်တို့ သူငယ်ချင်းတွေ စုပြီးတော့လုပ်ပေးတာပေါ့။ ကျနော်တို့က ကလေးတို့၊သက်ကြီးရွယ်အိုတို့ တွေဆို လူငယ်တွေ လို မပြေးနိုင်ဘူးလေ။ သူတို့တွေကို ကျတော့ ကျနော်တို့မှ မရွေ့ပေးရင် ဒီတိုင်းထိုင်ပြီး သေခံရမှာ။ အဲ့ကြောင့် သူတို့ကို ဦးစားပေးပြီး။ ရွေ့ပေးတာ အဖိုးအဖွားတွေ ကလေးတွေကို သနားလို့ ” ဟု ၎င်းက ပြောသည်။

သျှမ်း-ကရင်နီ တကြောမှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေ တကြောမှ ပြည်သူများက ထမင်းထုပ်များ၊နားခိုသည့် နေရာများ၊ ဘုန်းကြီးများ တွင် ခိုလှုံရန် စီစဉ် ပေးနေ ကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောသည်။

သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးသူ လူဦးရေ ၅၀ ကျော်ရှိနေကြောင်း သိရသည်။လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ထွင်ခွာသွားသူ ၈၀ ရာခိုင်နှုန်းရှိနေပြီး၊ကလေးငယ်များ သက်ကြီးရွယ်မိုများ အပါအဝင် စစ်ရှောင်ရန်ငွေကြေးခက်ခဲရှိသူများ နှင့်တိုက်ပွဲတွင်ပိတ်မိနေ သူများကို KHAI နှင့် နွေဦးဂုရုလေးများ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများက ကူညီ ကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။












Leave a Comments